ကိုယ်ဝန်ရပြီး နောက်တစ်လအတွင်း

by: Khin Nyein Lwin
 0 comments  0 love

ကိုယ်ဝန်ရှိတာသိသိချင်း ဆရာဝန်ဆီ အရင်ဆုံး သွားပြတာက သန္ဓေသားကိုကော ကိုယ်ဝန်ဆောင်အမေကိုပါ ကျန်းမာရေးစောင့်ရှောက်မှု အမြန်ရစေပါတယ်။

ဓမ္မတာမလာလို့ ဆီးစစ်တံလေးမှာ မျဉ်း(၂)ကြောင်းပေါ်နေပြီဆိုရင် ဒါမှမဟုတ် တစ်ကြောင်းကထင်ရှားပြီး တစ်ကြောင်းက မှိန်မှိန်လေးဖြစ်နေရင်လည်း ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာပါ။ ဒါဆို ကိုယ်ဝန်သက်တမ်း(၁)လထဲမှာ ရောက်နေပါပြီ။

မေမေလောင်းတို့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်လေးပါ (Photo by Pinterest)

မေမေလောင်းတို့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်လေးပါ။ ပျော်တာတွေရော၊ စိတ်လှုပ်ရှားတာရော၊ စိုးရိမ်တာတွေကော ရောထွေးနေတဲ့အချိန်ပေါ့။ ကိုယ်ဝန်ရှိနေပြီဆိုတာ သိသိချင်း ဆရာဝန်ဆီအရင်သွားပါ။ ဆရာဝန်က ဆောင်ရန်၊ ရှောင်ရန်နဲ့ ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာ ညွှန်ကြားပေးပါလိမ့်မယ်။ နောက်ပြီး သောက်ရမယ့်ဆေးဝါးတွေကို ဆရာဝန်က ပေးပါလိမ့်မယ်။

တချို့မေမေလောင်းတွေက ကိုယ်ဝန်ပထမတစ်လမှာ ကိုယ်ဝန်ရှိနေမှန်း မသိကြပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ တစ်ခုခုပြောင်းလဲနေတယ်လို့တော့ ခံစားမိကြပါတယ်။ ရှိနေပြီလား၊ မရှိဘူးလား သံသယတွေနဲ့ပေါ့။ ဒါကြောင့် ကိုယ်ဝန်ပထမတစ်လမှာ မေမေလောင်းတို့ကြုံရမယ့် ခန္ဓာကိုယ်ပြောင်းလဲတဲ့ လက္ခဏာတွေက‌တော့

  • ရင်သားယားယံတာ၊ နာကျင်တာ
  • ပင်ပန်းနွမ်းနယ်တာ
  • ဆီးခဏခဏသွားတာ
  • ပျို့အန်တာ ဒါမှမဟုတ် အော့အန်တာတွေ ခံစားရနိုင်ပါတယ်။

တချို့မေမေလောင်းတွေက ကိုယ်ဝန်ပထမတစ်လမှာ ကိုယ်ဝန်ရှိနေမှန်း မသိကြပါဘူး (Photo by Kido Blog)

ကိုယ်ဝန်ပထမတစ်လမှာ

(၁) ဆရာဝန်

ကိုယ်ဝန်ရှိတာသိသိချင်း ဆရာဝန်ဆီ သွားပြပါ။ ကိုယ်ဝန်ရှိတာသိသိချင်း သွားပြတာက သန္ဓေသားကိုကော ကိုယ်ဝန်ဆောင်အမေကိုပါ ကျန်းမာရေးစောင့်ရှောက်မှု အမြန်ရစေပါတယ်။

(၂) ဖောလစ်အက်ဆစ်

ဖောလစ်အက်ဆစ်သောက်ဖို့ မမေ့ပါနဲ့။ နောက်ပြီး ဆရာဝန်ပေးတဲ့ ဗီတာမင်ဆေးဝါးတွေကိုလည်း သောက်ဖို့မမေ့ပါနဲ့။

(၃) အစားအသောက်

အသားငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ မျှမျှတတစားပါ။ ဒီအချိန်မှာ အော့အန်နေလို့ ဘာမှစားချင်စိတ် မရှိတာမျိုးဖြစ်နိုင်ပါတယ်။ မစားဘဲ မနေပါနဲ့။ နည်းနည်းချင်းစီကို  ခဏခဏစားပါ။ ရေများများသောက်ဖို့ မမေ့ပါနဲ့။

(၄) လေ့လာရမယ့်အချိန်

ကိုယ်ဝန်ဆောင်၊ ကလေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ လေ့လာဖို့ စတင်ရမယ့်အချိန်ပါ။

ကိုယ်ဝန်ရှိတာသိသိချင်း ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles