ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဒီအဝတ်အစားတွေကို မဝတ်ပါနဲ့

by: Nang Htwe
 0 comments  36 love

သဘာဝမကျတဲ့ အဝတ်အစားတွေက မေမေလောင်းတို့ရဲ့ ခါးနဲ့ ရင်သားကို တင်းကျပ်စေပြီး နေထိုင်ရတာ ခက်ခဲစေတာကို မေမေလောင်းတို့ သတိထားပေးပါ။

ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ မေမေလောင်းတို့ ရင်ဆိုင်ရတဲ့ ပြဿနာတစ်ခုက အဝတ်အစားဝတ်တာပါ။ ကိုယ်ဝန်လရင့်လာလေ အဝတ်အစားဝတ်ရတာ အဆင်မပြေလာလေပါ။ တခါတလေမှာလည်း မေမေလာင်းတို့ တွေးပါလိမ့်မယ်။ ဗိုက်ဖုံးအင်္ကျီတွေက ကလေးမွေးပြီးတဲ့အခါမှာ မလိုအပ်တော့ဘူးလို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါဆို တခြားဘာအဝတ်အစားတွေ ဝတ်ရမလဲ။ ဗိုက်ဖုံအင်္ကျီမဝယ်ချင်ရင်တောင်မှ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ဖုံးအင်္ကျီဖိုး ပိုက်ဆံအပိုမကုန်အောင် တခြားနေ့တိုင်းဝတ်လေးတွေကို  ဝတ်ဆင်လို့ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ မဝတ်သင့်တဲ့ အဝတ်အစားတွေရှိပါတယ် (Photo by The Pregnancy Zone)

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ မဝတ်သင့်တဲ့ အဝတ်အစားတွေရှိပါတယ်။ အဲဒီအဝတ်အစားတွေက မေမေလောင်းတို့ကို နေထိုင်ရတာ အဆင်မပြေတာတွေ ဖြစ်စေနိုင်လို့ပါ။ မေမေလောင်းတို့ မဝတ်သင့်တဲ့ အဝတ်အစားတွေကို Kalay ကနေ ပြောပြပေးသွားမယ်နော်။ သဘာဝမကျတဲ့ အဝတ်အစားတွေက မေမေလောင်းတို့ရဲ့ ခါးတွေနဲ့ ရင်သားတွေကို တင်းကျပ်စေပြီး နေထိုင်ရတာ ခက်ခဲစေပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် အဝတ်အစားဒီဇိုင်းအမျိုးမျိုးကို ရွေးချယ်ဝယ်ယူနိုင်တာမို့ ဒီလို အဆင်မပြေနိုင်တဲ့ အဝတ်အစားတွေကို ရှောင်ရှားလိုက်တာ အကောင်းဆုံးပါ။

တင်းကျပ်တဲ့ ဂျင်းဘောင်းဘီ

တင်းကျပ်တဲ့ ဂျင်းဘောင်းဘီတွေက သာမန်အချိန်မှာတော့ ပြဿနာမရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ သန္ဓေသားကို ဖိအားပေးနိုင်တဲ့အတွက်ကြောင့် ရှောင်ရှားပေးတာ အကောင်းဆုံးပါ။ မေမေလောင်းတို့အနေနဲ့ ဝတ်ချင်တယ်ဆိုရင်တော့ မွေးဖွားပြီးမှ ပြန်လည်ဝတ်ပေးပါနော်။

ဂါဝန်အတိုလေးများ

ဂါဝန်အတိုလေးတွေက ချစ်စရာကောင်းတဲ့ ဖက်ရှင်တစ်ခုဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဒီဂါဝန်အတိုလေးတွေကို ရှောင်ကျဉ်ပေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒီဂါဝန်အတိုလေးတွေက မေမေလောင်းတို့ကို မလုံမခြုံဖြစ်စေနိုင်လို့ပါ။ နေရထိုင်ရတာလည်း သက်တောင့်သက်သာရှိနေမှာ မဟုတ်ပါဘူး။

ရှေ့ကွဲ တီရှပ်အရှည်များ

ကိုယ်ဝန်ဆောင်ချိန်မှာ တီရှပ်ပွပွလေးတွေ ဝတ်လို့ရပါတယ်။  ဗိုက်ဖုံးအင်္ကျီလေးတွေအစား တီရှပ်အင်္ကျီကို အစားထိုးလို့ရပါတယ်။ ဒါပေမယ့် ရှေ့ကွဲတီရှပ်တွေကိုတော့ ရှောင်ကျဉ်ပေးပါနော်။ ရှေ့ကွဲတီရှပ်တွေက မေမေလောင်းတို့ရဲ့ ဗိုက်ကို ပေါ်နေစေတာမို့ ကြည့်ရဆိုးစေပြီး အမြင်တင့်တယ်စေမှာ မဟုတ်ပါဘူး။

ပေါ့‌ပေါ့ပါးပါးဝတ်ပါ (Photo by The Bump)

ရင်ပြတ်

သာမန်အချိန်တွေမှာတော့ ရင်ပြတ်အင်္ကျီဝတ်ရတာ ပြဿနာမရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ မေမေလောင်းတို့နဲ့ မသင့်တော်ပါဘူး။ ရင်သားကို တင်းကျပ်စေတဲ့အပြင် ဗိုက်ကိုလည်း ဖော်ထားရမှာဖြစ်တာမို့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားလိုက်တာ အကောင်းဆုံးပါ။

ပွချောင်လွန်းတဲ့ အဝတ်အစားများ

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ အင်္ကျီချောင်ချောင်ပွပွတွေ ဝတ်ဆင်တာအကောင်းဆုံးဖြစ်ပေမယ့်လည်း ပွလွန်းတဲ့ အဝတ်အစားတွေက မေမေလောင်းတို့ကို ရုပ်ဆိုးစေပါတယ်။ နေထိုင်ရတာလည်းအဆင်ပြေမှာ မဟုတ်ပါဘူး။

တင်းကျပ်လွန်းတဲ့ အောက်ခံများ

တင်းကျပ်လွန်းတဲ့ အောက်ခံတွေက မေမေလောင်းတို့ နေထိုင်ရတာ အဆင်မပြေ ဖြစ်စေပါတယ်။ တင်းကျပ်လွန်းတဲ့ ဘရာဇီယာတွေနဲ့ အတွင်းခံတွေကို ရှောင်ရှားပြီး ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ အမျိုးအစားတွေကို ရွေးချယ်အသုံးပြုပေးပါ။

တီရှပ်အတိုနဲ့ ဘောင်းဘီအတိုများ

သာမန်အချိန်မှာ တီရှပ်အတိုနဲ့ ဘောင်းဘီအတိုတွေက ပေါ့ပေါ့ပါးပါးစတိုင် ဖြစ်စေပေမယ့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာတော့ မေမေလောင်းတို့နဲ့ မသင့်တော်တဲ့ အဝတ်အစားတစ်စုံပါ။ မေမေလောင်းတို့ကို ကြည့်ရဆိုးစေတဲ့ ဝတ်စုံတွေထဲက တစ်စုံအပါအဝင်ပါ။

ဒေါက်မြင့်

ဒေါက်မြင့်ဖိနပ်တွေကိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားပေးတာ အကောင်းဆုံးပါ။ ကိုယ်ဝန်သည် မေမေလောင်းတို့ ဒေါက်မြင့်ဖိနပ်တွေကို ဘာကြောင့် မစီးသင့်တာလဲ

ဒါကြောင့် မေမေလောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အဝတ်အစားတွေရွေးချယ်တဲ့အခါ ဖော်ပြပေးခဲ့တဲ့ အကြောင်းအချက်အလက်တွေကို အလေးထား သတိပြု စေချင်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles