ကလေးမွေးပြီးနောက် ဆေးရုံမှာ ဘယ်နှစ်ရက်လောက် နေသင့်လဲ

by: Nang Htwe
 0 comments  0 love

ကျန်းမာတဲ့ မေမေပဲဖြစ်ဖြစ် အားနည်းတဲ့မေမေပဲဖြစ်ဖြစ် ခွဲမွေးရင်တော့ ဆေးရုံမှာ ရက်အနည်းငယ် ကြာအောင် နေရတတ်တာ ပုံမှန်ပါ။

ဆေးရုံမှာ ဘယ်နှစ်ရက်ကြာကြာနေရမယ်ဆိုတာ ဗိုက်ဗိုက်တို့ရွေးချယ်တဲ့ မွေးဖွားခြင်းနဲ့ ဆိုင်ပါတယ်။ ရိုးရိုးမွေးတာလား၊ ခွဲမွေးတာလားဆိုတာပေါ် မူတည်ပြီး ဆေးရုံမှာနေမယ့်ရက် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။

ရိုးရိုးမွေးတာလား၊ ခွဲမွေးတာလားဆိုတာပေါ် မူတည်ပြီး ဆေးရုံမှာနေမယ့်ရက် အနည်းနဲ့ အများ ရှိနိုင်ပါတယ် (Photo by Parent)

ရိုးရိုးမွေးခြင်း

ရိုးရိုးမွေးတဲ့မေမေတွေအနေနဲ့ မွေးပြီး (၁၂)နာရီနဲ့ (၂၄)နာရီထိ ဒါမှမဟုတ်  (၁)ရက်ကနေ (၂)ရက်ထိ ဆေးရုံမှာ အများဆုံးနေကြပါတယ်။ မေ့ဆေးသုံးတာ ပျောက်သွားတဲ့အထိ အနားယူသင့်ပါတယ်။ မေမေတို့ ဆေးရုံမှာ နေတဲ့အချိန် ဆရာဝန်နဲ့ သူနာပြုတွေက ကလေးမှာ ပြဿနာရှိမရှိ သေချာကြည့်ပေးပါတယ်။

ရိုးရိုးမွေးတဲ့မေမေတွေအနေနဲ့ ကလေးမွေးပြီး (၂၄)နာရီအကြာမှာ ဆေးရုံကဆင်းချင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကလေးကျန်းမာရေးကို စစ်ဆေးပေးပြီး (၁)ရက်ကနေ (၂)ရက်အတွင်း ဆေးရုံက ဆင်းခွင့်ပေးပါလိမ့်မယ်။ အများဆုံး (၃)ရက်ထိပဲ ကြာပါတယ်။ ကလေးမှာ ကျန်းမာရေးပြဿနာရှိရင်တော့ တစ်ပတ်ခန့် ကြာနိုင်ပါတယ်။

ဆေးရုံမှာနေရတဲ့အခါ မေမေတို့အနေနဲ့ အကူအညီတွေ လိုနိုင်ပါတယ်။ ဒါကြောင့် ဆေးရုံရွေးချယ်တဲ့အခါ ကိုယ့်ကုတင်ဘေးမှာ ခင်ပွန်းသည် ဒါမှမဟုတ် မိသားစုဝင်တစ်ဦး လာအိပ်ပေးဖို့ အဆင်ပြေတဲ့ ဆေးရုံကိုရွေးပါ။

တခါတလေ ဘေဘီလေးမှာ ကျန်းမာရေး ပြဿနာရှိရင် မေမေတို့ပဲ ဆေးရုံကဆင်းပြီး ကလေးကို ထားခဲ့ရပါတယ် (Photo by The Telegraph)

ခွဲမွေးခြင်း

ခွဲမွေးရင်တော့ ဆေးရုံမှာနေရတဲ့အချိန် မွေးပြီး (၂)ရက်နေ (၄)ရက်အထိ အနည်းဆုံး နေရတတ်ပါတယ်။ ကျန်းမာတဲ့ မေမေပဲဖြစ်ဖြစ် အားနည်းတဲ့မေမေပဲဖြစ်ဖြစ် ခွဲမွေးရင်တော့ ဆေးရုံမှာ ရက်အနည်းငယ် ကြာအောင် နေရတတ်တာ ပုံမှန်ပါ။ ခွဲမွေးတဲ့မေမေတွေ ဆေးရုံကဆင်းဖို့ အောက်ပါအချက်နဲ့ တိုက်ပြီး ဆုံးဖြတ်ပါ။

(၁) ရေချိုးခန်းထဲမှာ လမ်းလျှောက်နိုင်ရင်
(၂) ဆီးပြွန်မသုံးဘဲ ပုံမှန်ဆီးသွားနိုင်ရင်
(၃) အစားစားတဲ့အခါ မအန်တော့ရင်
(၄) အီးပေါက်နိုင်ရင်

(၅) ကလေးလည်းကျန်းမာရင် အစရှိတဲ့ အချက်အလက်တွေနဲ့ ကိုက်ရင် ဆရာဝန်နဲ့ သူနာပြုတို့က ဆေးရုံကနေ ဆင်းဖို့ ခွင့်ပြုပေးတတ်ပါတယ်။

တခါတလေ ဘေဘီလေးမှာ ကျန်းမာရေး ပြဿနာရှိရင် မေမေတို့ပဲ ဆေးရုံကဆင်းပြီး ကလေးကို ထားခဲ့ရပါတယ်။ ပြီးမှ မေမေတို့က ကလေးကို နို့လာတိုက်တာမျိုး ပြုလုပ်ပေးရတတ်ကြောင်း ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles