ကိုယ်ဝန်ဆောင်အပတ်(၂၀)မှာ ကျန်းမာအောင် ဘယ်လိုနေမလဲ

by: Phyo Pyae Thu
 0 comments  3 love

ကျန်းမာရေးကောင်းသထက် ပိုကောင်းအောင် Kalay က မျှဝေပေးချင်တာလေး ရှိပါတယ်။ အဲဒါကတော့ ကိုယ်ဝန်အပတ်(၂၀) မှာ ကျန်းမာအောင် စားသင့်၊ နေထိုင်သင့်တာလေးတွေပါ။

မေမေလောင်းတို့ရေ သန္ဓေသားလေးကို ကိုယ်ဝန်လွယ်ထားတာ ခုဆို အပတ်ရေ (၂၀) ရှိလာပြီနော်။ မေမေရဲ့ ကျန်းမာရေးရော၊ သန္ဓေသားလေးရဲ့ ကျန်းမာရေးရော စောင့်ရှောက်နေရလို့ မောနေပြီလား။ ကိုယ့်ရင်သွေးလေးကို စောင့်ရှောက်တာဆိုတော့ မောတော့မောပေမယ့် အမောပြေစေမှာပါ။ မေမေလောင်းတို့ ကျန်းမာရေးကောင်းသထက် ပိုကောင်းအောင် Kalay က မျှဝေပေးချင်တာလေး ရှိပါတယ်။ အဲဒါကတော့ ကိုယ်ဝန်အပတ်(၂၀) မှာ ကျန်းမာအောင် စားသင့်၊ နေထိုင်သင့်တာလေးတွေပါ။

မေမေလောင်းတို့ရေ သန္ဓေသားလေးကို ကိုယ်ဝန်လွယ်ထားတာ ခုဆို အပတ်ရေ (၂၀) ရှိလာပြီနော် (Photo by Simply Designing)

ကိုယ်ဝန်ဆောင်နဲ့ အစားအသောက်

မေမေလောင်းတို့ အစားအစာကို တစ်ကြိမ်တည်း အများကြီး မစားဖို့ သတိထားပေးပါ။ နည်းနည်းနဲ့ အကြိမ်ရေ များများ စားပေးတာမျိုး လုပ်ပေးနော်။ ဗီတာမင်နဲ့ သတ္တုဓါတ်ပါဝင်တဲ့ အစားအစာတွေ စားသုံးဖို့ လိုပါတယ်။ အော်ဂဲနစ်တွေက ရေရှည်ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ နေ့တိုင်း အသီးအရွက်စားပေးပါ။ အသီးလည်း တစ်နေ့ကို သုံးကြိမ်လောက် စားပေးပါ။ အော်ဂဲနစ်ကြီးပဲ မဟုတ်လည်း အသီးအရွက်တော့ ပိုစားပေးပါ။

ဒီအချိန်မှာ ကလေးရဲ့ အနေအထား၊ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ဖို့အတွက် အာထရာဆောင်း ရိုက်လို့ရပါတယ် (Photo by Netmums)

ဘာကြောင့် အနားယူသင့်တာလဲ

မေမေလောင်းတို့ရေ ကိုယ့်ရဲ့ အလုပ်က မတ်တပ်များများ ရပ်ရတဲ့အလုပ်ဆိုရင်တော့ အနားယူသင့်ပါတယ်။ မတ်တပ်ကြာကြာရပ်တာက သွေးဖိအားကျစေပြီး ကိုယ်ဝန်ဆောင်ကျန်းမာရေးအတွက် ဆိုးစေပါတယ်။ သွေးပေါင်ကျတာနေတဆင့် ခေါင်းကိုက်တာ၊ သတိလစ်တာတွေအထိပါ ရှိနိုင်ပြီး သန္ဓေသားကိုပါ ထိခိုက်စေနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး အပျင်းပြေ လမ်းလျှောက်တာမျိုးပဲ လုပ်ပေးပါ။ ဒီအချိန်မှာ ကလေးရဲ့ အနေအထား၊ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ဖို့အတွက် အာထရာဆောင်း ရိုက်လို့ရပါတယ်။ ရိုက်ဖို့ လိုတယ် မလိုဘူးဆိုတာကတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicepregency


Comments

0 comments
Latest video
Refer to more useful articles