ကိုယ်ဝန်(၈) ပတ် (သို့မဟုတ်) လူ့ဘဝအစ ပထမဆုံးအဆင့် ပြည့်စုံခြင်း

by: Editor
 3 comments  13 love

သန္ဓေသားဘဝမှာ ရှိခဲ့တဲ့ အမြီးလေးကတော့ ပျောက်ကွယ်သွားပါပြီ။  ဒီလိုပါပဲ embryo လို့ ခေါ်တဲ့ သန္ဓေသားလောင်းဘဝ အဆုံးသတ်သွားပါပြီ။ သူဟာ သန္ဓေသားလေး ဖြစ်လာတော့မှာပါ။ 

ကိုယ်ဝန်သက်တမ်း(၈) ပတ်တာကာလ ဆိုရင်တော့ လအားဖြင့် (၂) လခန့်ရှိသွားပါပြီ။ သန္ဓေသားလောင်းလို့ ခေါ်ဆိုတဲ့ လူ့ဘဝရဲ့ ပထမအဆင့်ကို ဖြတ်ကျော် အဆုံးသတ်နေတဲ့ ကာလ ဖြစ်ပါတယ်။ ဒီအရွယ်သန္ဓေသားလောင်းလေးဟာ ရက်စ်ဘယ်ရီအသီးလောက်နီးပါးလောက်ရှိပါတယ်။ ကလေးရဲ့ လက်ချောင်းခြေချောင်းလေးတွေက ပူးပူးကပ်ကပ်အနေအထားလေးနဲ့ ပေါ်ထွက်လာပါပြီ။ မျက်ခွံလေးတွေလည်း ပေါ်လာနေပါတယ်။ အသက်ရှုတဲ့ ပြွန်က လည်ချောင်းကနေ အဆုတ်ရဲ့ အကိုင်းအခက်တွေအဖြစ် များပြားလာနေပါတယ်။ သူရဲ့ အမြီးပုံစံ အရိုးမာလေးကတော့  ခန္ဓာကိုယ်ထဲ တိုးဝင်ပျောက်ကွယ်နေပြီ။

(၈) ပတ်တာကာလ ဆိုရင်တော့ လအားဖြင့် (၂) လခန့်ရှိသွားပါပြီ (Photo by Huggies)

အာရုံကြောနဲ့ လိင်အင်္ဂါ

ဦးနှောက်မှာ ရှိတဲ့ အာရုံကြောဆဲလ်တွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ ဖြန့်ကျက်လာတယ်။ မူလအာရုံကြောလမ်းကြောင်းက ဖြစ်ပေါ်တိုးတက်နေပါတယ်။ ယောင်္ကျားလေးလား မိန်းကလေးလားဆိုတာ သိနိုင်လောက်အောင်ထိတော့ ပြင်ပလိင်အင်္ဂါကတော့ မထင်ရှားသေးပါဘူး။

ပဲနီစေ့ ပုံသဏ္ဍာန်

သန္ဓေသားလောင်းလေးဟာ ရှည်မျောမျော ပဲနီစေ့ ပုံသဏ္ဍာန် ရှိပါတယ်။ မေးရိုးအပေါ်ပိုင်းနဲ့ နှာခေါင်းပုံစံတွေက ပိုပြီး ပီပြင်လာတယ်။ အနံ့ကို သိရှိခံစားနိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းလည်း အဲဒီအချိန်မှာ ပုံပေါ်နေပါတယ်။ (၈)ပတ်ကာလမှာ ခန္ဓာကိုယ်က အပြောင်းအလဲအများကြီး ဖြစ်ပေါ်နေပါတယ်။ လက်မောင်း လက်ချောင်းလေးတွေက ရင်ဘတ်ပေါ်မှာ ရှည်လျားလာတယ်။ ခြေထောက်လေးတွေကလည်း ရှည်လျားလာပါတယ်။ သန္ဓေသားဘဝမှာ ရှိခဲ့တဲ့ အမြီးလေးကတော့ ပျောက်ကွယ်သွားပါပြီ။  ဒီလိုပါပဲ embryo လို့ ခေါ်တဲ့ သန္ဓေသားလောင်းဘဝ အဆုံးသတ်သွားပါပြီ။ မကြာခင်မှာ သန္ဓေသားလေး ဖြစ်လာတော့မှာပါ။

သန္ဓေသားလောင်းလေးဟာ ရှည်မျောမျော ပဲနီစေ့ ပုံသဏ္ဍာန် ရှိပါတယ် (Photo by Все о беременности)

ခြေလက်အင်္ဂါများ

ခြေလက်လေးတွေကနေ လက်ချောင်းခြေချောင်းလေးအဖြစ် ထွက်လာနေပါပြီ။ အစောပိုင်း ဖွံ့ဖြိုးမှုကာလ ဖြစ်တာကြောင့် လက်ချောင်းခြေချောင်းက အရေပြားတွေနဲ့ ဆက်နေပါသေးတယ်။ အဲ့အဆက်တွေက ကိုယ်ဝန် (၁၁) ပတ်မှာမှ ပြောင်းလဲမှာဖြစ်ပါတယ်။ ဒီအချိန်မှာ သန္ဓေသားက လက်ကောက်ဝတ် ကိုတောင် ကွေးနိုင်ဆန့်နိုင်နေပါပြီ။ အဆုတ်ကတော့ ဖွံ့ဖြိုးနေဆဲဖြစ်ပေမယ့် အသက်ရှုလမ်းကြောင်းလေပြွန်တွေဖြစ်တဲ့ trachea နဲ့ bronchi ကတော့ လည်ချောင်းမှ အဆုတ်ဆီကို စပြီးရှည်ထွက်လာပါပြီ။ ဦးနှောက်ကတော့ ကနဦးအဆင့်သာရှိသေးပါတယ်။ နာဗ့်ဆဲလ်တွေဖြစ်တဲ့ အာရုံကြောကလာပ်စည်းတွေက ဖွံ့ဖြိုးကြီးထွားလာပြီး ခွဲထွက်လာပြီး တစ်ခုနဲ့တစ်ခု ဆက်သွယ်လာကာ အာရုံကြောလမ်းကြောင်းတွေကို ဖွဲ့စည်းနေပါပြီ။

မျက်ခွံ

ဒါ့အပြင် မျက်ခွံကလည်း မျက်လုံးတစ်ခုလုံးကို အုပ်နိုင်သည်အထိ အပြည့်အဝဖွံ့ဖြိုးလာပါပြီ။ “အမြီး” ကတော့ သေးသေးလေးကျန်နေသေးပေမယ့် သန္ဓေသားက လျင်မြန်စွာလှုပ်ရှားနေပါတယ်။ ဒါကို မိခင်ကတော့ သတိမထားမိနိုင်သေးပါဘူး။ ယောက်ျားလေးလား မိန်းကလေးလားဆိုတာကိုတော့ ဘယ်လိုနည်းနဲ့မှ ခွဲခြားမသိနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အပြင်ဘက်လိင်အင်္ဂါတွေက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့်ပါ။

ကိုယ်ဝန်(၈)ပတ်သန္ဓေသားလေးကတော့ ခံစားမှုတွေ မသိသေးပေမယ့် ပုံမှန် လှုပ်ရှားမှုတွေ ရှိနေပြီဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles