ကိုယ်ဝန်ဆောင်ချိန် နဲ့ သားသားမီးမီးတို့အတွက် လိုအပ်တဲ့ပစ္စည်းများအကြောင်း

by: Khin Nyein Lwin
 0 comments  310 love

တချို့မိခင်လောင်းများအနေနဲ့အချိန်ပေးနိုင်ရင်တော့ မိမိကြိုက်နှစ်သက်တဲ့ပစ္စည်းများကို တစ်ခုချင်းစီလိုက်ဝယ်ပြီးစုဆောင်းထားနိုင်ပါတယ် ။

ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ကလေးပစ္စည်းတွေဝယ်သင့်တယ်၊ မ၀ယ်သင့်ဘူး ဆိုတာတွေ ငြင်းခုန်ကြတာကို အဆက်မပြတ်ကြားဖူးပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျစဉ်းစားကြည့်ရင် ကလေးပစ္စည်းတွေကြိုတင်ဝယ်ထားသင့်တယ်လို့ ပြောချင်ပါတယ်။ အနောက်နိုင်ငံတွေမှာ ကလေးမွေးတာနဲ့ မိန်းကလေးဆိုလည်း မိန်းကလေးအကျီလေးတွေ ယောကျာ်းလေးဆိုလည်း ယောကျာ်းလေးအကျီလေးတွေ စသည်ဖြင့် ချက်ချင်းမွေးပြီးသည်နဲ့ဝတ်ပေးကြတတ်ပါတယ် ။ မြန်မာနိုင်ငံမှာတော့ အနှီး . အ၀တ်စတာတွေနဲ့ ထုပ်ပိုးပြီး နွေးထွေးစွာထားကြပါတယ် ။ ဒါကြောင့်ကိုယ့်ကလေးအတွက် အနှီး . အကျီအ၀တ်အစား နှင့် အသုံးအဆောင်တွေဟာ မွေးဖွားတာနဲ့တပြိုင်နက် လိုအပ်လာပြီဖြစ်တာမို့ မမွေးဖွားခင်ထဲက ကြိုဝယ်ထားသင့်ပါတယ် ။ အ၀တ်အစားများနှင့်အနှီးစတာတွေကို ကြိုဝယ်ပြီး လျှော်ဖွတ်မီးပူတိုက်ထားဖို့လည်း အရေးကြီးပါတယ် ။ အ၀တ်အစားအသစ်တွေဟာနုနယ်တဲ့ကလေးအသားအရေ နဲ့ထိတွေ့တဲ့အခါ ညင်သာချောမွတ်မှု့ရှိစေရန်အတွက် အနှီးတွေ အ၀တ်အစားသစ်တွေကို လျှော်ဖွတ်ပေးထားဖို့  လိုအပ်တာလဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် မိခင်အတွက်ကြိုဝယ်ထားသင့်တဲ့ပစ္စည်းတွေနဲ့ကလေးအသုံးအဆောင်ပစ္စည်းတွေကို အချို့ကိုလည်း ဖော်ပြပေးချင်ပါတယ် ။

ကလေးအဝတ်အစားအသုံးအဆောင်များ

 အနှီး

 မွေးကင်းစအင်္ကျီလက်ရှည်

 မွေးကင်းစအင်္ကျီလက်တို

 ဦးထုပ်၊ ခြေအိတ်နှင့်လက်အိတ် (၃) မျိုး ဝမ်းဆက်

 သွားရည်ခံ

 လက်ကိုင်ပုဝါ (၁ ထုပ်မှာ ၆ ခုပါ)

 ကလေးမျက်နှာသုတ်ပုဝါ

 အိပ်ယာအသုံးအဆောင်များ

 အိပ်ယာခင်း

 ခေါင်းအုံး

 ဖက်လုံး

 ခြုံစောင်

 ခေါင်းစွပ်ခြုံထည်

 သေးခံဖျာ

တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ

 မွေးကင်းစဒိုင်ဘာ (Newborn Diaper)

 မွေးကင်းစ Baby Wipes (Alchohol လုံးဝမပါ)

 မွေးကင်းစရေချိုး/ခေါင်းလျှော်ရည်

 ကလေးအဝတ်လျှော်ဆပ်ပြာရည်

 နို့ဘူးနှင့်အခြားအသုံးအဆောင်ဆေးသည့်ဆပ်ပြာရည်

 ကလေးအဝတ်လျှော်အမွှေးရည်/အဝတ်ပျော့ဆေး

 ကလေးပေါင်ဒါ

Baby Oil

 လက်သည်းညှပ်

 နှာခေါင်းသန့်ရှင်းရေးကလစ်

 ခေါင်းဖြီး (Comb & Brush)

 ဂွမ်းဖတ်

 ဂွမ်းလုံး (အထုပ်အကြီး)

 နားကြပ်တံ

ဆေးဝါးပိုင်းဆိုင်ရာပစ္စည်းများ

 သာမိုမီတာ (Digital Thermometer)

 ကလေးတင်ပါးမလောင်ရန် Nappy Cream

 Hand Sanitizer

 အရက်ပြန် (Spirit)

မိခင်အသုံးအဆောင်များ

 ဗိုက်စည်း

 Washable Breast Pads (နို့ရည်လျှံရင်ခံရန်) ပြန်လျှော်သုံးနိုင်

 မိခင်နို့သီးခေါင်းကွဲ/နာရင်လိမ်းရန်ဆေး

 Breast Pump (နို့ညှစ်ခွက်)

စတာတွေလိုအပ်တာမို့ ကြိုဝယ်ပြီးစုဆောင်းထားသင့်ပါတယ် ။ အခုဆိုဖော်ပြထားတဲ့ပစ္စည်းများကို New Born Package ဆိုပြီး Online Shopping Page တွေမှာရောင်းချတာများလည်းရှိတဲ့အတွက် မိခင်လောင်းများအတွက် အချိန်ကုန်လူပန်းသက်သာနေစေပါပြီ။ တချို့မိခင်လောင်းများအနေနဲ့အချိန်ပေးနိုင်ရင်တော့ မိမိကြိုက်နှစ်သက်တဲ့ပစ္စည်းများကို တစ်ခုချင်းစီ လိုက်ဝယ်ပြီးစုဆောင်းထားနိုင်ပါတယ် ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles