ကိုယ်ဝန်ဆောင်ကာလ (၃) လမှာ လေ့ကျင့်ခန်းလုပ်မယ် တွေးထားရင်

by: Phyo Pyae Thu
 0 comments  4 love

ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေး မကောင်းတာတစ်ခုခုရှိမယ်ဆိုရင်တော့ ဆရာဝန်ကို မေးပြီးမှဆက်လုပ်ပါ။ ကလေးမွေးဖွားတဲ့အခါမှာ မွေးဖွားရလည်း လွယ်ကူစေပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေ လုပ်ဖို့လိုတယ်ဆိုတာ မေမေ့တို့ သိထားပြီး ဖြစ်မှာပါနော်။ ဘယ်အချိန်မှာ စပြီး လုပ်သင့်သလဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်(၃) လကနေစပြီး လုပ်သင့်တာပါနော်။ ကိုယ်ဝန်(၃) လလောက်ကနေစပြီး လေ့ကျင့်ခန်းလေး လုပ်မယ်ဆိုရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

စနစ်တကျ လေ့ကျင့်ခန်းလုပ်တာဟာ သန္ဓေသားလေးအတွက် စိတ်ချရပါတယ် (Photo : Gaiam )

ကိုယ်ဝန်ဆောင်နေချိန်မှာ စနစ်တကျ လေ့ကျင့်ခန်းလုပ်တာဟာ

သန္ဓေသားလေးအတွက် စိတ်ချရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေး မကောင်းတာ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်ကို မေးပြီးမှ လေ့ကျင့်ခန်း ဆက်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကလေးမွေးဖွားတဲ့အခါမှာလည်း နာကျင်မှုတွေ သက်သာစေတဲ့အပြင် မွေးဖွားရလည်း လွယ်ကူစေပါတယ်။

မေမေလောင်းလေးတို့ရေ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလေးတွေတော့ ရှောင်နော်(Photo:The Dolce Diet)

 ပြင်းထန်တဲ့ လေ့ကျင့်ခန်းလေးတွေတော့ ရှောင်ရမယ်နော်

တစ်နေ့မှာ မိနစ် (၃၀) လောက် လေ့ကျင့်ခန်း လုပ်ပေးရင် လုံလောက်ပါတယ်။ အဓိကကတော့ သွေးလည်ပတ်မှု ပုံမှန်ဖြစ်နေစေဖို့အတွက် လှုပ်ရှားနေဖို့ပါပဲ။ ယောဂ လေ့ကျင့်ခန်း လုပ်ပေးတာကလည်း မေမေလောင်းတွေအတွက် အသုံးဝင်ပါတယ်နော်။

လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်မယ်ဆိုရင်

ခါးနာတာတွေ၊ လေပွ ဗိုက်အောင့်တာတွေကို သက်သာစေပြီး ဆီးချိုရောဂါက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ မေမေလောင်းလေးတို့ အားအင်ပြည့်နေစေဖို့၊ စိတ်ခံစားမှု ကောင်းဖို့နဲ့ ကြွက်သားတွေ သန်မာကြံ့ခိုင်စေဖို့ လေ့ကျင့်ခန်းတွေက ပေးစွမ်းနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်တော့

 ပေါ့ပါးပြီး ချွေးစုပ်တဲ့ အင်္ကျီကိုသာ ဝတ်ပါ။ မြေပြင်ညီမှာပဲ လုပ်ပါ။ မမြင့်တဲ့ ဖိနပ်စီးပါ။   လေ့ကျင့်ခန်း မလုပ်မီ၊ လုပ်နေစဉ်၊ လုပ်ပြီးနောက် ရေများများ သောက်ပါ။ အထိုင်၊  အထတွေမှာ မမူးလဲအောင် ဖြည်းဖြည်းချင်း ပြုလုပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အရမ်းဂရုစိုက်ရမယ့် အချိန်ဖြစ်တဲ့အတွက်

လေ့ကျင့်ခန်းလုပ်တာကိုလည်း သတိတော့ထားရမှာပါနော်။ ချော်လဲမယ့် လေ့ကျင့်ခန်းများ၊   ဝမ်းဗိုက်ကို ထိခိုက်စေနိုင်တဲ့ လေ့ကျင့်ခန်းများ၊ အချိန်အကြာကြီး အသက်အောင့်ထားပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းများနဲ့ အားအင်ကုန်ခမ်းတဲ့အထိ လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကိုတော့ ရှောင်ရပါမယ်နော်။ မေမေလောင်းလေးတွေ ကျန်းမာပျော်ရွှင်ခြင်းအပြည့်နဲ့ ကိုယ်ဝန်ဆောင်နိုင်ကြပါစေနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x