မွေးခါနီးမေမေလောင်းတို့ ဆေးရုံသွားရင် ဖေဖေလောင်းတို့ ဘာတွေယူရမလဲ

by: Phyo Pyae Thu
 0 comments  86 love

ဖေဖေလောင်းတို့ နောက်ထပ် သယ်ဖို့လိုအပ်တာကတော့ မုန့်ပါ။ စောင့်ဆိုင်းရတဲ့ အချိန်တွေမှာ လန်းဆန်းတက်ကြွစေဖို့ သရေစာတွေ စားတာမျိုး လုပ်လို့ရပါတယ်။

မွေးဖွားခါနီးမှာ မေမေလောင်းတို့ ပြင်ဆင်ရတာတွေ ရှိသလို ဖေဖေလောင်းတို့အနေနဲ့လည်း ပြင်ဆင်ရမှာတွေ ရှိပါတယ်။ မေမေလောင်းတို့ ဆေးရုံတက်ပြီဆိုရင် ဖေဖေလောင်းတို့ ဘာယူလို့ ဘာသယ်ရမလဲ မသိတာကလည်း ပြဿနာပါ။ ဒီတော့ မေမေလောင်းတို့ ကလေးမွေးဖို့ ဆေးရုံတက်ပြီဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

မွေးဖွားခါနီးမှာ  ဖေဖေလောင်းတို့အနေနဲ့လည်း ပြင်ဆင်ရမှာတွေ ရှိပါတယ် (Photo by Tạp chí trẻ thơ)

အဝတ်အစားများ ကြိုတင်ပြင်ဆင်ခြင်း

ဖေဖေလောင်းတို့ရေ အဝတ်အစားတွေ ကြိုတင်ပြင်ဆင်ပါ။ ကိုယ့်ရဲ့အဝတ်အစားရော၊ မေမေလောင်း ဝတ်ဆင်လို့ ရမယ့် အင်္ကျီတွေ၊ ထမီတွေ အကုန်လုံး ကြိုတင်စုထားပါ။ မေမေလောင်းအတွက်တော့ ရှေ့ကွဲ အင်္ကျီတွေနဲ့ ချည်ထမီတွေက ပိုကောင်းပါတယ်။ အနှီးတွေလည်း သေချာ မီးပူတိုက်ပြီး အသင့်ပြင်ထားပါ။မေမေလောင်းတို့ ဆေးရုံမှာ ဘယ်နှရက်နေရမယ် ကြိုမသိနိုင်တဲ့အတွက် ခေါင်းအုံးတစ်လုံးတော့ ထည့်သွားပါ။ နေ့၊ ည စောင့်အိပ်ရတဲ့အခါ ဆိုဖာ၊ ထိုင်ခုံေတွေပေါ်မှာ အိပ်တာက သက်တောင့်သက်သာမရှိတဲ့အပြင် အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။

လက်တွဲဖော်အတွက် အကိုက်အခဲပျောက်ဆေး၊ အစာအိမ်ဆေး နဲ့ တခြားဆေးဝါးတွေကို ယူလာတာ ဘယ်တော့မှ မပိုပါဘူး။ ဆေးရုံမှာ ဆေးဝယ်တာ ပိုက်ဆံ ပိုကုန်နိုင်တာကြောင့် ပြင်ဆင်ထားပါ။မေမေနဲ့ ကလေးအပြင် လူနာစောင့်တွေကပါ သန့်ရှင်းမှ ပြုစုစောင့်ရှောက်ပေးတဲ့ သူနာပြုအနေနဲ့ ပိုလွယ်ကူမယ်ဆိုတာက အမြဲသတိရပါ။ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အနံ့ပျောက်ဆေးတွေ ယူသွားပေးပါ။ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အလုံအလောက်ပါသွားတာ ပိုကောင်းပါတယ်။

 

ဖေဖေလောင်းတို့ရဲ့ စောင့်ရှောက်မှု လိုအပ်ပါတယ် (Photo by Getty Images)

ဖေဖေလောင်းတို့ ဘာတွေ သယ်ရမလဲ

ဖေဖေလောင်းတို့ နောက်ထပ် သယ်ဖို့လိုအပ်တာကတော့ မုန့်ပါ။ စောင့်ဆိုင်းရတဲ့ အချိန်တွေမှာ လန်းဆန်းတက်ကြွစေဖို့ သရေစာတွေ စားတာမျိုး လုပ်လို့ရပါတယ်။ ဆေးရုံမှာ ဈေးကြီးကြီး ပေးပြီး ဝယ်စားစရာလည်း မလိုတော့ဘူးပေါ့။ သားသားမီးမီးလေးနဲ့ မှတ်တမ်းတင်ဖို့ ကင်မရာယူသွားလည်း ကောင်းပါတယ်။ နောက်တစ်ခုကတော့ မေမေလောင်းတို့ မွေးဖွားနေစဉ်မှာ ဘုရားစာရွတ်လို့ ရမယ့် စာအုပ်တွေ သယ်သွားဖို့ မမေ့ပါနဲ့နော်။ မွေးဖွားခါနီးမှာ အင်္ဂုလိမာလသုတ် အလွတ်မရဘူးဆိုရင် စာအုပ်ကြည့်ရွတ်တာမျိုး လုပ်လို့ရတာပေ့ါ။

သတိထားရမှာက

ပစ္စည်းတွေ သယ်တာ ကိုယ့်ရဲ့ အခန်းတစ်ခန်းလုံးပြောင်းသလိုမျိုးတော့ သယ်ယူဖို့ မလိုပါဘူးဆိုတာပါပဲ။ သားသားမီးမီး၊ မိခင်နဲ့ လူနာစောင့်အနည်းငယ်အတွက် အသုံးဝင်တဲ့ ပစ္စည်းလေးတွေဆိုရင် ရပါပြီဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles