သားလေးလိုချင်လား၊ သမီးလေးလိုချင်လား

by: Khin Nyein Lwin
 6 comments  28 love

ကိုယ်ဝန် ရှိပြီဆိုထဲက သားလေးလား သမီးလေးလား တွေးရတာ မိဘသဘာဝပါ။  သားလိုချင်ပြီး သမီးမွေးလာရင်ရော မချစ်ဘဲ နေလား ။ မနေကြပါဘူး တုန်နေအောင် ချစ်ကြပါတယ်နော်။

မေမေတို့ရေ မေမေတို့အတွက် သားယောကျာ်းလေးလိုချင်ရင် ဘာတွေလုပ်ရမယ်၊ သမီးမိန်းကလေးလိုချင်ရင် ဘာတွေလုပ်ရမယ်နဲ့ အကြောင်းအရာ အချက်အလက်များစွာကို ကြားဖူးကြမှာပါနော်။ တကယ်လိုက်လုပ်ခဲ့ရင်ကော လိုချင်တဲ့အတိုင်း ရလာကြရဲ့လား ? လိုချင်တဲ့အတိုင်း မရခဲ့လို့ စိတ်ပျက်နေကြတဲ့ မေမေတွေရော ရှိမလား သိချင်မိပါတယ်။ ကိုယ်ဝန်ရှိပြီဆိုထဲက သားလေးလား သမီးလေးလား တွေးရတာ မိဘသဘာဝပါ။  သားလေး လိုချင်တယ်၊  သမီးလေး လိုချင်တယ်နဲ့ သားလိုချင်ပြီး သမီးမွေးလာရင်ရော မချစ်ဘဲ နေလား ။ မနေကြပါဘူး တုန်နေအောင် ချစ်ကြပါတယ်နော်။ ဒါကြောင့် ကြားဖူးတဲ့ သားနဲ့သမီးဝေခွဲနည်းလေးတွေကို ပြောပြချင်ပါတယ်။

 ဗိုက်ထဲက ကလေးက ဘာအများဆုံးစားချင်နေလဲ

တကယ်လို့ဗိုက်ထဲမှာ ကိုယ်ဝန်ဆောင်ထားတာ ယောကျာ်းလေးဆိုရင်

  • ရဲနေတဲ့အသားကိုမှပိုစားလိုတာ
  • အငန်မုန့််တွေ၊ ပီဇာတွေ၊ ချိစ်တွေကို ပိုကြိုက်နေတာ
  • ဖေဖေတွေအနေနဲ့ကတော့ ကိုကာကိုလာလိုအချိုရည်တွေကို ပိုသောက်ချင်နေပါလိမ့်မယ်တဲ့

မိန်းကလေးဆိုရင်တော့

  • မေမေကောဖေဖေပါ ငါးနဲ့အသီးအရွက်ကို ပိုစားချင်နေမယ်
  • အငန်မုန့််တွေ၊ ပီဇာတွေ၊ ချိစ်တွေကို ပိုကြိုက်နေပြီး
  • ဖေဖေတွေအနေနဲ့ကတော့ ကိုကာကိုလာလိုအချိုရည်တွေကို ပိုသောက်ချင်နေပါလိမ့်မယ်တဲ့

ဒါပေမယ့် ဒါတွေအားလုံးက လူတွေပြောပြောနေကျ စကားတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။ မှန်ချင်လည်း မှန်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ထားတဲ့ ကိုယ့်ဗိုက်ထဲက ကလေးလေးက ဘာလေးပဲ မွေးလာ မွေးလား မိဘတွေအနေနဲ့ ချစ်မှာပဲလို့တော့ ထင်ပါတယ်။

ဗိုက်ထဲက ကလေးလေးက ဘာလေးပဲ မွေးလာ မွေးလား မိဘတွေအနေနဲ့ ချစ်မှာပဲလို့တော့ ထင်ပါတယ်။

နောက်ပြီး မေမေတို့စိတ်ဝင်စားကြတဲ့ တခြားအကြောင်းအရာလည်း ရှိကြပါတယ်။ ဒါကတော့ သားလေးလား သမီးလေးလားဆိုတာ ကြိုပြီး ဗေဒင်ေ်တွ တွက်တတ်ကြတာပါ။ ဒီတော့ လူတိုင်းအားလုံးအတွက် အပျော်အနေနဲ့တွက်ကြည့်လို့ရအောင် မေမေတို့အတွက် အများဆုံး မှန်ခဲ့တယ်ဆိုတဲ့ တွက်နည်းလေးကိုလည်း ဖော်ပြပေးချင်ပါတယ်။

သားဦး ဘာလေးမွေးမလဲ သိချင်ရင်

မိခင်လောင်းနဲ့ ဖခင်လောင်း မွေးနေ့(နံ)ကိုပေါင်း၊ စုံဂဏန်းရရင် သားဦး မိန်းကလေးဖြစ်ပြီး၊ မဂဏန်းရရင် သားဦးယောက်ျားလေးပါတဲ့။

မွေးနေ့(နံ)တွက်ပုံ

ကြာသပတေးသား(ဖခင်)+တနင်္ဂဂနွေသမီး(မိခင်) ဆို

၅+၁= ၆ (စုံ)ဂဏန်း ရလို့ သားဦးမိန်းကလေး မွေးပါမယ်

တနင်္ဂနွေ(ဖခင်)+ သောကြာ(မိခင်)ဆို

၁+၆=၇ (မ)ဂဏန်း ရလို့ သားဦး ယောက်ျားလေးမွေးပါမယ်

တနင်္ဂနွေဆို – ၁
တနင်္လာ – ၂
အင်္ဂါ – ၃
ဗုဒ္ဓဟူး – ၎
ကြာသပတေး – ၅
သောကြာ – ၆
စနေ – ၇

သားဦးကိုယ်ဝန်ပျက်ထားရင်တော့ ဒီနည်းက မှားကောင်း မှားနိုင်ပါတယ်တဲ့ ဆိုပြီး ဒီ အပျော်တွက်နည်းလေးကိုလည်း မေမေတွေအများဆုံး တွက်ကြည့်ကြတာ သိရပါတယ်။ ဒါကြောင့် မွေးပြီးတဲ့မေမေတွေကော၊ ဘာလေးလဲဆိုတာ Ultrasound ရိုက်ကြည့်ပြီးတဲ့ မေမေများပါ မှန်လားဆိုတာ တွက်ကြည့်ကြပါဦး။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles