ရိုးရိုးမီးဖွားမယ့် မိခင်တွေအတွက် ညှစ်အားကောင်းကောင်းမွေးဖွားနိုင်ဖို့

by: Swe Mar
 0 comments  360 love

မိခင်လောင်းတို့အနေနဲ့ ငုတ်တုတ်မဟုတ်၊ လုံးလုံးပက်လက်လဲမဟုတ်တဲ့ ခပ်လျောလျောအနေအထားနဲ့ ညှစ်အားသန်သန်မွေးဖို့ အကြံပြုလိုက်ပါတယ်နော်။

ခပ်လျောလျောထိုင်ပြီး မွေးရတာ ညှစ်အားကို ပိုပြီး ကောင်းစေပါတယ်

ကလေးကို ညှစ်အားကောင်းအောင် ရိုးရိုးမွေးတဲ့အခါ ဘယ်လိုပုံစံနဲ့ မွေးမလဲဆိုတာကို ပြောပြပေးချင်လို့ပါ။  ကမ္ဘာဦးကတည်းက မျိုးပွားခြင်းပုံစံဟာ မသတ္တဝါတွေရဲ့ လိင်အဂါင်္က မွေးဖွားခဲ့ကြသလိုပဲ အမျိုးသမီးတွေဟာ ဖြစ်နိုင်ရင် ရိုးရိုးပဲ မိန်းမကိုယ်က မွေးဖို့ စိတ်ထက်သန်ကြပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်သာ ခွဲစိတ်ကြရတာပါ။ တချို့ကလည်း လွယ်ကူတာကို လုပ်ချင်တာလည်းပါတာပေါ့။ ရိုးရိုးမွေးတဲ့အခါ မိန်းမကိုယ်ကနေညှစ်ချိန်မှာ သေမတတ်နာကျင်တတ်ကြတာကိုး။ ဒီလိုနာကျင်မှုကို ကျော်လွှားဖို့ မိခင်တွေဟာ ဗိုက်ကိုခွဲပြီး မွေးလာကြပါတယ်။

ဒါပေမယ့် မေမေတို့ရေ ဖြစ်နိုင်ရင် ရိုးရိုးမွေးဖို့ ကြိုးစားကြည့်ရအောင်နော်။ ဗိုက်ခွဲတဲ့အခါ ချုပ်ရိုးကျက်အောင် စောင့်ဆိုင်းရတာ တော်တော် အလုပ်ရှုပ်တာပါ။ အလေးအပင်မလို့မရသလို၊ ကလေးချီဖို့ကိုတောင် တော်တော် ဂရုစိုက်ရတယ်လေ။ ဒါကြောင့် ရိုးရိုးမွေးဖို့ အကြံပြုရတာပါ။ ရိုးရိုးမွေးတယ်ဆိုတာက မွေးနေတုန်းလေးပဲ နာတာဖြစ်ပြီး ကလေးလေးအပြင်ရောက်တာနဲ့ စိတ်ချမ်းသာရပြီလေ။

ဒါကြောင့် ကိုယ်ဝန်(၈)လလောက်ဆိုရင် ပြင်ဆင်ကြစို့နော်။ ကိုယ်ဝန်ကာလရဲ့ ရှေ့ပိုင်းကာလတွေမှာလည်း ရိုးရိုးမွေးဖို့ ကြွက်သားလေ့ကျင့်ခန်းတွေ လုပ်ဖို့၊ ခန္ဓာကိုယ်ဝိတ်ကို ပုံမှန်ဖြစ်စေဖို့ Kalay ကနေ အကြံပြုပြီးသားဖြစ်ပါတယ်နော်။ အခုပြောပြမှာက ရိုးရိုးမွေးဖို့အတွက် ဆေးရုံရဲ့ နေရာထိုင်ခင်းသက်သောင့်သက်သာဖြစ်မှုကို ကြိုရှာဖွေထားဖို့နဲ့ မွေးတဲ့အခါ ညှစ်အားကောင်းစေဖို့ တစ်ဝက်လောက်ပဲ ပက်လက်လှန်လို့ရတဲ့ ကုတင်နဲ့ မွေးဖို့ပါ။

အပေါ်ကကျနေတဲ့ ကြိုးကတော့ ဆွဲပြီး အားညှစ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ တချို့ ပက်လက်အနေအထားခုတင်တွေက ဆေးရုံတွေမှာရှိတတ်ပါတယ်။ ကိုယ်ဝန်လအရင်ဆုံးအချိန်မှာ ပက်လက်လှန်ပြီး အိပ်တဲ့ပုံစံနဲ့ ညှစ်ဖို့ဆိုတာက ဘယ်လိုမှ အားမထည့်နိုင်ပါဘူး။ ဒါကြောင့် ငုတ်တုတ်မဟုတ်၊ လုံးလုံးပက်လက်လဲမဟုတ်တဲ့ ခပ်လျောလျောအနေအထားနဲ့ ညှစ်အားသန်သန်မွေးဖို့ အကြံပြုလိုက်ပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles