ဖေဖေအသစ်ဖြစ်လာတော့မယ့် သူငယ်ချင်းကို ဘာလက်ဆောင်ပေးမလဲ

by: Nang Htwe
 0 comments  0 love

ကိုယ်ဝန်ဆောင်သူငယ်ချင်းကို လက်ဆောင်ပေးကြသလို ဖေဖေအသစ်ဖြစ်လာမယ့် မိတ်ဆွေတွေကိုလည်း လက်ဆောင်ပေးလို့ရပါတယ်

ကိုယ့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ ဖေဖေအသစ်ဖြစ်လာမယ့်သူတွေ ရှိနေလား။ ကိုယ်ဝန်ဆောင်သူငယ်ချင်းကို လက်ဆောင်ပေးကြသလို ဖေဖေအသစ်ဖြစ်လာမယ့် မိတ်ဆွေတွေကိုလည်း လက်ဆောင်ပေးလို့ရပါတယ်။ ဖေဖေအသစ်ဖြစ်တော့ မိတ်ဆွေသူငယ်ချင်းတွေကို ဘယ်လိုလက်ဆောင်မျိုး ပေးသင့်တယ်ဆိုတာ Kalay ကနေ ပြောပြပေးပါ့မယ်။

စာအုပ်

ကလေးငယ်ကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာ ညွှန်ပြထားတဲ့ စာအုပ်တွေကို လက်ဆောင်ပေးနိုင်ပါတယ်။ စီနီယာ သားသားမီးမီးလေးတွေရှိတဲ့ ဖေဖေတွေအတွက်တော့ ဒီစာအုပ် သိပ်မလိုအပ်ပေမယ့် အခုမှ ဖေဖေအသစ်ဖြစ်လာမယ့် မိတ်ဆွေတွေအတွက်တော့ အလွန်အသုံးဝင်ပါတယ်။ အထောက်အကူပြုမယ့် စာအုပ်ဖြစ်ပါတယ်။

ချီပိုး

မေမေတို့မအားလပ်တဲ့အခါ ဖေဖေတို့က ကလေးကူထိန်းပေးရပါတယ်။ ချီပိုးဟာဆိုရင် ဖေဖေတို့အတွက် ကလေးထိန်းတဲ့အခါ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒါကြောင့် ချီပိုးကို ဖေဖေအသစ်တွေအတွက် လက်ဆောင်ပေးပါ။

တွန်းလှည်း

ဖေဖေတို့ အပြင်ထွက်တဲ့အခါ ကလေးငယ်ကို တွန်းလှည်းလေးထဲ ထည့်ပြီး ခေါ်သွားနိုင်ပါတယ်။ ဖေဖေတို့အတွက်ကော ကလေးငယ်အတွက်ပါ သက်တောင့်သက်သာဖြစ်စေတာကြောင့် လက်ဆောင်အဖြစ် ပေးနိုင်ပါတယ်။

တီရှပ်

ဖေဖေနဲ့ ပတ်သက်တဲ့ ဟာသစာတမ်းပါ တီရှပ်အင်္ကျီလေးတွေကိုလည်း လက်ဆောင်ပေးနိုင်ပါတယ်။

ဖေဖေအသစ်ဖြစ်လာမယ့်မိတ်ဆွေကို လိုအပ်တဲ့ ပစ္စည်းတွေ လက်ဆောင်ပေးနိုင်ပါတယ် (Photo by Santos Pedro Advogados)

အသင့်စား အစားအသောက်များ

မွေးကင်းစ ကလေးငယ်ကို မေမေနဲ့ ဖေဖေက တစ်နေကုန်စောင့်ရှောက်ရပါတယ်။ ထမင်း၊ဟင်းကို အရင်တုန်းကလို အချိန်ပေးပြီး မချက်စားနိုင်သေးပါဘူး။ ကလေးငယ် စောင့်ရှောက်နေရတဲ့ ဖေဖေကို သူငယ်ချင်းမိတ်ဆွေတွေအနေနဲ့ အသင့်စားမုန့်နဲ့ ဖျော်ရည်တွေ လက်ဆောင်ပေးနိုင်ပါတယ်။ အစာပြေစားသောက်နိုင်ပါတယ်။

ရေခွက်

သာမန်ရေခွက်မဟုတ်ဘဲ ရေခွက်ပေါ် ဖေဖေအသစ်အတွက် အမှတ်တရဂုဏ်ပြုစကား ဒါမှမဟုတ် ဟာသလေးတွေ ရေးထိုးပြီး လက်ဆောင်ပေးနိုင်ပါတယ်။

Photo Album

Photo album လေးတွေကိုလည်း ဖေဖေအသစ်တွေကို လက်ဆောင်ပေးနိုင်ပါတယ်။ ကလေးငယ်နဲ့ မိသားစုအတွက် အမှတ်တရဓါတ်ပုံ သိမ်းဆည်းထားနိုင်တာကြောင့်ပါ။ နောက်ပြီး ဖေဖေတို့ ဓါတ်ပုံရိုက်ရတာ ဝါသနာပါကြပါတယ်။

ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ ဖေဖေအသစ်ဖြစ်လာတော့မယ့် မိတ်ဆွေတွေရှိတယ်ဆိုရင် အထက်မှာပြောပြထားတဲ့ ပစ္စည်းတွေကို လက်ဆောင်ပေးနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x