ကိုယ်ဝန်သက်တမ်း(၉)ပတ်မှာ ဘာတွေပြောင်းလဲလာမလဲ

by: Nang Htwe
 2 comments  75 love

သွေးတွင်းသကြားဓာတ် မတည်ငြိမ်တာကြောင့် ပင်ပန်းနွမ်းနယ်တာကို ခံစားကြရပါတယ်။ ဒါကြောင့် အိမ်ရေးဝဝအိပ်ပေးဖို့နဲ့ များများအနားယူဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်(၉)ပတ်မှာ သန္ဓေသားလောင်းလေး နှလုံးခုန်တာကို ultrasound ရိုက်ကြည့်မယ်ဆိုရင် မေမေလောင်းတို့မြင်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပထမ(၃)လက သန္ဓေသားလေးရဲ့ အင်္ဂါအစိတ်အပိုင်းတွေ တည်ဆောက်နေချိန်ဖြစ်တာကြောင့် ကိုယ်ဝန်သက်တမ်း(၉)ပတ်က အလွန်အရေးကြီးတဲ့အထဲမှာ ပါဝင်နေပါတယ်။

ကိုယ်ဝန်(၉)ပတ်ဟာ မေမေလောင်းတို့အတွက် အရေးကြီးတဲ့ အပတ်ဖြစ်ပါတယ် (Photo by parenting.firstcry)

သန္ဓေသားလောင်းရဲ့ အရွယ်အစား

ဒီအချိန်မှာ သန္ဓေသားလောင်းရဲ့ အလေးချိန်က (၂)ဂရမ်ခန့်ရှိပြီး အရှည်ကတော့ (၂.၃)စင်တီမီတာခန့်ရှိပါတယ်။ Ultrasound ရိုက်ကြည့်မယ်ဆိုရင် သန္ဓေသားလေးရဲ့ နှလုံးခုန်တာအပြင် ဦးခေါင်း၊ ခန္ဓာကိုယ်နဲ့ ခြေလက်အင်္ဂါတို့ကိုလည်း တွေ့မြင်ရမှာပါ။ ဒါက သန္ဓေသားလေး ပီပီပြင်ပြင်ဖြစ်လာတဲ့ လက္ခဏာပါ။ သန္ဓေသားလေးရဲ့ နှလုံးခုန်းနှုန်းက တစ်စက္ကန့်ကို အကြိမ်ရေ (၁၃၀)ကနေ (၁၅၀)ကြားထဲမှာ ရှိနေပါတယ်။

ကိုယ်ဝန်(၉)ပတ်မှာ သန္ဓေသားလောင်းလေး နှလုံးခုန်တာကို ultrasound ရိုက်ကြည့်မယ်ဆိုရင် မေမေလောင်းတို့မြင်နိုင်ပါတယ် (Photo by parenting.firstcry)

မေမေလောင်းတို့ ကြုံတွေ့ရမှာက

  • ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်ခံစားချက်တွေ သိသိသာသာ ပြောင်းလဲနေပါတယ်။ ပင်ပန်းနွမ်းနယ်တာနဲ့ ပျို့အန်တာကိုလည်း မကြာခဏ ကြုံတွေ့ရနိုင်ပါတယ်။ စိတ်ခံစားချက်တွေကိုလည်း ထိန်းချုပ်ဖို့ ခက်ခဲနေပါလိမ့်မယ်။ ဒါကြောင့် ဒီအချိန်မှာ စိတ်ဖိစီးမှုတွေ မဖြစ်အောင် ဂရုစိုက်ပေးပါ။
  • ပျို့အန်တာကို မကြာခဏ ကြုံတွေ့ရနိုင်တာကြောင့် ဗီတာမင် B6 ပါဝင်တဲ့ အစားအစာတွေကို မကြာခဏ စားပေးဖို့ လိုအပ်ပါတယ်။
  • မကြာခဏ ဆီးသွားတာကို စတင်ကြုံတွေ့ရမှာပါ။ ဆီခဏခဏသွားတာကြောင့် ရေဓာတ်ခမ်းခြောက်တာတွေ မဖြစ်အောင် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။
  • သွေးတွင်းသကြားဓာတ် မတည်ငြိမ်တာကြောင့် ပင်ပန်းနွမ်းနယ်တာကို ခံစားကြရပါတယ်။ ဒါကြောင့် အိမ်ရေးဝဝအိပ်ပေးဖို့နဲ့ များများအနားယူဖို့ လိုအပ်ပါတယ်။
  • ခေါင်းကိုက်တာကို မကြာခဏ ကြုံတွေ့ရနိုင်တာကြောင့် ရေဓာတ်မခမ်းခြောက်အောင် ရေများများသောက်ပေးဖို့လိုအပ်သလို၊ အိပ်ရေးဝဝအိပ်ဖို့နဲ့ များများအနားယူဖို့လည်း လိုပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း မဝင်ရောက်နိုင်အောင် အကာအကွယ်တွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

မေမေလာင်းတို့ ဘာတွေ စားပေးရမလဲ

ဒီအချိန်မှာ မကြာခဏ ပျို့အန်တာကြောင့် စားချင်စိတ်နည်းတာကို သတိထားမိမှာပါ။ ပရိုတိန်းဓာတ်ပါဝင်တဲ့ အစားအစာများ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတို့ကို များများစားသုံးပေးရပါမယ်။ အခွံမာသီးတွေကိုလည်း စားသုံးပေးသင့်ပါတယ်။ တစ်ခါတည်း အများကြီးမစားဘဲ နည်းနည်းချင်းစီ စားပေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့အနေနဲ့ အသွားအလာ၊ အနေအထိုင်နဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x