ကိုယ်ဝန်ရှိပြီဖြစ်ကြောင်း ခင်ပွန်းကို surprise ဖြစ်အောင် ဘယ်လိုပြောမလဲ

by: Nang Htwe
 0 comments  12 love

ကင်မရာကိုဖွင့်ပြီး ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ဗီဒီယိုရိုက်ပြီး ပြောနိုင်သလို ဟာသလေးတွေပြောပြီး မထင်မှတ်တဲ့အချိန်မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သတိပေးနိုင်ပါတယ်။

ကိုယ်ဝန်ရှိမရှိ စစ်ဆေးရတာ မေမေလောင်းတို့အတွက် စိတ်လှုပ်ရှားစရာပါပဲ။ မေမေလောင်းတို့ ကိုယ်ဝန်ရှိတာကို ပထမဆုံး ဘယ်သူ့ကိုအရင်အသိပေးချင်လဲ။ ဖေဖေလောင်းတို့ကို အရင်အသိပေးချင်တာပေါ့နော်။ အရင်တုန်းကတော့ ဒီအတိုင်းလေးပဲ ပြောလိုက်ရုံပါပဲ။ အခုခေတ်မှာတော့ ဒီအတိုင်းပြောတာထက် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ နည်းလမ်းတွေနဲ့ ဖေဖေလောင်းတို့ကို အသိပေးကြပါတယ်။ Surprise လုပ်တယ်လို့လည်း ခေါ်ကြပါတယ်။ ဖေဖေလောင်းတို့ကို အံ့သြပျော်ရွှင်သွားအောင် ဘယ်လို surprise လုပ်ကြမလဲ။ Kalay ကနေ မေမေလောင်းတို့အတွက် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

အခုခေတ်မှာတော့ ဒီအတိုင်းပြောတာထက် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ နည်းလမ်းတွေနဲ့ ဖေဖေလောင်းတို့ကို အသိပေးကြပါတယ် (Photo by 她生活)

(၁) လက်ဆောင်

မေမေတို့အနေနဲ့ ချောကလက်၊ ပန်းဆီး အစရှိတဲ့ လက်ဆောင်တစ်ခုခုကို ပြင်ဆင်လိုက်ပါ။ အဲဒီ လက်ဆောင်ပေါ်မှာ ပိုစ့်ကတ်တစ်ခုထားပါ။ ပိုစ့်ကတ်ထဲမှာ ဖေဖေဖြစ်လာပြီမို့ ဂုဏ်ယူပါတယ်ဆိုပြီး ရေးထားပေးပါ။ ဒီရေးထားတဲ့ စာရွက်လေးကို လက်ဆောင်ဗူးထဲ ထည့်လိုက်ပါ။ ဖေဖေလောင်းတို့ ထမင်းစားတဲ့နေရာမှာ ဒါမှမဟုတ် ကုတင်ဘေးမှာ ထားလိုက်ပါ။

(၂) တီရှပ်

ဒီနည်းလမ်းကတော့ စီနီယာသားသားမီးမီးလေးတွေ ရှိတဲ့ မေမေတို့ အသုံးပြုနိုင်ပါတယ်။ သားသားမီးမီးလေးတွေကို ကလေးပုံပါတဲ့ တီရှပ် ဒါမှမဟုတ် အကိုကြီး ဆိုတဲ့ စာတမ်းပါတဲ့ တီရှပ်ကို ဝတ်ပေးလိုက်ခြင်းဖြင့် ဖေဖေတို့ကို အံ့သြသင့်သွားစေပါတယ်။

(၃) Messenger

SMS တွေ messenger တွေကနေလည်း ကိုယ်ဝန်ရှိတဲ့အကြောင်းကို ဖေဖေလောင်းတို့ အံ့သြသွားအောင်ပြုလုပ်နိုင်ပါတယ်။ မနက်ခင်းဖုန်းဖွင့်လိုက်တဲ့အခါ မေမေလောင်းတို့ ပို့ထားတဲ့ မက်ဆေ့က ဖေဖေလောင်းတို့ကို ပျော်ရွှင်စေသွားမှာပါ။

(၄) မနက်စာ

ရိုးရိုးလေးပဲ ကိုယ်ဝန်ရှိနေကြောင်းပြောချင်တယ်ဆိုရင်တော့ မနက်ခင်း မနက်စာအတူတူစားနေချိန်မှာ ပြောပြလို့ရပါတယ်။

(၅) ကိတ်မုန့်

ကိတ်မုန့်လေးတွေပြုလုပ်ပြီး ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကိုလည်း surprise ပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ ကိတ်မုန့်ပေါ်မှာ ဖေဖေတစ်ယောက်ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်ဆိုတဲ့ စာသားမျိုး ရေးထိုးနိုင်ပါတယ်။

ကိုယ်ဝန်ရှိမရှိ စစ်ဆေးတဲ့ ဆီးစစ်တံကို ဖေဖေလောင်းတို့ကို ပြခြင်းဖြင့်လည်း အံ့သြပျော်ရွှင်အောင် ပြုလုပ်နိုင်ပါတယ် (Photo by Healthy Pregnancy)

(၆) ဆီးစစ်တံ

ကိုယ်ဝန်ရှိမရှိ စစ်ဆေးတဲ့ ဆီးစစ်တံကို ဖေဖေလောင်းတို့ကို ပြခြင်းဖြင့်လည်း အံ့သြပျော်ရွှင်အောင် ပြုလုပ်နိုင်ပါတယ်။

(၇) ကင်မရာ

ကင်မရာကိုဖွင့်ပြီး ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ဗီဒီယိုရိုက်ပြီး ဖေဖေလောင်းတို့ဆီကို ပို့ပေးနိုင်ပါတယ်။

(၈) ဟာသ

ဟာသလေးတွေပြောပြီး မထင်မှတ်တဲ့အချိန်မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သတိပေးနိုင်ပါတယ်။

(၉) ပါတီ

အိမ်မှာ ပါတီပွဲသေးသေးလေးစီစဉ်ပြီး ဖေဖေလောင်းတို့ အိမ်ပြန်လာချိန်မှာ surprise ဖြစ်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီပါတီပွဲလေးကို မေမေတို့အနေနဲ့ ကိတ်မုန့် ဒါမှမဟုတ် ဟင်းလျာတွေ ချက်ပြီး မေမေလောင်းနဲ့ ဖေဖေလောင်းတို့ နှစ်ယောက်ထဲ ဆင်နွှဲနိုင်ပါတယ်။

ကိုယ်ဝန်ရှိကြောင်း မိသားစုကို ဘယ်လိုပုံစံမျိုးနဲ့ surprise ပြုလုပ်မယ်ဆိုတာ မေမေလောင်းတို့ရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles