ကိုယ်ဝန်ပထမလမှာ ကြုံတွေ့ရနိုင်တဲ့ လက္ခဏာ(၉)ချက်

by: Nang Htwe
 2 comments  1 love

ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလက သန္ဓေသားအတွက် အရေးကြီးတာကြောင့် မေမေလောင်းတို့ စားချင်စိတ် မရှိရင်တောင်မှ နည်းနည်းခြင်းစီကို မကြာခဏ စားပေးသင့်ပါတယ်။

မေမေလောင်းတို့ရေ ကိုယ်ဝန်ပထမလမှာ လက္ခဏာတွေ သိသိသာသာမပြသေးတာကို သတိထားမိမှာပါ။ အော့အန်တာနဲ့ ခေါင်းမူးတဲ့ လက္ခဏာလောက်ပဲ ထင်ထင်ရှားရှားပြတာပါ။ ကိုယ်ဝန်ပထမလမှာ မေမေလောင်းတို့ကြုံတွေ့နိုင်တဲ့ လက္ခဏာ (၉)ချက်ကို Kalay ကနေ ပြောပြပေးသွားမယ်နော်။

ကိုယ်ဝန်စရှိလာတဲ့ အပြောင်းအလဲတစ်ခုက ရင်သားနာကျင်တာကို ခံစားရတာပါ (Photo by momjunction)

ကိုယ်ဝန်ပထမလမှာ ကြုံတွေ့ရနိုင်တဲ့ လက္ခဏာ(၉)ချက်

၁။ အိမ်မက်

မေမေလောင်းတိုင်းတော့ ကလေးရတဲ့ အိမ်မက် မက်မှာမဟုတ်ပါဘူး။ တချို့မေမေလောင်းတွေတော့ ကလေးရတဲ့ အိမ်မက် မက်ကြပါတယ်။ အိမ်မက်မက်လို့  မနက်ခင်း စစ်ဆေးလိုက်တဲ့အခါ ကိုယ်ဝန်ရှိနေတာမျိုးပေါ့။ ဒီအဖြစ်အပျက်က စာအုပ်ထဲမှာ၊ ဇာတ်လမ်းထဲမှာပဲ ရှိတာမဟုတ်ပါဘူး။ အပြင်မှာလည်းရှိပါတယ်။ အိမ်မက်တွေက လက်တွေ့ဖြစ်လာတဲ့ သဘောပါ။ ဟော်မုန်းပြောင်းလဲတာကြောင့် စိတ်ခံစားချက်နဲ့ စိုးရိမ်စိတ် သက်ရောက်တာကြောင့် ကလေးရတဲ့ အိမ်မက်မက်ရခြင်းပါ။

၂။ ရင်သား

ကိုယ်ဝန်စရှိလာတဲ့ အပြောင်းအလဲတစ်ခုက ရင်သားနာကျင်တာကို ခံစားရတာပါ။ ဟော်မုန်းအပြောင်းအလဲကြောင့် ကလေးငယ်ကို နို့တိုက်ကျွေးဖို့အတွက် ရင်သားတွေ ပြောင်းလဲသွားတာပါ။ ဒီလို ပြောင်းလဲချိန်မှာ ရင်ဘတ်က အထိမခံဖြစ်နေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မကြာခဏ ပျို့အန်တာကို ကြုံတွေ့ရပါတယ် (Photo by momjunction)

၃။ ကြွက်တက်ခြင်း

ကိုယ်ဝန်ပထမပိုင်းမှာ ကြွက်တက်တာကို ခံစားရနိုင်ပါတယ်။ သာမန် တခါတရံကြွက်တက်တာ ပြဿနာမရှိပေမယ့် မကြာခဏ ကြွက်တက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပေးသင့်ပါတယ်။

၎။ သွေးအနည်းငယ်ဆင်းခြင်း

ကိုယ်ဝန်ပထမ သုံးလမှာ သွေးအနည်းငယ်ဆင်းတာကို ကြုံတွေ့ရနိုင်ပါတယ်။ မေမေလောင်းတိုင်းတော့ မကြုံတွေ့ရပါဘူး။ ဒီလို သွေးအနည်းငယ် ဆင်းတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြပေးတာ အကောင်းဆုံးပါ။

၅။ ရာသီ

သွေးအနည်းဆင်းတာကို ရာသီလာတာနဲ့ မှားယွင်းနိုင်ပါတယ်။ ဒါပေမယ့် မေမေလောင်းတို့စိတ်ထဲက သံသယဝင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးဖို့လိုပါတယ်။

၆။ အော်ကလီဆန်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ မကြာခဏ ပျို့အန်တာကို ကြုံတွေ့ရပါတယ်။ မကြာခဏ ပျို့အန်တာကြောင့် ဘာမှ မစားချင်တာတွေ ဖြစ်ပေါ်လာပါတယ်။ ကိုယ်ဝန်ဆောင်ချန် ပထမသုံးလက သန္ဓေသားအတွက် အရေးကြီးတာကြောင့် မေမေလောင်းတို့ စားချင်စိတ် မရှိရင်တောင်မှ နည်းနည်းခြင်းစီကို မကြာခဏ စားပေးသင့်ပါတယ်။  ကိုယ်ဝန်ဆောင်ချိန် ဒုတိယပိုင်းကို ရောက်သွားပြီဆိုရင်တော့ ပျို့အန်တာတွေ ပျောက်ကင်းသွားပါပြီ။

၇။ နွမ်းနယ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် မကြာခဏ မောပန်းနွမ်းနယ်တာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် များများအနားယူပေးဖို့လိုပါတယ်။

၈။ မေ့ခြင်း

မကြာခဏ မေ့တာကို မေမေလောင်းတို့ သတိထားမိမှာပါ။ ဒီလို မေ့တာကို စိတ်ပူစရာမလိုပါဘူး။ ကလေးလေးမွေးဖွားပြီးချိန်မှာ ပြန်ကောင်းသွားမှာပါ။  ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် ခဏခဏ မေ့ရတာလဲ

၉။ အပူချိန်

ကိုယ်ဝန်ဆောင်ချိန်ဟာ သာမန်အချိန်ထက် ခန္ဓာကိုယ်အပူချိန် မြင့်ပါတယ်။ ဒါကို မေမေလောင်းတို့ ရာသီလာလို့ အပူချိန်မြင့်တာနဲ့ မှားတက်ကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့အနေနဲ့ အသွားအလာ၊ အနေအထိုင်နဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x