ကိုယ်ဝန်(၇)ပတ်မြောက်မှာ မေမေလောင်းတို့ တွေ့ကြုံရမှာက

by: Nang Htwe
 2 comments  61 love

အီစရိုဂျင်ဟော်မုန်းအပြောင်းအလဲကြောင့် မေမေလောင်းတို့မှာ ဆံပင်တွေထူလာတွေ၊ အသားအရေပျော့ပျောင်းလာတာတွေနဲ့ လက်သည်းရှည်လာတာတွေကို တွေ့ကြုံရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်(၇)ပတ်မြောက်မှာ သန္ဓေသားလောင်းလေးက တဖြည်းဖြည်းကြီးထွားနေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ တွေ့ကြုံရနိုင်တဲ့ ရောဂါလက္ခဏာတွေကိုလည်း တဖြည်းဖြည်း ခံစားနေရပါပြီ။ ဒီအချိန်မှာ မေမေလောင်းတို့က

  • ခန္ဓာကိုယ်အလေးချိန်
  • သွေးဖိအားနဲ့
  • ကျန်းမာရေးပြဿနာတွေကို စစ်ဆေးပေးရမှာပါ။

ဆရာဝန်တွေက ကိုယ်ဝန်ဆောင်မေမေတွေအတွက် လိုအပ်တဲ့ အစားအစာတွေနဲ့ အာဟာရတွေကို ပြောပြပေးမှာပါ။ ဒါတင်မကသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆောင်ရန်၊ရှောင်ရန်တွေနဲ့ လိုက်နာရမယ့်နည်းလမ်းတွေကိုလည်း ရှင်းပြပေးဦးမှာပါ။

ကျန်းမာရေးပြဿနာတွေကို စစ်ဆေးပေးဖို့ မမေ့ပါနဲ့ (Photo by Diva Likes)

မေမေလောင်းတို့ ဆောင်ရန်၊ရှောင်ရန်တွေက ဘာတွေလဲ

  • အစားအစာတွေကို ပုံမှန်စားသုံးပေးခြင်း
  • ရေဓာတ်မခမ်းခြောက်ဖို့အတွက် ရေများများသောက်ပေးခြင်း
  • ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးခြင်း၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အသား၊ငါးနဲ့ နို့ထွက်ပစ္စည်းများ စားသုံးပေးခြင်း
  • ကော်ဖီနဲ့ ကဖင်းဓာတ်ကို ရှောင်ရှားခြင်း
  • စိတ်ဓာတ်ကျတာကို ကာကွယ်ဖို့အတွက် မိသားစုဝင် သို့မဟုတ် သူငယ်ချင်းတွေနဲ့ တွေ့ဆုံခြင်း
  • လုံလုံလောက်လောက် အနားယူခြင်း
  • ပျို့အန်တာကို သက်သာစေမယ့် သံပုရာဖျော်ရည်ကို သောက်ပေးခြင်း
  • ပျို့အန်တာကို သက်သာစေမယ့် ဂျင်း စားသုံးပေးခြင်း
  • မနက်စာ၊ နေ့လည်စာနဲ့ ညစာကို အချိန်မကျော်ဘဲ ပုံမှန်စားပေးခြင်း
  • စပ်လွန်းတဲ့အစားအစာများကို ရှောင်ကျဉ်ခြင်း
  • အဆီ၊ သကြားနဲ့ ဆား လွန်ကဲစွာပါဝင်တဲ့ အစာအစာတွေကို ရှောင်ရှားခြင်း
  • ဗီတာမင်ဆေးဝါးတွေကို နေ့စဉ်သောက်သုံးခြင်းနဲ့
  • ဆရာဝန်ခွင့်ပြုချက်မရတဲ့ ဆေးဝါးတွေကို ရှောင်ရှားခြင်း စတဲ့ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာကျင့်သုံးရပါမယ်။

ဗီတာမင်ဆေးဝါးတွေကို နေ့စဉ်သောက်သုံးပေးဖို့ မမေ့ပါနဲ့ (Photo by FirstCry Parenting)

မေမေလောင်းတို့ ကြုံတွေ့နိုင်တဲ့ လက္ခဏာများ

  • မနက်ခင်းဖျားနာခြင်း
  • မနက်ခင်းဖျားနာတာကြောင့် အစာစားချင်စိတ် နည်းပါးနေပြီး ကိုယ်အလေးချိန် ကျလာခြင်း
  • ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံထွက်လာခြင်း
  • ဟော်မုန်းအပြောင်းအလဲကြောင့် ရင်သားများ ရောင်ရမ်းခြင်း
  • သွေးတွင်းသကြားဓာတ် လျော့နည်းခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း
  • ရင်ပူတဲ့ ဝေဒနာကို ခံစားရနိုင်ခြင်း
  • လိင်ဆက်ဆံလိုစိတ်နည်းပါးလာခြင်း
  • မျိုးပွားအင်္ဂါမှာ အနံ့အသက်ပြောင်းလဲခြင်းနဲ့ အကျိအချွဲများထွက်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ မျိုးပွားအင်္ဂါမှာ သွေးထွက်တဲ့ လက္ခဏာတွေကြုံတွေ့လာတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ အမြန်ဆုံးပြသပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles