မေမေလောင်း ကိုယ်ဝန်(၇) ပတ်ဆိုရင် ဘာတွေသိထားရမလဲ

by: Phyo Pyae Thu
 0 comments  7 love

သန္ဓေသားလေးကတော့ ဗိုက်ထဲမှာ ဘလူးဘယ်ရီသီးလေးလောက် ရှိနေပါပြီ။ သန္ဓေသားလေးက လိုက်လျောညီထွေမှုရှိအောင် စပြီးကြိုးစားနေပါပြီနော်။

မေမေလောင်းတို့ ကိုယ်ဝန်ဆောင်ကာလ (၇) ပတ်ဆိုရင်တော့ ပျို့အန်တာတွေ၊ မနက်ခင်း နေမကောင်းတာတွေ ရှိနေဦးမှာပါ။ သန္ဓေသားလေးကတော့ ဗိုက်ထဲမှာ ဘလူးဘယ်ရီသီးလေးလောက် ရှိနေပါပြီ။ သန္ဓေသားလေးက လိုက်လျောညီထွေမှုရှိအောင် စပြီးကြိုးစားနေပါပြီ။ ကိုယ်ဝန် (၇) ပတ်လောက်မှာ မေမေလောင်းနဲ့ သန္ဓေသားကို ဆက်သွယ်တဲ့ ချက်ကြိုးလေး စတင်ပေါ်လာပါပြီ။  ချက်ကြိုးက မေမေတွေရဲ့ခန္ဓာကိုယ်ကသွေးတွေနဲ့ သန္ဓေသားလေးကို အောက်ဆီဂျင်နဲ့အာဟာရ အထောက်အပံ့ပေးပါတယ်။ သန္ဓေသားေလးဆီက အညစ်အကြေးတွေလည်း ဖယ်ပေးပါတယ်။ အဆုတ်၊ ကျောက်ကပ်၊ အစာအိမ်အူလမ်းကြောင်းတွေက ဆက်ပြီး ဖွံံ့ဖြိုးနေပါတယ်။ မျက်နှာပုံလည်း စပေါ်နေပြီနော်။ မေမေ၊ဖေဖေတွေနဲ့တူမယ့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားရွက်လေးတွေလည်း စဖြစ်နေပါပြီ။

ကိုယ်ဝန် (၇) ပတ်လောက်မှာ မေမေလောင်းနဲ့ သန္ဓေသားကို ဆက်သွယ်တဲ့ ချက်ကြိုးလေး စတင်ပေါ်လာပါပြီ။

ပြောင်းလဲလာတဲ့ ပုံစံ

ကိုယ်ဝန် (၇) ပတ်မှာ မေမေလောင်းတို့ရဲ့ ရင်သားပုံစံပြောင်းလဲလာပါပြီ။ ကိုယ်ဝန်ဆောင်ချိန်ထွက်တဲ့ ဟော်မုန်းက ရင်သားကိုယောင်ပြီး တင်းလာစေလို့ပါ။ ရင်သားတစ်ဝိုက်မှာ သွေးစီးမှုကောင်းလာပြီး အဆီစစုလာလို့ပါ။ နို့သီးခေါင်းက ပိုပြူထွက်လာပြီး ညိုမဲနေတဲ့နေရာတစ်ဝိုက်ဆို အရောင်ပိုနက်ပိုကြီးလာပါမယ်။ ဒီလို ဆက်တိုက်ဖြစ်နေပြီးနောက်ပိုင်းမှာ ကလေးလေးမွေးလာရင် နို့တိုက်လို့ ရပါပြီ။ တစ်ချို့စားစရာတွေနဲ့ အနံ့တွေက အန်ချင်စိတ် ပိုဖြစ်စေတာကို သတိထားမိမှာပါနော်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ အစာအပြောင်းအလဲပါ။

ကိုယ်ဝန် (၇) ပတ်လောက်မှာ မေမေလောင်းနဲ့ သန္ဓေသားကို ဆက်သွယ်တဲ့ ချက်ကြိုးလေး စတင်ပေါ်လာပါပြီ (Photo by FirstCry Parenting)

သန္ဓေသားကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန် အကြာကြီး ထိုင်နေမယ်ဆိုရင်တော့ သွေးလည်ပတ်မှု အားနည်းစေပါတယ်။ ဒါက သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မေမေလောင်းက ထိုင်ပြီး အလုပ်လုပ်ရတယ်ဆိုရင် တစ်နာရီခြားတစ်ခါလောက် မ်းလျှောက်ပေးပါ။ သွေးအားပြန်ကောင်းအောင် အကြောဆန့်တာ၊ လမ်းလျှောက်တာ၊ လှေကားဆင်းတာတို့ လုပ်ပေးလို့ရပါတယ်။

ချောင်ချောင်ချိချိ အင်္ကျီ

တစ်ကြိမ် မွေးထားပြီးသား မေမေဆိုရင်တော့ ဗိုက်ကအရွတ်နဲ့ ကြွက်သားတွေက တစ်ခါ ဆွဲဆန့်ခံထားရပြီးသားမို့ ဆန့်အောင်လုပ်ဖို့ ပိုလွယ်သွားပါပြီ။ ဒါပေမယ့် ခါးနဲ့တင်ပါးနာတာကိုတော့ စောစောခံစားရတာပေါ့။  ချောင်ချောင်ချိချိရှိတဲ့ အင်္ကျီတွေဝတ်ကြပါနော်။

မေမေလောင်းတို့ရေ တချို့က ကိုယ်ဝန် တစ်လ လောက်မှ သိတာတွေ ရှိပါတယ်။ ဒါကြောင့် ဆရာဝန်ဆီ သွားပါ။ ဆေးစစ်တာတွေ၊ သွေးစစ်တာတွေ လုပ်ပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles