မေမေလောင်းတို့ ကိုယ်ဝန်ဆောင်ကာလ (၅) လမှာ ဘာတွေဖြစ်နိုင်မလဲ

by: Phyo Pyae Thu
 0 comments  8 love


မေမေလောင်းတို့ ကိုယ်ဝန်ဆောင်တာ (၅) လလောက် ရှိနေပြီဆိုရင် ခန္ဓာကိုယ်မှာ ပြောင်းလဲတာတွေက အရင်ကထက် ပိုဖြစ်ပါတယ်။ မေမေလောင်း ဗိုက်ထဲက သန္ဓေသားလေးရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သိချင်ကြမှာပါ။ ဒီတော့ ကိုယ်ဝန်(၅) လမှာ ခန္ဓာကိုယ် ဘာတွေ ပြောင်းလဲမလားဆိုတာ ကြည့်ကြည့်ပါဦးနော်။

မေမေလောင်း ဗိုက်ထဲက သန္ဓေသားလေးရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သိချင်ကြမှာပါ (Photo by Wattpad)

မေမေလောင်းတို့ရဲ့ ကိုယ်အလေးချိန်

မေမေလောင်းတို့ရဲ့ ခန္ဓာကိုယ် အလေးချိန်ကတော့ ( ၄.၅)ကီလိုလောက် တက်လာမှာပါ။ ဒီအပတ်ကစပြီး အပတ်တိုင်းမှာ ပေါင်ချိန်နည်းနည်း ထပ်တက်ဦးမှာပါ။ တကယ်လို့ ကိုယ်ဝန်ဆောင်အလေးချိန်မပြည့်ရင် ထပ်တက်အောင် လုပ်ရမှာဖြစ်ပြီး များနေရင် သိပ်မတက်အောင်လုပ်ရမှာပါ။ သွေးနီဥတွေဖြစ်ဖို့နဲ့ အောက်ဆီဂျင်သယ်ဖို့ လုပ်ပေးတဲ့ ဟေမိုဂလိုဘင်တွေ ဖြစ်အောင် သံဓါတ်၊ သတ္တုဓါတ်တွေ အလုံအလောက်ရအောင်တော့ စားပေးရမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပမာဏများလာအောင် ကလေးလေးနဲ့ အချင်းဖွံ့ဖြိုးမှုအတွက်ပါ သံဓါတ်တွေပိုလိုပါတယ်။ အာထရာဆောင်း ရိုက်လို့လည်း ရပါပြီ။

ကလေးလေးနဲ့ အချင်းဖွံ့ဖြိုးမှုအတွက် သံဓါတ်တွေပိုလိုပါတယ် (Photo by Nuranie – WordPress)

သန္ဓေသား အရွယ်အစား

ဆရာဝန်က အသံလှိုင်းကနေပြီး ပုံဖမ်းတဲ့ အာထရာဆောင်းလည်း ရိုက်မှာပါ။ အာထရာဆောင်းက ကလေးအရွယ်အစား၊ အနေအထား၊ အရိုးတွေ၊ ကိုယ်အင်္ဂါတွေ ပုံမှန်မမှန် သိနိုင်ပါတယ်။ ကလေးရဲ့ အနေအထားကို ကြည့်ပြီး လိင်ဆက်ဆံလို့ ရမရ ဆက်ဆုံးဖြတ်မှာပါ။ ချက်ကြိုး၊ အချင်းနဲ့ ရေမြွှာရည်တွေကိုလည်း အာထရာဆောင်းနဲ့ စစ်ကြည့်နိုင်ပါတယ်။ စစ်ဆေးမှုရဲ့ကောင်းကျိုးဆိုးကျိုးကိုတော့ ဆရာဝန်နဲ့သေချာ ဆွေးနွေးပါ။

လမ်းလျှောက်ပေးပါ

ဒီလိုအချိန်မှာ  အကြာကြီးမရပ်နေသင့်ပါဘူး။ ဟိုလျှောက်ဒီလျှောက်လုပ်နေတာတော့ ရပါတယ်။ တစ်နေရာတည်း အကြာကြီးရပ်တာက သွေးဖိအားကျစေပြီး ကိုယ်ဝန်ဆောင်နေချိန်အတွင်း ပိုဆိုးစေပါတယ်။ သွေးပေါင်ကျရင် သတိလစ်တဲ့အထိဖြစ်နိုင်ပါတယ်။ ဒါတွေကို ကာကွယ်ဖို့ လမ်းလေးလျှောက်ပေးပါ။ကိုယ်ဝန်ဆောင်ခါးပတ်က ဝမ်းဗိုက်ကို ပင့်ပေးထားမှာဖြစ်ပြီး ဒုတိယနဲ့ တတိယ ၃ လပတ် အချိန်တွေမှာ ကိုယ်အလေးချိန်ဖြန့်ဝေတာကိုလည်း ညီမျှအောင်ထိန်းပေးပါတယ်။

တစ်နေ့ကို အသီးအရွက် (၅) ကြိမ် ကနေ (၉) ကြိမ်လောက်စားပေးဖို့အရေးကြီးပါတယ်။  သန္ဓေသားလေးကတော့ ငှက်ပျောသီးအရွယ် (၂၅ )စင်တီမီတာ၊ (၃၁၅ )ဂရမ်လောက်ရှိပါပြီဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles