ကိုယ်ဝန်ဆောင် အပတ်(၄၀) မြောက်ရောက်နေပြီလား

by: Phyo Pyae Thu
 0 comments  142 love

ပထမအဆင့်မှာသားအိမ်က မှန်မှန်လေးကျုံ့ပြီးတော့ သားအိမ်လည်တံကို ပါးအောင်ဆွဲဆန့်လိုက်ပါတယ်။ ဒုတိယအဆင့်ကတော့ ညှစ်ပြီးကလေးကို အပြင်ထွက်အောင်လုပ်တဲ့ အဆင့်ပါ။

မေမေတို့ရေ ကိုယ်ဝန်အပတ်ရေ (၄၀) မြောက်ဟာ မေမေဖြစ်ဖို့ အနီးစပ်ဆုံး ကာလပါနော်။ မေမေတို့ သားသားမီးမီးလေးကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်တော့မှာမို့ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားရတဲ့ လလေး ဖြစ်သလို မွေးဖွားဖို့အတွက်လည်း စိုးရိမ်ပူပန်တာတွေ ဖြစ်နေတဲ့ အခိုက်အတန့်လေးပါပဲ။ ကိုယ်ဝန်ဆောင်တော်တော်များကတော့ ကိုယ်ဝန်အပတ်(၄၀) မတိုင်ခင်မှာပဲ မွေးကြတာ များပါတယ်။

ခရီးသွားတာတွေ၊ ဆိုင်ကယ်စီးတာတွေ မလုပ်ပါနဲ့တော့နော် (Photo: FirstCry Parenting)

ကိုယ်ဝန်ဆောင် အပတ်(၄၀) မြောက်မှာတော့

ကလေးလေး ဘယ်လို ထွက်လာမလဲဆိုတာ မေမေလောင်းတို့ သိသင့်ပါပြီ။ ပထမအဆင့်မှာသားအိမ်က မှန်မှန်လေးကျုံ့ပြီးတော့ သားအိမ်လည်တံကို ပါးအောင်ဆွဲဆန့်လိုက်ပါတယ်။ ဒုတိယအဆင့်ကတော့ ညှစ်ပြီးကလေးကို အပြင်ထွက်အောင်လုပ်တဲ့ အဆင့်ပါ။ တတိယကတော့ အချင်းထွက်လာတာပါ။အကယ်လို့ ကလေးက သူ့ဘာသာ မထွက်လာဘူးဆိုရင်တော့ ဆရာဝန်တွေက နည်းပညာတွေ သုံးပြီး တစ်မျိူး စီစဉ်ဆောင်ရွက်မှာပါ။ မေမေတို့ အရမ်းကြီး စိတ်ပူစရာ မလိုပါဘူးနော်။ မေမေလောင်းလေးတို့ရေ နောက်ထပ်သိထားသင့်တာကတော့ ကလေးမွေးတဲ့နေရာမှာ အဓိက ကျတဲ့ သားအိမ်ရဲ့ အနေအထားပါ။ သားအိမ်ရဲ့ အနေအထားကို စစ်ဆေးရိုက်ကြည့်တာမျိုး လုပ်သင့်ပါတယ်။ ဒါကလည်း ဆရာဝန်နဲ့ တိုင်ပင်ပါ။

သွေးဆင်းတာတွေ ရှိရင် ဆရာဝန်နဲ့ အမြန်ပြပါ (Photo: FirstCry Parenting)

ကိုယ်ဝန်က နှစ်မြွှာပူး၊ သုံးမြွာပူး၊ ဆီးချို၊ သွေးတိုး၊ အချင်းပုံမှန် မဖြစ်တာနဲ့ သွေးဆင်းတာတွေ ရှိရင်

ဆရာဝန်နဲ့ အမြန်ပြပါ။ပြီးတော့ ခရီးသွားတာတွေ၊ ဆိုင်ကယ်စီးတာတွေ မလုပ်ပါနဲ့တော့နော်။ ဒီလို အချိန်အတွင်းမှာ အချိန်မရွေးမွေးသွားနိုင်တာကြောင့် မေမေတို့ ကိုယ်ဝန်ရဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့်သင့်ပါတယ်။ ပုံမှန်မဟုတ်ဘူးဆိုတာနဲ့ ဆရာဝန်ဆီ အမြန်ဆုံး ပြပါနော်။ မွေးမွေးချင်းမှာ ဆရာဝန်က ကလေးလေးရဲ့ ပါးစပ် နှာခေါင်းကနေ အချွဲတွေ စုပ်ထုတ်အပြီးမှာမေမေတို့ ပထမဆုံးကြားချင်နေတဲ့ ငိုသံလေကြားရပါပြီဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles