သန္ဓေသားလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တည်ဆောက်နေချိန်

by: Nang Htwe
 0 comments  0 love

ပျို့အန်တာတွေကို ကိုယ်ဝန်ပထမသုံးလမှာ အများဆုံးကြုံတွေ့ရမှာပါ။ ဒီသုံးလနောက်ပိုင်းမှာတော့ ပျို့အန်တဲ့ အကြိမ်အရေအတွက် တဖြည်းဖြည်းနည်းသွားပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ပထမ(၃)လဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အပိုင်းတစ်ပိုင်းဖြစ်ပါတယ်။ သန္ဓေသားလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တည်ဆောက်နေချိန်ဖြစ်ပါတယ်။ ဗီတာမင်ဓါတ် တွေစုံစုံလင်လင်ပါတဲ့ အစားအစာတွေကို စားသုံးပေးရပါမယ်။ အထူးသဖြင့် ဖောလစ်အက်ဆစ်ပါဝင်တဲ့ အစားအစာတွေနဲ့ ဆေးဝါးကို သောက်သုံးပေးရပါမယ်။ သန္ဓေသားရဲ့ အင်္ဂါအစိတ်အပိုင်းတွေ တည်ဆောက်နေချိန်ဖြစ်တာကြောင့် ဖော့လစ်အက်ဆစ် မရှိမဖြစ် လိုအပ်နေပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ပထမ(၃)လဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အပိုင်းတစ်ပိုင်းဖြစ်ပါတယ် (Photo by gettyimage)

ကိုယ်ဝန်ပထမသုံးလမှာ ကြုံတွေ့ရမယ့် အပြောင်းအလဲများ

၁။ ပျို့အန်ခြင်း

ပျို့အန်ခြင်းတွေကို ကိုယ်ဝန်ပထမသုံးလမှာ အများဆုံးကြုံတွေ့ရမှာပါ။ ဒီသုံးလနောက်ပိုင်းမှာတော့ ပျို့အန်တဲ့ အကြိမ်အရေအတွက် တဖြည်းဖြည်းနည်းသွားပါတယ်။

သန္ဓေသားလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တည်ဆောက်နေချိန်ဖြစ်ပါတယ် (Photo by parenting.firstcry)

၂။ မောပန်းခြင်း

ဟော်မုန်းအပြောင်းအလဲကြောင့် မောပန်းတာကို ခံစားရနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်မြင့်မားတာရယ်၊ သန္ဓေသားဆီကို အာဟာရထောက်ပံ့တာနဲ့ သွေးဖိအားမငြိမ်သက်တာတွေကြောင့် မောပန်းနွမ်းနယ်တာကို ခံစားကြရတာပါ။

၃။ ဆီးသွားခြင်း

ကိုယ်ဝန်ဆောင်ဟော်မုန်း hCG သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဆီးအိမ်ကို ဆီးသွားဖို့ ဖိအားတွေပေးပါတယ်။ သန္ဓေသားလောင်းလေး တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ဆီးအိမ်ကို ဖိအားသက်ရောက်တာကြောင့် မကြာခဏ ဆီးသွားတာတွေ ဖြစ်လာပါတယ်။

၎။ ဝမ်းချုပ်ခြင်း

Progesterone ဟော်မုန်းမြင့်တတ်လာတာကြောင့် အစာခြေစနစ်နှေးကွေးသွားပြီး ဝမ်းချုပ်တာကို ခံစားရနိုင်တာပါ။

၅။ အဖြူဆင်းခြင်း

အီစရိုဂျင် ဟော်မုန်းမြင့်တတ်လာတာကြောင့် သားအိမ်ခေါင်းကျယ်ပြန့်လာပြီး မျိုးပွားအင်္ဂါမှာ ရောဂါဝင်ရောက်လာတာကို တားဆီးဖို့အတွက် အဖြူဆင်းတာ ကြုံတွေ့ရနိုင်ပါတယ်။

၆။ ခြေထောက်ကြွက်တက်

ခြေထောက်ကြွက်တက်တာကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ပိုတက်ဆီယမ်နဲ့ သံဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို များများစားပေးပါ။ မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးပါ။

၇။ နောက်ကျောနဲ့ ဝမ်းဗိုက်နာကျင်မှု

ဟော်မုန်းအပြောင်းအလဲတွေကြောင့် သားအိမ်အောက်ပိုင်းဝမ်းဗိုက်နာကျင်တာနဲ့ နောက်ကျောနာကျင်တာကို ခံစားရနိုင်ပါတယ်။ မပြင်းထန်တဲ့ လေ့ကျင့်ခန်းများပြုလုပ်ခြင်း သို့မဟုတ် ဆရာဝန်နဲပြသတာတွေကို ပြုလုပ်ပေးပါ။

၈။ ခံစားချက်

ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ခံစားချက်တွေလည်း ပြောင်းလဲလာတာကို သတိထားမိမှာပါ။ ပျော်ရွှင်တာတွေနည်းလာပြီး ဝမ်းနည်းတာတွေ များလာတာကို သတိထားမိမှာပါ။

၉။ သွားဖုံးသွေးထွက်ခြင်း

ဟော်မုန်းအပြောင်းအလဲကြောင့် သွားဖုံးသွေးထွက်တာနဲ့ ရောင်ရမ်းတာကို ကြုံတွေ့ရနိုင်ပါတယ်။

၁၀။ လေပူတက်ခြင်း

အစာအိမ်ပေါ်ကို ဖိအားတွေသက်ရောက်ကာ အက်ဆစ်တွေက အထက်ကိုပြန်တက်လာတာကြောင့် လေပူတက်တာကို ခံစားရပါတယ်။

၁၁။ သွေးပြန်ကြော

သားအိမ်ကျယ်ပြန့်လာတာကြောင့် သွေးပြန်ကြောကို ဖိအားသက်ရောက်ကာ သွေးလည်ပတ်မှုတွေနှေးကွေးလာပါတယ်။ သွေးလည်ပတ်မှု နှေးကွေးလာတာကြောင့် ခြေထောက်ရောင်ရမ်းတာကို ကြုံတွေ့လာရပါတယ်။

၁၂။ နှာခေါင်းပိတ်ခြင်း

သွေးဖိအားတွေတိုးလာတာကြောင့် နှာခေါင်းပိတ်တာနဲ့ ရောင်ရမ်းတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့အနေနဲ့ အသွားအလာ၊ အနေအထိုင်နဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video