ကိုယ်ဝန်ဆောင်ချိန်(၃၅) ပတ်ရောက်လာပြီဆိုရင်

by: Phyo Pyae Thu
 0 comments  81 love

မေမေလောင်းတို့ ကိုယ်ဝန်ဆောင်ချိန် တတိယ ကာလကို ရောက်လာပြီဆိုရင် သန္ဓေသားလေးက ဖွံ့ဖြိုးလာတာကြောင့် သားအိမ်ထဲမှာ နေရာအပြည့်ယူထားပါပြီ။

မေမေလောင်းလေးတို့ ကိုယ်ဝန်ဆောင်ချိန်(၃၅) ပတ်ရောက်ပြီဆိုရင်တော့ စိုးရိမ်စရာတွေ၊ စိတ်ပူစရာတွေ ရှိလာပါပြီ။ ဒါကတော့ ကိုယ်ဝန်ဆောင်ချိန် တတိယ ကာလကို ရောက်လာပြီဆိုရင် သန္ဓေသားလေးက ဖွံ့ဖြိုးလာတာကြောင့် သားအိမ်ထဲမှာ နေရာအပြည့်ယူထားပြီ ဖြစ်တာကြောင့်ပါ။

သားအိမ်ထဲမှာ လှုပ်စရာနေရာ မရှိလောက်အောင်ကို ကြီးထွားလာပါတယ် (photo: Baby)

မေမေလောင်းတို့ ကိုယ်ဝန်ဆောင်ချိန် (၃၅) ပတ်မှာ

ဖရဲသီးအသေး အရွယ်၊ အလေးချိန်ကတော့  (၂.၃၈) ကီလိုနဲ့ အရပ်ကတော့ (၄၆) စင်တီမီတာ ရှိနေပါပြီ။ သားအိမ်ထဲမှာ လှုပ်စရာနေရာ မရှိလောက်အောင်ကို ကြီးထွားလာပြီး ကန်တဲ့ အကြိမ်ရည်နည်းသွားပေမယ့် အားတော့ ပိုပြင်းလာပါတယ်။ မေမေတို့ အိပ်ရာနိုးတဲ့အချိန်ကနေ ည အိပ်ရာဝင်တဲ့အချိန်ထိ (၁၀) ကြိမ် လှုပ်တယ်ဆိုရင် သန္ဓေသားလေး ကျန်းမာပါတယ်။ အဆီလွှာတွေက ကလေးရဲ့ တစ်ကိုယ်လုံးမှာများလာပြီးတော့ ပုခုံးမှာဆို ပိုများပါတယ်။

မေမေလောင်းတို့ ခန္ဓာကိုယ်မှာ ပြောင်းလဲတာတွေ ဖြစ်လာဦးမှာပါ။ သားအိမ်က တခြားအတွင်းအင်္ဂါတွေကို သွားဖိတဲ့အခါ ဆီးခဏခဏ သွားတာနဲ့ ရင်ပူပြီး အစာမကြေတာတွေ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ တင်ပါးဆုံရိုးက အပြည့်အ၀ ကာပေးထားတဲ့ သားအိမ်က အခုဆိုနံရိုး အခေါင်းထဲတောင် ၀င်နေတာကြောင့်ပါ။

သားအိမ်က တခြားအတွင်းအင်္ဂါတွေကို သွားဖိတဲ့အခါ ဆီးခဏခဏ သွားတာနဲ့ ရင်ပူပြီး အစာမကြေတာတွေ ဖြစ်နိုင်ပါတယ် (Photo by Parents Magazine)

မေမေလောင်းတို့ ဒီလမှာ  ဆရာဝန်ဆီပိုလို့တောင် သွားရဦးမှာပါ

စမ်းသပ်မှုတွေကလည်း စိတ်ဝင်စားဖို့ ပိုကောင်းလာပါပြီ။ ဆရာဝန်က ကလေးအရွယ်နဲ့ မွေးမယ့်အချိန်ပါ ခန့်မှန်းပေးပါပြီ။ ကိုယ်ကစစ်ဖို့ လိုအပ်တာပေါ် မူတည်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုပါတယ်။
• ကိုယ်အလေးချိန်
• သွေးပေါင်ချိန်
• ဂလူးကိုးစ်နဲ့ ပရိုတင်းအတွက် ဆီးစစ်ခြင်း
• ခြေလက်ယောင်မယောင်နဲ့ သွေးပြန်ကြောတွေ ဖောင်းတွန့်ရှည်ဖြစ်နေလားစစ်ခြင်း
• သားအိမ်အတွင်းဘက်ကို ကြည့်ပြီးအထူအပါးဆံ့တဲ့အချိန် ကိုစစ်ဆေးခြင်း
• သားအိမ်ထိပ် အမြင့်တိုင်းခြင်း
• သန္ဓေသား နှလုံးခုန်နှုန်းစစ်ခြင်း
• သန္ဓေသားအရွယ် ခေါင်းကမွေးမလား ခြေထောက် အရင်ထွက် မလားမျက်နှာအခြေအနေစစ်ဆေးခြင်း

အကယ်လို့ မေမေလောင်းတို့မှာ တခြား ကျန်းမာရေး ပြဿနာတွေ ရှိခဲ့ရင်လည်း ဆရာဝန်ဆီမြန်မြန်ပြပါ။ ကိုယ်ဝန်ဆောင်ချိန် (၉) လလုံးဟာ အရမ်းအရေးကြီးပါတယ်။ ဒီအရွယ်လောက်ကစပြီး မေမေလောင်းတို့ ပက်လက်မအိပ်ဖို့ Kalay ကနေ သတိပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles