ကိုယ်ဝန်(၃၁)ပတ်မှာ သန္ဓေသားလေး ဘယ်လောက်ကြီးနေပြီလဲ 

by: Nang Htwe
 0 comments  28 love

ခန္ဓာကိုယ်ပိုလေးလာပြီး အသက်ရှူတာပိုခက်လာပါတယ်။ ဒီအချိန်မှာ မေမေလောင်းတို့ ကိုယ့်ကိုယ်ကို တွန်းအားတွေမပေးပါနဲ့။ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်ဝန်(၃၁)ပတ်မှာ သန္ဓေသားလေးရဲ့ အရပ်အရှည်က (၁၆.၂)လက်မ ခန့်ရှိနေပြီး အလေးချိန်ကတော့ (၃.၃)ပေါင်ပါ။ သန္ဓေသားလေးက အကြီးကြီးဖြစ်ပါပြီ။ ကိုယ်ဝန်(၃၁)က ခန့်မှန်းခြေအားဖြင့် (၇)လအတွင်းထဲမှာရှိနေပါတယ်။

သန္ဓေသားလေးက အကြီးကြီးဖြစ်ပါပြီ (Photo by Pinterest)

ကိုယ်ဝန်(၃၁)မှာ မေမေလောင်းတို့ ကြုံရမှာက

အသက်ရှူကျပ်ခြင်း

ခန္ဓာကိုယ်ပိုလေးလာပြီး အသက်ရှူတာပိုခက်လာပါတယ်။ ဒီအချိန်မှာ မေမေလောင်းတို့ ကိုယ့်ကိုယ်ကို တွန်းအားတွေမပေးပါနဲ့။ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းလေးတွေလုပ်ပြီး များများအနားယူပါ။

လက်သည်း

လက်သည်းတွေ ခြောက်ပြီးကျွတ်တာမျိုး ကြုံရပါမယ်။ လက်ချောင်းတွေ၊ ခြေချောင်းတွေက ကြီးနေပါတယ်။ အဆီဓါတ်ပါတဲ့ Oil လေးတွေ လိမ်းပေးပါ။

ဗိုက်နာ

မွေးချင်သလိုမျိုး ဗိုက်နာတာ ကြုံရပါတယ်။ ရေများများသောက်ပါ။ ပုံစံတစ်မျိုးနေတာထက် ခဏခဏပြောင်းအနားယူပေးပါ။

ဆီးသွားခြင်း

ခဏခဏ ဆီးသွားချင်ပါလိမ့်မယ်။ အဆုတ်ထဲမှာ လေတွေပြည့်နေသလို အခုချိန်မှာ ဆီးအိမ်ထဲမှာလည်း ဆီးတွေပြည့်နေပါတယ်။

မေမေလောင်းတို့က အမြွာကိုယ်ဝန်ဆောင်ထားရရင် အခုချိန်မှာ ultrasound တစ်ကြိမ် ထပ်ရိုက်သင့်ပါတယ် (Photo by FirstCry Parenting)

ခါးနာခြင်း

ခါးနာတဲ့ ဝေဒနာကို ခံစားရပါတယ်။ ကိုယ်ဝန်ဆောင်ယောဂက ခါးနာတာကို သက်သာစေပါတယ်။

အိပ်မပျော်

နောက်ကျောနာတာ၊ ဝမ်းဗိုက်ကျုံ့တာ၊ သက်တောင့်သက်သာမရှိတာကြောင့် အိပ်မရတာ ကြုံရပါတယ်။

(၃၁)ပတ်အရွယ် သန္ဓေသားလေးရဲ့ ဦးနှောက်၊ အာရုံကြောနဲ့ အမြင်အာရုံ ဆက်လက်ဖွံ့ဖြိုးနေပါတယ်။ ကလေးရဲ့ အာရုံခံအင်္ဂါတွေ အလုပ်လုပ်နေပါပြီ။

ဒီအချိန်မှာ မေမေလောင်းတို့ စစ်ရမှာက ဆီးချိုရောဂါလက္ခဏာရှိ၊ မရှိပါ။ နောက်ပြီး မေမေလောင်းတို့က အမြွာကိုယ်ဝန်ဆောင်ထားရရင် အခုချိန်မှာ ultrasound တစ်ကြိမ် ထပ်ရိုက်သင့်ပါတယ်။

မေမေလောင်းတိုင်းနီးပါး အခုချိန်မှာ ကြုံရတာက ဝမ်းချုပ်တဲ့ ပြဿနာပါ။ မေမေလောင်းတို့ရဲ့ ကိုယ်ဝန်သက်တမ်း(၃၁)ပတ် အတွေ့အကြုံကိုလည်း comment မှာ ပြောပြပေးထားခဲ့ပါဦးနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles