မေမေလောင်းတို့ရဲ့ ကိုယ်ဝန်ဆောင်ကာလ အပတ် (၃၀) မြောက်ဆိုရင်

by: Phyo Pyae Thu
 0 comments  120 love

မေမေလောင်းတို့ ကိုယ်ဝန်ဆောင် အပတ်ရေ(၃၀) မှာဆိုရင် ဆံပင်တွေ ပိုထူလာမယ်။ ဒါပေမယ့် မွေးပြီးရင်တော့ အကျွတ်မြန်လာမှာဖြစ်ပြီး ပါးသွားမှာပါ။

မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ဆောင်ကာလ (၃၀) မြောက်ဆိုရင် မွေးဖွားဖို့ ရက်က အရမ်းမဝေးတော့ပါဘူး။ သန္ဓေသားလေးရဲ့ ခန္ဓာကိုယ်က ကီလိုအားဖြင့်(၁.၃) ကီလိုနဲ့ အရှည်ကတော့ (၃၀) စင်တီမီတာ ရှိနေပါပြီ။  ကလေးလေးက အဆီလွှာတွေ ပိုများလာပြီး အရေပြားတွန့်တာ နည်းသွားပါတယ်။ မေမေလောင်းတို့ ဒီအချိန်မှာ သူတို့လေးတွေ ကြို့ထိုးတာနဲ့ သားအိမ်ကျုံ့တာတွေကို ခံစားလာရပါပြီ။ ဒီအချိန်မှာ ဒီလိုလေးတွေ ခံစားရတယ်ဆိုရင် ဖွံ့ဖြိုးမှု အနေအထား မှန်တယ်လို့ ဆိုလို့ရပါတယ်။

ကိုယ်ဝန်ဆောင်ကာလ (၃၀) မြောက်ဆိုရင် မွေးဖွားဖို့ ရက်က အရမ်းမဝေးတော့ပါဘူး(Photo: American Pregnancy Association)

ကိုယ်ဝန်ဆောင် အပတ်ရေ(၃၀) မှာဆိုရင်

ဆံပင်တွေ ပိုထူလာမယ်။ ဒါပေမယ့် မွေးပြီးရင်တော့ အကျွတ်မြန်လာမှာဖြစ်ပြီး ပါးသွားမှာပါ။ ဒီအချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အရွတ်တွေ ပြေလျော့လာတဲ့အတွက် အဆစ်တွေမခိုင်တော့ ဟန်ချက်ထိန်းရပိုခက်လာပါတယ်။ ဒီအရွတ်တွေ ပြေလျော့တာက ခြေထောက်ကို ကားစေတဲ့အတွက် သက်တောင့်သက်သာရှိအောင် ဖိနပ်ဆိုဒ်အသစ် ပြောင်းစီးတာပိုကောင်းပါတယ်။

 အသက်ရှူကြပ်တာလည်း ဖြစ်လာနိုင်ပါတယ်

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ သားအိမ်က သန္ဓေသားလေး ကြီးလာတာနဲ့အမျှ နေရာအလုံအလောက်ပေးရတာမို့ ကြီးလာပြီး အဆုတ်အပါအဝင် တခြားအင်္ဂါအစိတ်အပိုင်းတွေကို သွားဖိနေတာကြောင့်ပါ။ အသက်ရှူကြပ်တာ အကြိမ်ရေ များလာရင်တော့ ဆရာဝန်ဆီ သွားပါ။

မေမေလောင်းတို့ ဆရာဝန်ဆီ ပုံမှန်သွားဖို့ လိုပါတယ်(Photo: American Pregnancy Association)

 ဆရာဝန်ဆီ ပုံမှန်သွားဖို့ လိုပါတယ်

သွေးပေါင်စစ်ခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်းနဲ့ သန္ဓေသားလေးရဲ့ အနေအထား မှန်မမှန်တွေ စစ်ဆေးပေးဖို့ လိုပါတယ်။ ကလေးက လှုပ်ရဲ့လား၊ ဘယ်နှစ်ကြိမ်လောက် လုပ်သလဲ၊ အနည်းဆုံး (၁၀) ကြိမ်လောက် လှုပ်ရဲ့လားဆိုတာ ဆရာဝန်က မေးမှာပါ။ ဒါကြောင့် ဆရာဝန် ပြန်ချိန်းတဲ့ ရက်တွေမှာ ပြန်ပြပါ။

မေမေလောင်းတို့ အသက်ရှူကြပ်တာက သန္ဓေသားလေးကို တိုက်ရိုက်ထိခိုက်နိုင်မှု မရှိပေမယ့် မေမေလောင်းတို့ အသက်ရှူကြပ်တာတွေ သက်သာဖို့အတွက် ဆေးတွေ သောက်ရရင်တော့ သန္ဓေသားလေးဆီ သက်ရောက်များပါတယ်။ ဒါကြောင့် ဆရာဝန် မညွှန်ကြားတဲ့ ဆေးတွေ မသောက်ရပါဘူး။ အိပ်ဆေးတွေလည်း ဆရာဝန် မညွှန်ကြားဘဲ မသောက်ရပါဘူးနော်။ အသက်ရှူကြပ်တာကြောင့် အိပ်မပျော်တာတွေ ဖြစ်လာရင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ ဆရာဝန် ပြောပြပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အသွားအလာ၊ အနေအထိုင်နဲ့ အစားအသောက်တို့ကို အရင်ကထက် ပိုပြီးဂရုစိုက်ပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles