ဗိုက်ထဲက ကလေးလေး(၂) ပေါင်ရှိလာတဲ့ ကိုယ်ဝန်ဆောင်ကာလ

by: Phyo Pyae Thu
 4 comments  67 love

မေမေလောင်းလေးတို့ ကလေးအလှုပ်နည်းလို့ စိတ်ပူတယ်ဆိုရင် ဆရာဝန်ပြဖို့ လိုပါတယ်။ ဆရာဝန်က ကလေးလှုပ်တဲ့ အခြေအနေ အကြိမ်အရေအတွက်တွေကို မေးမှာပါ။

မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ဆောင်အချိန်ကာလ ကြာလာတာနဲ့အမျှ ဗိုက်ထဲက သန္ဓေသားလေး အလေးချိန် တဖြည်းဖြည်း ဖွံ့ဖြိုးလာမှာပါ။ မေမေ့ ဗိုက်ထဲက ကလေးလေး ခန္ဓာကိုယ်အလေးချိန်(၂) ပေါင်လောက် ရှိလာပြီဆိုရင်တော့ မေမေလောင်းလေးတို့ ကိုယ်ဝန်(၂၉) ပတ်လောက်ကို ရောက်လာပါပြီ။

အရပ်ကတော့ (၃၈.၁) စင်တီမီတာလောက် ရှိနေပါပြီ (photo: Tommy’s)

မေမေလောင်းတို့ရဲ့ ဗိုက်ထဲက ကလေးက အရပ်ကတော့ (၃၈.၁) စင်တီမီတာလောက် ရှိနေပါပြီ။ မေမေလောင်းလေးတို့ အသက်ရှူရခက်လောက်အောင်လည်း လှုပ်နေပါပြီ။ သန္ဓေသားလေးက (၂) နာရီကို (၁၀) ကြိမ်လောက် လှုပ်မှာပါ။ ကလေးလေးလှုပ်တာနည်းလာတယ်လို့ သတိထားမိရင် ဆရာဝန်ဆီပြပါ။ အကြိမ်ရေကို မှတ်ထားပါနော်။

ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားရမယ့် အချက်တစ်ချက်ကတော့ ခဲပါတဲ့ ပစ္စည်းတွေပါ (photo: Tommy’s)

ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ရင်ပူတာတွေ၊ ဝမ်းချုပ်တာတွေ ခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ ကိုယ်ဝန်ဟော်မုန်းပရိုဂျက်စတာရုမ်းက ချောမွေ့တဲ့ ကြွက်သားတွေကို ဖြေလျှော့လိုက်တာ အစာအိမ်အူလမ်းကြောင်းက ကြွက်သားတွေပါ ပါသွားလို့ပါ။ ဒီလိုဖြစ်တာ လေတက်ပြီး မအီမသာဖြစ်စေတဲ့အပြင် ၀မ်းပါချုပ်စေပါတယ်။
ကြီးထွားလာတဲ့ သားအိမ်က သွေးလိပ်ခေါင်းကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စအိုဝတစ်ဝိုက်မှာ သွေးကြောတွေ ယောင်တတ်ပါတယ်။ ဒါပေမယ့် ဒီသွေးတွေက မွေးပြီးတဲ့အပတ်ကျရင် ရှင်းသွားမှာဆိုတော့ စိတ်ပူစရာမလိုပါဘူး။ မေမေလောင်းလေးတို့ ကလေးအလှုပ်နည်းလို့ စိတ်ပူတယ်ဆိုရင် ဆရာဝန်ပြဖို့ လိုပါတယ်။ ဆရာဝန်က ကလေးလှုပ်တဲ့ အခြေအနေ အကြိမ်အရေအတွက်တွေကို မေးမှာပါ။ မေမေလောင်းတို့ တိတိကျကျ ဖြေနိုင်လေ ကောင်းလေပါပဲ။

ဘာတွေကို ဂရုစိုက်ရမလဲ

မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ဆိုးဆေး ဆိုးတာတွေ၊ ဆံပင်ဖြောင့်တာတွေ အစရှိသလို တစ်ခုခု လုပ်ချင်နေမှာပါ။ ဒါက ပြောင်းလဲလာတဲ့ ဟော်မုန်းတွေကြောင့်ပါ။ မေမေလောင်းတို့ ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားရမယ့် အချက်တစ်ချက်ကတော့ ခဲပါတဲ့ ပစ္စည်းတွေပါ။ ခဲနဲ့ ထိတွေ့မိတာ၊ ခဲများတဲ့ အလှကုန်တွေနဲ့ ထိတွေ့တာကို သတိထားရပါမယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ ဒီလိုပစ္စည်းတွေနဲ့ ထိတွေ့တာဟာ မွေးလာမယ့် ကလေးလေးရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို ထိခိုက်စေပါတယ်။

မေမေလောင်းလေးတို့ရေ သန္ဓေသားလေး (၂) ပေါင်လောက်ရှိလာတဲ့ ကိုယ်ဝန်ဆောင်ချိန် (၂၉) ပတ်မှာ ကလေးလှုပ်တဲ့အရေအတွက်ကို မှတ်ထားဖို့နဲ့ ခဲဆေးတွေ မထိဖို့ပါပဲနော်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x