ကိုယ်ဝန်စရှိတဲ့ ပထမလမှာ ဘာအစားအစာတွေ စားသင့်လဲ

by: Nang Htwe
 0 comments  0 love

ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတိန်းဓါတ် အရေးကြီးပါတယ်။ အသားထဲမှာ ပရိုတိန်းဓါတ် ပါဝင်ပါတယ်။ ကျက်အောင် ချက်ပြုတ်ပါ။ အစိမ်းစားတာကိုတော့ ရှောင်ရှားရပါမယ်။

ကိုယ်ဝန်ရှိပြီဆိုတာ သိသိချင်း အာဟာရပြည့်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ရတော့မှာပါ။ ကိုယ်ဝန်ပထမလမှာ မေမေလောင်းတို့ ဘာတွေစားရမယ်ဆိုတာ Kalay ကနေ ပြောပြပေးမယ်နော်။

ကိုယ်ဝန်ရှိပြီဆိုတာ သိသိချင်း အာဟာရပြည့်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ရတော့မှာပါ (Photo by Baby360)

ကိုယ်ဝန်စရှိတဲ့ ပထမလမှာ ဘာအစားအစာတွေ စားသင့်လဲ

ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာများ

ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးရပါမယ်။ ကိုယ်ဝန်ပထမသုံးလမှာ ဖောလစ်အက်ဆစ်က အလွန်အရေးကြီးပါတယ်။ ဖောလစ်အက်ဆစ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ လိမ္မော်သီး၊ အာလူး၊ ပန်းဂေါ်ဖီစိမ်း (ဘရိုကိုလီ)၊ ကညွတ်၊ ကြက်ဥ၊ ပဲနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်။

ဗီတာမင် B6

ကိုယ်ဝန်ပထမလမှာ ပျို့အန်တာကို ခံစားရနိုင်ပါတယ်။ ဗီတာမင် B6 ပါဝင်တဲ့ အစားအစာတွေက ပျို့အန်တာကို နည်းသွားအောင် အကူအညီပေးပါတယ်။ အစေ့အဆန်၊ ဆော်လမွန်၊ မြေပဲ နဲ့ အခွံမာအသီးတွေကို စားသုံးပေးသင့်ပါတယ်။

အသီးများ

အသီးအနှံတွေကို စားပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာစေပါတယ်။ အသီးအနှံတွေထဲမှာ ဗီတာမင် D၊ ရေဓါတ်နဲ့ antioxidants တို့ ကြွယ်ဝစွာပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့အနေနဲ့ အသား၊ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတို့ကို မျှမျှတတ စားပေးပါ (Photo by health.usnews)

နို့နဲ့ နိုထွက်ပစ္စည်း

နွားနို့မှာ ပရိုတိန်း၊ ဗီတာမင်၊ ကယ်ဆီယမ်၊ ရေ၊ ကျန်းမာရေးကို အထောက်အကူပြုတဲ့အဆီ၊ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင် D တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒိန်ချဉ်ကလည်း နွားနို့လိုပဲ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

အသား

ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတိန်းဓါတ် အရေးကြီးပါတယ်။ အသားထဲမှာ ပရိုတိန်းဓါတ် ပါဝင်ပါတယ်။ ကျက်အောင် ချက်ပြုတ်ပါ။ အစိမ်းစားတာကိုတော့ ရှောင်ရှားရပါမယ်။

သံဓါတ်

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓါတ်ဆေးဝါးကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း စားသုံးဖို့လိုပါတယ်။ Beetroot ၊  oatmeal၊ ဖွဲနု၊ ငါးသေတ္တာ၊ ပဲ၊ အသီးခြောက်၊ ကြက်သားနဲ့ ဆိတ်သားတို့မှာ သံဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့အနေနဲ့ အသား၊ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတို့ကို မျှမျှတတ စားပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

From Kalay with

Tag: 1st Montheatpregnancy

Comments

0 comments
Latest video
Refer to more useful articles
x