ကိုယ်ဝန်ဆောင်ကာလ ခရီးတစ်ဝက် အပြောင်းအလဲများ 

by: Nang Htwe
 0 comments  2 love

ဦးနှောက်ဧရိယာတဝိုက်မှာလည်း အာရုံကြောတုန့်ပြန်မှုတွေဖြစ်တဲ့ အမြင်အာရုံ၊ ထိတွေ့နိုင်တဲ့ အာရုံခံစားမှု၊ အရသာခံနိုင်တဲ့ အာရုံ တွေ အလျင်အမြန် ဖွံ့ဖြိုးလာနေပါတယ်။

ဗိုက်ထဲက သန္ဓေသားလေးမှာ သေးငယ်တဲ့ပါးစပ်လေးတွေ ဖြစ်ပေါ်နေပြီးပါပြီနော်။ ကိုယ်ဝန်သက်တမ်း(၁၉)ပတ်ကို လအနေနဲ့တွက်မယ်ဆိုရင်တော့ (၅)လထဲမှာရှိနေပါတယ်။  ကိုယ်ဝန်ဆောင်ကာလ ခရီးတစ်ဝက်ကို ရောက်နေပါပြီ။ ကိုယ်ဝန်(၁၉)ပတ်အရောက်မှာ သန္ဓေသားလေး ဘယ်လောက်တောင်ဖွံ့ဖြိုးနေပြီးလဲဆိုတာကတော့

ကိုယ်ဝန်သက်တမ်း(၁၉)ပတ်

ဗိုက်ထဲက သန္ဓေသားလေးမှာ သေးငယ်တဲ့ပါးစပ်လေးတွေ ဖြစ်ပေါ်နေပြီးပါပြီနော် (Photo by SMA Baby Club)

ကိုယ်ဝန်သက်တမ်း (၁၉)ပတ်မှာ

ကိုယ်ဝန်သက်တမ်း (၁၉)ပတ်ကာလမှာ သန္ဓေသားလေး ဆက်လက်ကြီးထွားနေပါတယ်။ ဗိုက်ထဲက ကလေးလေးရဲ့ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတော်တော်များများလည်း အလုပ်လုပ်နေပါပြီ။ သန္ဓေသားလေးရဲ့ ခန္ဓာကိုယ်ကို  Vernix Caseos လို့ခေါ်တဲ့ ချိစ့်ပုံစံ အဖြူရောင်အရာဝတ္ထုတွေနဲ့ ကလေးငယ်ရဲ့ အသားအရည်ကို ဖုံးအုပ်ထားပါတယ်။ Vernix Caseos ဟာဆိုရင် သန္ဓေသားလေးရဲ့ အသားအရည်မခြောက်အောင်နဲ့ ရေမြွှာရည်ရဲ့ တင်းမာမှုတွေ အသားအရည်ပေါ် သက်ရောက်မှုမဖြစ်အောင် ကာကွယ်ပေးထားတာပါ။

သန္ဓေသားလေး ဘယ်လောက်ထိ ကြီးနေပြီလဲ

မေမေလောင်းတို့ရေ သက်တမ်း (၁၉)ပတ် သန္ဓေသားလေးရဲ့ အရွယ်အစားဟာဆိုရင် ပုံမှန်သရက်သီးတစ်လုံး ဆိုဒ်လောက်ရှိနေပါတယ်။ သန္ဓေသားလေးရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ အရွယ်အစားက တစ်ရက်ပြီးတစ်ရက် တိုးလာနေပါတယ်။ ကိုယ်ဝန်သက်တမ်း (၆)ပတ်တုန်းက တိုင်းတာချက်အရကတော့ အရွယ်အစား (၆)လက်မရှိနေပြီး ကိုယ်အလေးချိန်ကတော့ (၂၄၀) ဂရမ်ပါ။

သန္ဓေသားလေးရဲ့ တည်နေရာ

သက်တမ်း (၁၉)ပတ်က မေမေလောင်းတို့အတွက် စိတ်လှုပ်ရှားစရာကာလလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကလေးလေးက သားသားလေးလား၊ မီးမီးလေးလားဆိုတာ တိတိကျကျ သိပြီဖြစ်တဲ့ အချိန်လေးဖြစ်လို့ပါ။ ကိုယ်ဝန်ပထမပိုင်းအချိန်မှာတုန်းက သားသားလေးလား၊ မီးမီးလေးလားဆိုတာ တိတိကျကျ မသိသေးတာကြောင့် မေမေတို့အနေနဲ့ ကလေးပစ္စည်းအချို့နဲ့ နာမည်အတွက် မေမေလောင်းတို့က အခုချိန်ကို စောင့်ဆိုင်းနေရတာကြောင့်ပါ။ သားသားလား၊ မီးမီးလား တိတိကျကျသိပြီဆိုတော့ ကလေးပစ္စည်းဝယ်ယူတာ စတင်လို့ရပြီဖြစ်သလို အိမ်ခေါ်နာမည်လေးတွေကိုလည်း သတ်မှတ်ပေးနိုင်ပါပြီ။ သန္ဓေသားရဲ့ ဦးခေါင်းက မေမေလောင်းတို့ရဲ့ ချက်အထက်မှာရှိနေပြီး ခြေထောက်ကတော့ သားအိမ်ရဲ့အောက်ခြေမှာ ရှိနေပါတယ်။

ကိုယ်ဝန်(၁၉)ပတ်

မေမေလောင်းတို့ရေ သက်တမ်း (၁၉)ပတ် သန္ဓေသားလေးရဲ့ အရွယ်အစားဟာဆိုရင် ပုံမှန်သရက်သီးတစ်လုံး ဆိုဒ်လောက်ရှိနေပါတယ် (Photo by Flo)

သန္ဓေသားလေး တိုးတက်လာမှု အဆင့်ဆင့်

မေမေလောင်းတို့ရေ ကိုယ်ဝန်သက်တမ်း (၁၉)ပတ်မှာ သန္ဓေသားလေးရဲ့ ဦးခေါင်းကနေ ဆံပင်လေးတွေ ပေါက်လာနေပါပြီ။ ဦးနှောက်ဧရိယာတဝိုက်မှာလည်း အာရုံကြောတုန့်ပြန်မှုတွေဖြစ်တဲ့ အမြင်အာရုံ၊ ထိတွေ့နိုင်တဲ့ အာရုံခံစားမှု၊ အရသာခံနိုင်တဲ့ အာရုံ စတဲ့ အာရုံကြောတွေ အလျင်အမြန် ဖွံ့ဖြိုးလာနေပါတယ်။ နောက်ပြီး သန္ဓေသားလေးရဲ့ မျိုးပွားစနစ်ကလည်း အလျင်အမြန်ဖွံ့ဖြိုးလာနေပါတယ်။ မီးမီးလေးတွေမှာတော့ သားအိမ်၊ လိင်အင်္ဂါနဲ့ Fallopian tubes တွေ ဖြစ်ပေါ်နေပါပြီ။ သားသားလေးတွေမှာတော့ လိင်အင်္ဂါကြီးထွားနေဆဲလ်ဖြစ်ပြီး ဝှေ့စေ့အဖွဲ့အစည်း ဖြစ်ပေါ်ခဲ့ပြီးပါပြီ။

သန္ဓေသားလေးတစ်ရက်ပြီးတစ်ရက် ကြီးထွားလာတာကို မေမေလောင်းတို့ ဘယ်လိုနိုင်လဲ။ ကိုယ်ဝန်(၅)လကစပြီး ဗိုက်ထဲက ကလေးလေး လှုပ်တာကို ခံစားမိနေတာက သန္ဓေသားကြီးထွားလာတဲ့ လက္ခဏာပါ။ အများကြီးတော့ လှုပ်ရှားဦးမှာ မဟုတ်သေးပါဘူး။ တချို့ရက်တွေမှာ ကလေးလှုပ်တာကို သတိထားမိမှာပါ။ ကိုယ်ဝန်(၁၉)ပတ်မှာ သန္ဓေသားလေးရဲ့ အိပ်စက်ခြင်းစက်ဝန်း ဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်တွေတုန်းက သန္ဓေသားလေးရဲ့ အသားအရည်က ကြည်လင်တာကြောင့် ခန္ဓာကိုယ်ထဲက သွေးကြောတွေကို မြင်နေရခဲ့ပါတယ်။ အခု သက်တမ်း (၁၉)ပတ်မှာတော့ သန္ဓေသားရဲ့ အသားအရည်က ရောင်ခြည်ပစ္စည်းတွေ ပိုမိုထုတ်လုပ်ပေးနေပြီးဖြစ်တာကြောင့် အသားအရည်အရောင် ပြောင်းလဲလာနေပါပြီ။

နောက်အပတ်မှာလည်း ကိုယ်ဝန်ဆောင်ကာလ ခရီးတစ်ဝက် အပြောင်းအလဲမှ မေမေလောင်းတို့ ကြုံရမယ့် အတွေ့အကြုံတွေကို ထပ်ပြီးပြောပြပေးသွားဦးမယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles