ဗိုက်ထဲက ကလေးလေး ကန်စွန်းဥအရွယ်

by: Phyo Pyae Thu
 2 comments  82 love

ဒီအရွယ်မှာ မေမေလောင်းတို့ ဗိုက်ထဲက ကလေးလေးလှိမ့်တာ လည်နေတာ ကန်တာကို သိလာပြီနော်

မေမေတို့ရေ ကိုယ်ဝန်ဆောင်အပတ်ရေကို လိုက်ပြီး ဗိုက်ထဲက သန္ဓေသားလေးက ကြီးထွားလာမှာပါ။ မေမေလောင်းတို့ ကိုယ်ဝန်ဆောင်ချိန် (၁၈) ပတ်မြောက်မှာ ဗိုက်ထဲက ကလေးလေးအရွယ်က ကန်စွန်းဥအရွယ်လောက် ရှိနေပါပြီ။ ကလေးလေးလှိမ့်တာ လည်နေတာ ကန်တာကို သိလာပြီနော်။ ကလေးသန်းတာကအစ ကြို့ထိုးတာအထိကို မေမေတို့သိနေပါပြီ။ နားရွက်လေးကလည်း ဖွံ့ဖြိုးပီးသားဆိုတော့ မေမေတို့ အသံကိုကောင်းကောင်းကြားနိုင်ပါတယ်နော်။

ကလေးကိုစကားစပြောဖို့ အချိန်ကောင်းပဲနော်

ကလေးလေးက မေမေတို့အသံ၊ နှလုံးခုန်သံ၊ အချင်းကိုဖြတ်ပြီးသွေးစီးသံကိုကြားရတဲ့အခါ စိတ်သက်သာရာရစေပါတယ်။ ကလေးလေးရဲ့မျက်လုံးလေးတွေက အရင်ကလို ဘေးကိုဆွေမနေတော့ဘဲ အရှေ့တည့်တည့်ကိုကြည့်နိုင်တဲ့အထိကို ကောင်းကောင်းဖွံ့ဖြိုး လာပါပြီ။ ဒီအချိန်မှာ ဗိုက်အရှေ့ကနေပြီး ဓါတ်မီးနဲ့ထိုးရင် ကလေးလေးက သိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် (၁၈) ပတ်မြောက်မှာ ဗိုက်ထဲက ကလေးလေးအရွယ်က ကန်စွန်းဥအရွယ်လောက် ရှိနေပါပြီ(Photo: Baby Corner)

မေမေလောင်းတို့ဆီမှာ ခန္ဓာကိုယ်ပြောင်းလဲမှု အနေနဲ့

ကျောနာတာ ပိုဖြစ်လာနိုင်ပါတယ်။ ဗိုက်က ပိုကားလာလေလေ ခါးအောက်ပိုင်းက ပိုနာလာလေပါ။ ဒီလိုဖြစ်တဲ့ အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်ဟော်မုန်းက တင်ပါးကအရိုးတွေနဲ့ အရွတ်တွေကို လျော့ရဲလာအောင် လုပ်လို့လည်း ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာတွေ သက်သာစေဖို့အတွက် တစ်နာရီထက်ပိုကြာအောင် မထိုင်ပါနဲ့။ ကြွက်သားနဲ့ အဆစ်နေရာတွေကို လှုပ်ရှားပေးပါ။

သွေးလည်ပတ်အားကောင်းအောင် တစ်နာရီခြားတစ်ခါ မတ်တပ်ရပ်ပြီးလှုပ်ရှားတာမျိုး လုပ်ပေးပါ။ အလုပ်က တစ်နေရာတည်း အကြာကြီးထိုင်နေရတာမျိုးဆို ကျောမှာ ဖိအားတွေသိပ်မများအောင် ခြေထောက်တင်ဖို့ ခုံလေးထားထားပါ။ အလေးအပင်လေးတွေလည်း မ လို့မရပါဘူးနော်။ မလုပ်မဖြစ် လုပ်ရမယ်ဆိုရင်တော့ ဖြည်းဖြည်းဘဲ မ ပါ။ ရပ်ရင် ခြေနှစ်ဘက်ကို ပခုံးအကျယ်လောက် ရပ်ပေးးပါ။ ကုန်းရင်လည်း ဒူးကအရင်ကွေးပြီးမှ ကုန်းပါ။

ခန္ဓာကိုယ်ပြောင်းလဲမှု အနေနဲ့ ကျောနာတာ ပိုဖြစ်လာနိုင်ပါတယ်(Photo: Baby Corner)

 ကိုယ်ဝန်ဆောင်ချိန်မှာ ပင်လယ်စာ စားလို့ရတယ်ဆိုပေမယ့်

နည်းနည်းပဲ စားပါ။ ပင်လယ်စာက အာဟာရအပြည့်အ၀ပါပေမယ့် အဆိပ်ဖြစ်နိုင်တဲ့ ပိုးသတ်ဆေး၊ ပြဒါးဓာတ်၊ ဓာတုပစ္စည်းတွေပါနိုင်ပါတယ်။ ဒီလိုပစ္စည်းတွေ များသွားတယ်ဆိုရင် ကလေးလေးဖွံ့ဖြိုးတာကို ထိခိုက်စေနိုင်ပါတယ်။ မေမေလောင်းလေးတို့ ကိုယ်ဝန်(၁၈) ပတ်မှာ အာထွာရာဆောင်း မရိုက်ရသေးရင် ရိုက်ပေးတော့နော်။

ဒါမှ အထဲက သန္ဓေသားလေး နေကောင်းမကောင်း သိနိုင်မှာဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles