ကိုယ်ဝန်သက်တမ်း(၁၇)ပတ်မှာ ကြုံတွေ့ရမယ့် အပြောင်းအလဲများ

by: Nang Htwe
 0 comments  23 love

ကိုယ်ဝန်သက်တမ်း(၁၇)ပတ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေပြောင်းလဲခြင်းနဲ့ စိတ်ခံစားချက် အပြောင်းအလဲကို ကြုံတွေ့ရနိုင်ပါတယ်။

ကိုယ်ဝန်သက်တမ်း(၁၇)ပတ်ကတော့ ကိုယ်ဝန်ဆောင်ချိန် ဒုတိယပိုင်းထဲမှာရှိနေပါတယ်။ မေမေလောင်းတို့ရဲ့ ဗိုက်ထဲမှာရှိတဲ့ သန္ဓေသားလေးကတော့ တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးနေပါတယ်။

ကိုယ်ဝန်သက်တမ်း(၁၇)ပတ်ကတော့ ကိုယ်ဝန်ဆောင်ချိန် ဒုတိယပိုင်းထဲမှာရှိနေပါတယ်

ကိုယ်ဝန်သက်တမ်း(၁၇)ပတ်မှာ မေမေလောင်းတို့ ကြုံတွေ့ရမှာက

  • အစာခြေစနစ်နှေးကွေးနေတာကြောင့် ရင်ပူတာကို ခံစားရနိုင်ပါတယ်။
  • ဝမ်းချုပ်တာနဲ့ လေထိုးလေအောင့်ပြဿနာကိုလည်း ကြုံတွေ့နိုင်ပါတယ်။
  • ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ခံစားချက် မငြိမ်မသက်ဖြစ်တာကိုလည်း ကြုံတွေ့ရမှာပါ။
  • ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေအရောင်လည်း ပြောင်းလဲနေပါတယ်။
  • ခြေလက်နာကျင်တာတွေနဲ့ လေးလံတာကိုလည်း ကြုံတွေ့ဦးမှာပါ။

မေမေလောင်းတို့ရဲ့ ဗိုက်ထဲမှာရှိတဲ့ သန္ဓေသားလေးကတော့ တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးနေပါတယ် (Photo by parenting firstcry)

ဒီအချိန်မှာ မေမေလောင်းတို့ ဘာတွေစားပေးသင့်လဲ

  • ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အသား၊ငါး၊ ကြက်သားနဲ့ ပဲအမျိုးမျိုးတို့ကို စုံလင်အောင် စားပေးသင့်ပါတယ်။
  • နေ့စဉ်စားတဲ့အစားအစာတွေထဲမှာ အနီရောင်အသားကို မဖြစ်မနေ ထည့်သွင်းစားပေးသင့်ပါတယ်။
  • အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ လတ်ဆက်တဲ့ အသီးအနှံတွေကို နေ့စဉ်စားသုံးပေးရပါမယ်။
  • နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲနဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ်စားသုံးပေးပါ။
  • ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေနဲ့ ဆေးဝါးတွေကို နေ့စဉ်သောက်သုံးဖို့ မမေ့ပါနဲ့။
  • ဗီတာမင်စီပါဝင်တဲ့ ဖြည့်စွက်ဆေးဝါးတွေနဲ့ အသီးအနှံတွေကို နေ့စဉ်စားသုံးပေးပါ။
  • ဇင့်ပါဝင်တဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးပါ။
  • အခွံမာအသီးတွေနဲ့ အဆီပါဝင်မှုနည်းတဲ့ အစားအစာတွေကို နေ့စဉ်စားပေးပါ။
  • ဒီအချိန်မှာ ဆာလောင်တာတွေ မရှိစေဖို့ သတိထားပါ။

ကိုယ်ဝန်ဆောင်မေမေတို့ နေ့စဉ်ပြုလုပ်ပေးရမှာက

  • ထိခိုက်ဒဏ်ရာမရှိအောင် နေထိုင်ပါ။
  • တကိုယ်ရည်သန့်ရှင်းရေးကို နေ့စဉ်ပြုလုပ်ပါ။
  • ရေဓာတ်ခမ်းခြောက်တာတွေ မဖြစ်ရလေအောင် ရေများများသောက်ပေးပါ။
  • အစားအစာကို မကြာခဏ စားပေးပါ။
  • ကျန်းမာရေး စစ်ဆေးပေးပါ။
  • အကောင်းမြင်စိတ်ထားပါ။
  • ယောဂ သို့မဟုတ် လေ့ကျင့်ခန်းကို နေ့စဉ်ပြုလုပ်ပါ။
  • နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ။

ဒီအချိန်မှာ မေမေလောင်းတို့ ရှောင်ရှားရမှာက

  • အစားမစားခြင်း
  • တကိုယ်ရည်သန့်ရှင်းမှု မပြုလုပ်ခြင်း
  • အလွယ်စားများစားခြင်း
  • အရက်နဲ့ ဆေးလိပ်သောက်ခြင်း
  • စိတ်ဖိစီးမှုများခြင်းနဲ့
  • လေ့ကျင့်ခန်းမပြုလုပ်တာတွေကို ရှောင်ရှားရပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ပြင်းထန်တဲ့ ဝေဒနာကို ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles