ကိုယ်အလေးချိန် (၁၀၀)ဂရမ် ရှိနေတဲ့ ဗိုက်ထဲက ကလေးလေး

by: Nang Htwe
 0 comments  0 love

အခုချိန်မှာ ကလေးရဲ့ လိင်အင်္ဂါအဖွဲ့အစည်းတွေ ပြီးပြည့်စုံနီးပါး ဖွံ့ဖြိုးနေပါပြီ။ မျက်လုံးလေးတွေကို ဖုံးအုပ်ထားဆဲဖြစ်ပေမယ့်လည်း အလင်းကို အာရုံခံတတ်နေပါပြီ။

ကိုယ်ဝန်(၁၆)ပတ်ကတော့ ခန္ဓာကိုယ်အပြောင်းအလဲ သိသာလာပြီး မေမေလောင်းတို့အတွက်တော့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ပါ။ တချို့မေမေလောင်းဆိုရင် ဒီအချိန်မှာ ကလေးလှုပ်တာကို သတိထားမိနေပါပြီ။ ဗိုက်ထဲက ကလေးလေးကလည်း မေမေလောင်းတို့ရဲ့ အသံကို မှတ်မိနေပြီဖြစ်လို့ ဗိုက်လေးကို ပွတ်ပြီး ကလေးနဲ့ စကားပြောလို့ရပါပြီ။

မျက်လုံးလေးတွေကို ဖုံးအုပ်ထားဆဲဖြစ်ပေမယ့်လည်း အလင်းကို အာရုံခံတတ်နေပါပြီ (Photo by FirstCry Parenting)

ကလေးလေး ဖွံ့ဖြိုးလာခြင်း

အခုချိန်မှာ ကလေးရဲ့ လိင်အင်္ဂါအဖွဲ့အစည်းတွေ ပြီးပြည့်စုံနီးပါး ဖွံ့ဖြိုးနေပါပြီ။ မျက်လုံးလေးတွေကို ဖုံးအုပ်ထားဆဲဖြစ်ပေမယ့်လည်း အလင်းကို အာရုံခံတတ်နေပါပြီ။ အသံတွေကို ကလေးကမှတ်သားနေပြီး ဗိုက်ထဲမှာ နွေးနွေးထွေးထွေး ရှိနေပါတယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်လောက်မှာ လည်ပင်းနဲ့ ဦးခေါင်း ဖြောင့်တန်းလာပါမယ်။ ကလေးရဲ့ မျက်နှာက ပီပီပြင်ပြင်ဖြစ်လာနေပြီး မျက်မှောင့်ကျုံ့တာနဲ့ တွန့်တာ ပြုလုပ်တတ်နေပါပြီ။ ဒါပေမယ့် ကလေးရဲ့ အရည်ပြားလေးတွေကတော့ ကြည်နေတုန်းပါ။

ကလေးရဲ့ ကိုယ်အလေးချိန်

ဒီအချိန်မှာ ကလေးရဲ့ ကိုယ်အလေးချိန်က (၁၀၀)ဂရမ် နီးပါးရှိနေပြီး အရှည်ကတော့ (၄)လက်မနဲ့ (၅)လက်မ အတွင်းပါ။ ဒီအချိန်မှာ ကလေးရဲ့ လိင်အင်္ဂါက ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာ ဆရာဝန်က ကြည့်ပေးလို့ရပါတယ်။ အရွယ်အစားအရ သာမန်ထောပတ်သီးတစ်လုံးအရွယ်အစားဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အနည်းနဲ့အများ ကွာခြားပါလိမ့်မယ်။

ဒီအချိန်မှာ မေမေလောင်းတို့ ကိုယ်လေးချိန် တက်လာမယ် (Photo by Mother, Baby & Kids)

မေမေလောင်းတို့ရဲ့ အပြောင်းအလဲ

ဒီအချိန်မှာ မေမေလောင်းတို့ ကိုယ်လေးချိန် တက်လာမယ်။ အဝတ်အစားပြောင်းလဲ ဝတ်ရမယ်။ ဗိုက္ဖုံးအက်ႌ စၿပီး ဝတ္ရမယ့္အခ်ိန္ပါ။ စိတ်ခံစားချက်တွေ အပြောင်းအလဲဖြစ်နေမယ်။ ဗိုက်ကြောပြတ်တာ စကြုံရမယ်။

ကိုယ်အ‌လေးချိန် တက်လာတာနဲ့ ဗိုက်အကြောပြတ်တာကို မေမေလောင်းတို့အနေနဲ့ တအား မတွေးဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ နေ့တိုင်းစားဖို့၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles