ကိုယ်ဝန်သက်တမ်း ရက်(၁၀၀)မှာ ဘာတွေပြောင်းသွားလဲ

by: Nang Htwe
 1 comments  74 love

ဟော်မုန်းအပြောင်းအလဲကြောင့် မေမေလောင်းတို့ရဲ့ အသားအရေတွေက ပန်းရောင်သန်းနေပြီး ဆံသားတွေကလည်း ထူနေတာကို ကြုံတွေ့ရနိုင်ပါတယ်။

ကိုယ်ဝန်သက်တမ်းရက် (၁၀၀)ကတော့ ကိုယ်ဝန်ဆောင်ချိန်ဒုတိယပိုင်းကို စတင်ဝင်ရောက်လာချိန်ပါ။ ဒီအချိန်မှာ မေမေလောင်းတို့ရဲ့ အသားအရေ၊ မျက်နှာနဲ့ ဆံသားတို့က တောက်ပနေပါတယ်။

မွေးဖွားမယ့်ရက်ကို တွက်ချက်လို့ရပါပြီ (Photo by БэбиБлог)

ကိုယ်ဝန်(၃)လမှာ သန္ဓေသားလောင်းလေး ဘယ်လောက်အထိ ဖွံ့ဖြိုးနေပြီလဲ

ကိုယ်ဝန်(၃)လမှာ သန္ဓေသားလောင်းလေးရဲ့ အရွယ်အစားဟာ ဇီးသီး အရွယ်အစားလောက်ရှိပြီး အရှည်(၂.၁)လက်မနဲ့ အလေးချိန် (၄၉)အောင်စခန့် ရှိပါတယ်။ သန္ဓေသားလောင်းရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ စတင်ဖွံ့ဖြိုးလာတဲ့ အချိန်လည်းဖြစ်ပါတယ်။

သန္ဓေသားလောင်းလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

  • မ်က္စိနဲ့ နားက တဖြည်းဖြည်းပီပြင်လာပြီး မျက်ခုံးနဲ့ နှုတ်ခမ်းလေးတွေကလည်း ပေါ်လာနေပါတယ်။
  • နှလုံးကစတင်အလုပ်လုပ်လာပြီး တစ်မိနစ်ကို နှလုံးခုန်နှုန်း (၁၆၀)ကြိမ်အထိ ရှိလာပါတယ်။
  • အစာခြေစနစ်စတင်အလုပ်လုပ်လာပြီး အစားစားရန် အဆင်သင့်ဖြစ်နေပါပြီ။
  • မကြာခင်မှာ သန္ဓေသားလေးရဲ့ ဦးနှောက်က စတင်အလုပ်လုပ်တော့မှာဖြစ်ပါတယ်။
  • ပြင်ပက လှုံဆော်မှုတွေကို ပြန်လည်တုန့်ပြန်နိုင်လာပါပြီ။
  • ရိုးတွင်းခြင်ဆီကနေ သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်ပေးနေပါတယ်။
  • မျက်လုံးကြွက်သားတွေက စတင်အလုပ်လုပ်လာပါပြီ။
  • ပါးစပ်လှုပ်ရှားမှုတွေလည်း စတင်နေပါပြီ။
  • အသည်းကလည်း စတင်အလုပ်လုပ်လာပါတယ်။
  • ကျောက်ကပ်က သေးငယ်တဲ့ ဆီးအိမ်ထဲကို ဆီးတွေ ပို့ဆောင်ပေးနေပါပြီ။
  • ဒီအချိန်မှာတော့ သန္ဓေသားလောင်းလေးက ယောကျာၤးလေး သို့မဟုတ် မိန်းကလေးဆိုတာ သိနေဖို့ စောပါသေးတယ်။

သန္ဓေသားလောင်းရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ စတင်ဖွံ့ဖြိုးလာတဲ့ အချိန်လည်းဖြစ်ပါတယ် (Photo by babygaga)

ဒီအချိန်မှာ မေမေလောင်းတို့ ကြုံတွေ့ရမှာက

  • ကိုယ်ဝန်ဆောင်ချိန်မနက်ခင်း ဖျားနာတာကို စတင်ခံစားရနိုင်ပါတယ်။
  • ခေါင်းကိုက်တာနဲ့ ခေါင်းမူးတာတွေကိုလည်း ခံစားရနိုင်ပါတယ်။
  • ကိုယ်ဝန်နုချိန်ဖြစ်တဲ့အတွက် မေမေလောင်းတွေအနေနဲ့ ဆီးဝမ်းသွားအင်္ဂါကနေ ရောဂါပိုးမဝင်အောင် ဂရုစိုက်ရမှာဖြစ်ပါတယ်။ အစိမ်းရောင်၊ အဝါရောင်၊ ပန်းရောင်နဲ့ အညိုရောင် ဝမ်းတွေ သွားခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပေးပါ။
  • သားအိမ်ခေါင်းက အထိခိုက် မခံနိုင်တာကို သတိပြုပါ။
  • သွေးစက်တွေ ကျလာတာကို တွေ့ရှိခဲ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးပါ။
  • ဝမ်းဗိုက်နာကျင်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။
  • ချမ်းတုန်ခြင်းနဲ့ ပျို့အန်တာတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။

ဟော်မုန်းအပြောင်းအလဲများ

အီစထရိုဂျင်ဟော်မုန်းက မေမေလောင်းတို့ရဲ့ အရေပြားအောက်က သွေးကြောတွေကို ထောက်ပံ့မှုပေးတာကြောင့် အသားအရေက ပန်းရောင်ဖျော့ဖျော့နဲ့ ကြည်လင်နေပါတယ်။ အီစထရိုဂျင် ဟော်မုန်းကြောင့် ဆံသားမှာလည်း အဆီပိုထွက်လာပြီး အရောင်တောက်နေတာကို တွေ့ရပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ဆံသားတွေလည်း ထူလာပါတယ်။ ဒီအချိန်မှာတော့ မေမေတို့ရဲ့ ဆံပင်ကထူနေပြီး နောက်လအနည်းငယ်ကြာတဲ့အခါမှာတော့ ဆံပင်ကျွတ်တာတွေနဲ့ ဆုံးရှုံးတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

တစ်ရက်ကို ဆံသား (၁၀၀)ကနေ (၁၂၅)ပင်ထိ ကျွတ်နိုင်ပြီး ကလေးမွေးဖွားပြီးတဲ့အခါမှာတော့ တစ်ရက်ကို အပင်(၅၀၀)အထိ ကျွတ်နိုင်ပါတယ်။ ရင်သားပြောင်းလဲတာကိုလည်း သတိထားမိမှာပါ။ ရင်သားက နို့ထွက်ဖို့ ပြင်ဆင်နေတာကြောင့် အရင်ကနဲ့ မတူဘဲ တဖြည်းဖြည်းကြီးလာပါတယ်။ ရင်သားတဝိုက်မှာလည်း အရောင်တဖြည်းဖြည်းပြောင်းလာတာကို သတိထားမိမှာပါ။ မွေးဖွားမယ့်ရက်ကို တွက်ချက်လို့ရပါပြီ။ မွေးဖွားမယ့် ဆေးရုံနဲ့ ဆရာဝန်တို့ကိုလည်း အခုချိန်ကတည်းက ရွေးချယ်ထားနိုင်ပါပြီ။

အာဟာရပြည့်တဲ့ အစားအစာတွေကို များများစားပေးဖို့ လိုအပ်ပါတယ် (Photo by Capital FM Kenya)

သံဓာတ်ချို့တဲ့ခြင်း

ကိုယ်ဝန်သက်တမ်းရက် (၁၀၀)မှာ မေမေလောင်းတို့ ပင်ပန်းနွမ်းနယ်ပြီး မောပန်းနေတယ်လို့ ခံစားနေရရင် သံဓာတ်ချို့တဲ့ခြင်းရှိမရှိ စစ်ဆေးနိုင်ပါတယ်။ သံဓာတ်ပါဝင်တဲ့ အစားအစာတွေကို ဒီအချိန်မှာ များများစားပေးဖို့လိုပါတယ်။ ကိုယ်ဝန်စဆောင်ချိန်ကစပြီး ရက်(၁၀၀)အတွင်းမှာ သန္ဓေသားရဲ့ ကိုယ်တွင်းအင်္ဂါတွေ စတင်ဖြစ်လာချိန်ဖြစ်တာကြောင့် အာဟာရပြည့်တဲ့ အစားအစာတွေကို များများစားပေးဖို့ လိုအပ်ပါတယ်။ အစားရွေးတာတွေနဲ့ ရှောင်တာတွေကို မပြုလုပ်သင့်ပါဘူး။ ဖောလစ်အက်ဆစ်ကိုလည်း နေ့စဉ်မှန်မှန်သောက်သုံးဖို့ အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ကာလ (၃) လကျော်တဲ့အထိ ပျို့အန်နေသေးရင်

မေမေလောင်းလေးတို့ သိထားပြီး ဖြစ်တဲ့အတိုင်း ပျို့အန်တယ်ဆိုတာကတော့ ကိုယ်ဝန် စရှိတယ်ဆိုတာရဲ့ အစောဆုံးနဲ့ အသိသာဆုံး လက္ခဏာပါ။ ကိုယ်ဝန် စရှိကတည်းက ပျို့အန်တာဟာ ကိုယ်ဝန် (၃) လကျော်တိုင်တဲ့အထိ ဖြစ်နေပါသေးတယ်။ အကယ်လို့ ကိုယ်ဝန်ဆောင်ကာလ (၃) လကျော်ပြီးတဲ့အထိ ပျို့အန်နေတာ မရပ်သေးဘူးဆိုရင်တော့ မေမေလောင်းတို့ ကျန်းမာရေးအတွက် နည်းနည်း စိုးရိမ်ရပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်း

ကိုယ်ဝန်ဆောင်နေစဉ် ကာလ (၃) ကျော်ပြီးတဲ့အထိ ပျို့အန်နေတာက တော်တော်များသေးတယ်ဆိုရင် ရေဓါတ်ခမ်းခြောက်လာပြီး ပျို့အန်တာက အကြိမ်ရေ ဆက်လာပါလိမ့်မယ်။ အကယ်လို့ ရေကို တစ်ခွက် နှစ်ခွက်လောက်ပဲ သောက်မယ်ဆိုရင်တော့ ကျန်းမာရေး တော်တော်ကို ဆိုးရွားလာနိုင်ပါတယ်။ ဆက်တိုက် အန်နေမယ်ဆိုရင် စွမ်းအင်အတွက် သကြားဓါတ်ကို ဖြိုခွဲရမယ့်အစား အဆီတွေကို ဖြိုခွဲပြီး ကီတုံးဓါတ်တွေ ထွက်လာပါလိမ့်မယ်။ ခန္ဓာကိုယ်ထဲမှာ အက်ဆစ်ဓါတ်တွေ များလာစေမယ့် ခန္ဓာကိုယ်အလေးချိန် သိသာလာပါလိမ့်မယ်။ ဒါကြောင့် အော့အန်နေချိန်အတွင်းမှာ အစားအစာ စားချင်စိတ်တွေ ကုန်ဆုံးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလကြာတဲ့အထိ အန်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ (Photo by clickestudante)

ဆရာဝန်နဲ့ပြသခြင်း

ကိုယ်ဝန်ဆောင်ကာလကြာတဲ့အထိ အန်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ အအန်ပျောက်ဆေးများ၊ စတီးရွိုက်များ၊ B 6 နဲ့ B12ဆေးတွေ ဆရာဝန် ပေးမှာပါ။ မြန်မြန်သက်သာချင်တယ်ဆိုရင်တော့ ဆရာဝန်တွေဆီက ဆေးကုသမှုတွေကို အမြန်ဆုံး ခံယူဖို့ လိုပါတယ်နော်။

ပြင်းထန်စွာအန်ခြင်း

အရမ်း ပျို့အန်နေပြီဆိုရင် ကိုယ်ဝန်ကြောင့် ပြင်းထန်စွာ ပျို့အန်ခြင်း (Hyperemesis gravidarum) (HG) ရှိတယ်လို့ ဆိုနိုင်ပါတယ်။ HGက ထပ်တိုး ရောဂါတွေ ဖြစ်စေနိုင်တာကြောင့် ဆေးရုံတင်ဖို့ လိုအပ်ပါတယ်။ မေမေတို့ အားလုံး သတိထားဖို့ လိုတယ်နော်။

 

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့အနေနဲ့ အသွားအလာ၊ အနေအထိုင်နဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles