ကိုယ်ဝန်သက်တမ်း(၁၂)ပတ်မှာ ကြုံတွေ့ရမယ့် အတွေ့အကြုံများ

by: Nang Htwe
 6 comments  63 love

ကိုယ်ဝန်သက်တမ်း(၁၂)ပတ်က မေမေလောင်းတို့ ဂရုစိုက်ရမယ့် အချိန်ဖြစ်တာကြောင့် ဝမ်းနည်းစရာကောင်းတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ သတင်းတွေကို မကြည့်တာအကောင်းဆုံးပါ။ 

ကိုယ်ဝန်သက်တမ်း(၁၂)ပတ်မှာ သန္ဓေသားလောင်းလေးရဲ့ ဖွံ့ဖြိုးမှုက သိသိသာသာဖြစ်ပေါ်လာနေပါပြီ။ လက်ချောင်းလေးတွေစတင်ဖြစ်ပေါ်လာပြီး မျက်စိကြွက်သားကလည်း အဖွင့်အပိတ်ပြုလုပ်နိုင်လာပါတယ်။ နှုတ်ခမ်းလေးတွေကလည်း မွေးဖွားချိန်မှာ နို့စို့ဖို့အတွက် လှုပ်ရှားနေပါပြီ။ ကျောက်ကပ်က အညစ်အကြေးတွေကို ဆီးအဖြစ် ဆီးအိမ်ထဲကို စတင်စွန့်ထုတ်လာပါတယ်။ အစာခြေစနစ် စတင်အလုပ်လုပ်လာပြီး အစားစားရန် အဆင်သင့်ဖြစ်နေပါပြီ။ နှလုံးက စတင်အလုပ်လုပ်လာပြီး တစ်မိနစ်ကို နှလုံးခုန်နှုန်း (၁၆၀)ကြိမ်အထိ ရှိလာပါတယ်။

ကိုယ်ဝန်သက်တမ်း(၁၂)ပတ်မှာ သန္ဓေသားလောင်းလေးရဲ့ ဖွံ့ဖြိုးမှုက သိသိသာသာဖြစ်ပေါ်လာနေပါပြီ (Photo by Romper)

ကိုယ်သက်တမ်း(၁၂)ပတ်မှာ မေမေလောင်းတို့ တွေ့ကြုံရမှာတွေက

  • နို့သီးခေါင်းနဲ့ နို့ပတ်ဝန်းကျင်က အသားအရေတွေ မဲလာတာကို မေမေလောင်းတို့သတိထားမိမှာပါ။ ဟော်မုန်းအပြောင်းအလဲကြောင့် ခါးကနေ ဆီးခုံတစ်လျှောက် အသားအရေအရောင်က မဲလာပါတယ်။ ဒီလိုအသားအရေပြောင်းလဲလာတာကို မေမေလောင်းတို့ စိတ်ပူစရာမလိုပါဘူး။ ကလေးမွေးဖွားပြီးတဲ့အခါမှာတော့ နဂိုအတိုင်းပြန်ဖြစ်သွားမှာပါ။
  • သွေးဖိအားအတိုးအလျော့ကြောင့် မေမေလောင်းတို့အသားအရေ နီးမြန်းလာတာကို တွေ့ရမှာပါ။ ဒီအချိန်မှာ ဝက်ခြံထွက်လာနိုင်တာကြောင့် အသားအရေသန့်ရှင်းကို နေ့တိုင်းပြုလုပ်ပေးဖို့လိုပါတယ်။

ကိုယ်ဝန်သက်တမ်း(၁၂)ပတ်အချိန်မှာ သားအိမ်ခေါင်းက အထိခိုက် မခံနိုင်တာကို သတိပြုပါ (Photo by Lybrate)

  • ကိုယ်ဝန်သက်တမ်း(၁၂)ပတ်အချိန်မှာ သားအိမ်ခေါင်းက အထိခိုက် မခံနိုင်တာကို သတိပြုပါ။ ဒါကြောင့် မေမေလောင်းတို့ ရေချိုးတဲ့အခါမှာ သတိထားပေးဖို့လိုအပ်ပါတယ်။ ဒီအချိန်မှာ မေမေလောင်းတို့အနေနဲ့ အိပ်ယာထဲမှာ မကြာခဏ အနားယူပေးတာ အကောင်းဆုံးပါ။
  • ကိုယ်ဝန်နုချိန်ဖြစ်တဲ့အတွက် မေမေလောင်းတွေအနေနဲ့ ဆီးဝမ်းသွားအင်္ဂါကနေ ရောဂါပိုးမဝင်အောင် ဂရုစိုက်ရမှာဖြစ်ပါတယ်။ အစိမ်းရောင်၊ အဝါရောင်၊ ပန်းရောင်နဲ့ အညိုရောင် ဝမ်းတွေ သွားခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပေးပါ။
  • အရင်တုန်းကနဲ့ မတူတဲ့ အသားအရေနီလာတာကို မေမေလောင်းတို့ သဘောကျနေမှာပါ။ သက်တမ်း(၁၂)ပတ်မှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေများတာကြောင့် လှုပ်ရှားမှုတွေ သိပ်မလုပ်ဘဲ အေးအေးဆေးဆေးအနားယူပေးတာက ဒီအန္တရာယ်တွေကို ကျော်ဖြတ်နိုင်ပါတယ်။
  • ကိုယ်ဝန်သက်တမ်း(၁၂)ပတ်က မေမေလောင်းတို့ ဂရုစိုက်ရမယ့် အချိန်ဖြစ်တာကြောင့် ဝမ်းနည်းစရာကောင်းတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ သတင်းတွေကို မကြည့်တာအကောင်းဆုံးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ ပြင်းထန်တဲ့ ဝေဒနာကို ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်တွေဆီကို အမြန်ဆုံးသွားရောက်ပြသပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: blood volumecleareglow


Comments

0 comments
Latest video
Refer to more useful articles