ဗိုက်ဗိုက်လေးတွေ စားတော်ပဲစားခြင်းရဲ့ အကျိုးကျေးဇူးများ

by: Nang Htwe
 0 comments  0 love

စားတော်ပဲမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ ကိုယ်ဝန်‌ဆောင်အမျိုးသမီးတွေ စားပေးမယ်ဆိုရင် မွေးလာတဲ့ကလေးမှာ ပန်းနာရင်ကျပ် ဖြစ်ပွားနှုန်း လျော့သွားစေပါတယ်။

စားတော်ပဲကို ဟင်းအနေနဲ့ကော မနက်စာအနေနဲ့ပါ နှစ်နှစ်ခြိုက်ခြိုက်စားကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စားတော်ပဲက ဗိုက်ဗိုက်လေးတို့ကို အကျိုးကျေးဇူးတွေ အများကြီးရရှိစေပါတယ်။ စားတော်ပဲရဲ့ အကျိုးကျေးဇူးတွေကတော့

သန္ဓေသားအတွက် အန္တရာယ်အရှိဆုံး မွေးရာပါ ချို့ယွင်းချက်ကို တားဆီး‌ပေးပါတယ် (Photo by Buniyaa)

တားဆီးပေး

သန္ဓေသားအတွက် အန္တရာယ်အရှိဆုံး မွေးရာပါ ချို့ယွင်းချက်ကို တားဆီး‌ပေးပါတယ်။ ဖောလစ်အက်ဆစ်ပါပါတယ်။ ဖောလစ်အက်ဆစ်က ကိုယ်ဝန်ဆောင်ချိန်မှာ မရှိမဖြစ်ပါ။ စားတော်ပဲက ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာတစ်ခုပါ။

အမျှင်ဓါတ်

စားတော်ပဲမှာ အမျှင်ဓါတ်ပါလို့ ဆီးချိုနဲ့ သွေးတွင်းသကြားဓါတ်ကို ထိန်းပေးပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုပြဿနာကို ကာကွယ်ပေးပါတယ်။

ပန်းနာရင်ကျပ်

စားတော်ပဲမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ ကိုယ်ဝန်‌ဆောင်အမျိုးသမီးတွေ စားပေးမယ်ဆိုရင် မွေးလာတဲ့ကလေးမှာ ပန်းနာရင်ကျပ် ဖြစ်ပွားနှုန်း လျော့သွားစေပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေလည်း အခွင့်အလမ်းနည်းသွားစေပါတယ်။

စားတော်ပဲမှာ အမျှင်ဓါတ်ပါလို့ ဝမ်းချုပ်တဲ့ပြဿနာ နည်းသွားစေပါတယ် (Photo by 餐饮加盟)

ဝမ်းချုပ်

စားတော်ပဲမှာ အမျှင်ဓါတ်ပါလို့ ဝမ်းချုပ်တဲ့ပြဿနာ နည်းသွားစေပါတယ်။ ဒါကြောင့် ဗိုက်ဗိုက်လေးတွေ စားသင့်ပါတယ်။

ကလေးကြီးထွား

စားတော်ပဲမှာ ပရိုတိန်းပါလို့ သန္ဓေသားဖွံ့ဖြိုးတိုးတက်မှုနဲ့ ခန္ဓာကိုယ်ကြွက်သား တစ်သျှူးတွေအတွက် အထောက်အကူတွေ အများကြီးရပါတယ်။ ကလေးကျန်းမာရေးအတွက် အကောင်းဆုံးတွေထဲက တစ်ခုပါ။

သွေးအားနည်း

စားတော်ပဲမှာ သံဓါတ်ပါဝင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။

စားတော်ပဲဟာဆိုရင် မေမေလောင်းတို့အတွက်ကော သန္ဓေသားလေးအတွက်ပါ အကျိုးရှိတဲ့ အစားအစာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: white peas


Comments

0 comments
Latest video
Refer to more useful articles