ကိုယ်ဝန်ပထမလသုံးလမှာ မေမေလောင်းတို့ အပြောင်းအလဲတော်တော်များများ ကြုံရပါတယ်။ Morning sickness လို့ခေါ်တဲ့ ပျို့အန်တာကိုလည်း ဗိုက်ဗိုက်တို့ ဖြတ်ကျော်ရပါတယ်။ ပျို့အန်ပြီးတဲ့အခါ ဘာတွေ စားသင့်တယ်ဆိုတာ Kalay ကနေ ပြောပြပေးပါ့မယ်။

Crackers (Photo by The Farmwife Cooks)
Crackers
မေမေလောင်းတို့ အော့အန်ပြီးတဲ့အခါ အစာအိမ်က အလွတ်နီးပါးဖြစ်သွားပါတယ်။ ဒီလိုအချိန်မှာ အစားပြန်ဖြည့်ဖို့ လိုအပ်ပါတယ်။ Crackers လေးတွေကို ဒီလိုအချိန်မှာစားပေးပါ။ ပျို့အန်ထားတဲ့ ဝေဒနာတွေ သက်သာစေပါတယ်။

အသီးအနှံအစစ်တွေနဲ့ ပြုလုပ်ထားတဲ့ ရေခဲမုန့်ကိုလည်း အော့အန်ပြီးတဲ့အချိန်မှာ စားပေးနိုင်ပါတယ် (Photo by Twitter)
အသီးရေခဲမုန့်
အသီးအနှံအစစ်တွေနဲ့ ပြုလုပ်ထားတဲ့ ရေခဲမုန့်ကိုလည်း အော့အန်ပြီးတဲ့အချိန်မှာ စားပေးနိုင်ပါတယ်။

သံပုရာရည်ကိုလည်း ရွေးချယ်ပေးနိုင်ပါတယ် (Photo by The Spruce Eats)
သံပုရာရည်
သံပုရာရည်ကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်။ စိတ်ကို ပြန်လည် လန်းဆန်းစေပါတယ်။ အော့အန်တာတွေလည်း သက်သာသွားပါတယ်။

အိုမီဂါ (၃) ပါဝင်တဲ့အစားအစာများ (Photo by Medical News Today)
အိုမီဂါ (၃) ပါဝင်တဲ့အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်မှာ အိုမီဂါ(၃) ကြွယ်ဝတဲ့ အစားအသောက်တွေက မေမေလောင်းတို့ကို အထောက်အကူပြုပါတယ်။ အော့အန်ပြီးတဲ့အခါ အိုမီဂါ(၃) ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးပါ။

ချိုလွန်းတဲ့ အစားအသောက်များ (Photo by The Appetite Doctor)
ချိုလွန်းတဲ့ အစားအသောက်များ
အော့အန်ပြီးတဲ့အခါမှာ သကြားပါဝင်နှုန်းများတဲ့ အစားအသောက်တွေကို ရှောင်ရှားပါ။ ကိုလာတွေ၊ အားဖြည့်ချိုရည် သံဗူးတွေကို ရှောင်ရှားပါ။

အကောင်းဆုံး အသီးအနှံများ (Photo by Canadian Living)
အကောင်းဆုံး အသီးအနှံများ
အောက်ပါ ဖော်ပြထားတဲ့ အသီးအနှံတွေကတော့ ဗိုက်ဗိုက်တို့ အော့အန်ပြီးတဲ့အခါမှာ စားပေးသင့်ပါတယ်။
- အချိုမပါတဲ့ Carbonated drinks
- ခရက်ကာ (Crackers)
- Syrups နဲ့ပြုလုပ်ထားတဲ့ ချိုချဉ်များ
- ဆေးဖက်ဝင် လက်ဖက်ရည်များ
- သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး
- အာလူးကြော်
- Pretzels
- ပရိုတိန်းဘား
- ပေါင်မုန့်မီးကင်
- ဒိန်ချဉ်နဲ့
- ဂျင်းအဖက်လေးတွေပဲ ဖြစ်ပါတယ်။

အော့အန်ပြီးတဲ့အခါ ပြန်ပြီး အားဖြည့်ဖို့ ကြက်သားစွပ်ပြုတ်လေးတွေကို သောက်သုံးသင့်ပါတယ် (Photo by Simply Recipes)
ကြက်သားစွပ်ပြုတ်
အော့အန်ပြီးတဲ့အခါ ပြန်ပြီး အားဖြည့်ဖို့ ကြက်သားစွပ်ပြုတ်လေးတွေကို သောက်သုံးသင့်ပါတယ်။

အချိုနည်းတဲ့ ကွက်ကီးတွေကိုလည်း အော့အန်ပြီးတဲ့အခါ စားပေးနိုင်ပါတယ် (Photo by Betty Crocker )
ကွက်ကီး
အချိုနည်းတဲ့ ကွက်ကီးတွေကိုလည်း အော့အန်ပြီးတဲ့အခါ စားပေးနိုင်ပါတယ်။
ဗိုက်ဗိုက်တို့ ပျို့အန်ပြီးတဲ့အချိန်မှာ ဘာတွေပြန်ပြီး စားပေးတယ်ဆိုတာ comment မှာ ဝေမျှပေးခဲ့ပါဦးနော်။
Comments