ကိုယ်ဝန်ဆောင်ချိန်တွင်း မက်မန်းသီးစားပေးခြင်းရဲ့ အကျိုးကျေးဇူးများ

by: Nang Htwe
 0 comments  0 love

မက်မန်းသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်အောင် အထောက်အကူပြုပါတယ်။ အအေးမိ၊ ဖျားနာနဲ့ တုပ်ကွေးဖြစ်တာတွေ နည်းသွားစေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ဗိုက်လေးတွေ အများစုစားချင်တာကတော့ အချဉ်ပါ။ အချဉ်ပါတဲ့ အစားအစာတွေကို စားလိုကြပါတယ်။ မက်မန်းသီးကိုလည်း သရေစာအဖြစ်စားနိုင်ပါတယ်။ မက်မန်းသီးဟာ ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ လတ်လတ်ဆတ်ဆတ်မက်မန်းသီးကို ရွေးချယ်ပေးဖို့တော့ လိုအပ်ပါတယ်။ မက်မန်းသီးရဲ့ အကျိုးကျေးဇူးတွေကို Kalay ကနေ မေမေလောင်းတို့အတွက် ပြောပြပေးမယ်နော်။

မက်မန်းသီးကိုလည်း သရေစာအဖြစ်စားနိုင်ပါတယ် (Photo by stylesatlife)

မက်မန်းသီးရဲ့ အကျိုးကျေးဇူးများ

အချိန်မတန်မီ

ကိုယ်ဝန်ဆောင်မေမေတွေ စိုးရိမ်ထိပ်လန့်ရတဲ့အထဲမှာ စောမွေးတဲ့ပြဿနာလည်းပါဝင်ပါတယ်။ မက်မန်းသီးမှာ မဂ္ဂနီဆီယမ် ကြွယ်ဝစွာပါဝင်တာကြောင့် ကြွက်သားတွေကို ဖြေလျှော့ပေးပါတယ်။ ဖျားနာတာနဲ့ အချိန်မတန်မီစောမွေးတာကို လျှော့နည်းစေပါတယ်။

စုပ်ယူ

မက်မန်းသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် နေ့စဉ်အစားအစာတွေထဲမှာပါတဲ့ သံဓါတ်ကို စုပ်ယူပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတာကို ကာကွယ်ပေးပါတယ်။

ဝမ်းချုပ်ခြင်းနဲ့ လိပ်ခေါင်း

ဟော်မုန်းအပြောင်းအလဲကြောင့် အစာခြေစနစ်အပေါ် သက်ရောက်မှုရှိပြီး ဝမ်းချုပ်တာနဲ့ လိပ်ခေါင်းဖြစ်တာကို ရင်ဆိုင်ရနိုင်ပါတယ်။ မက်မန်းသီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်တာကို နည်းသွားစေပါတယ်။

စိတ်ဖိစီးမှု

ကိုယ်ဝန်ဆောင်ချိန်မှာ ပင်းပန်းနွမ်းနယ်လွယ်တာ၊ အားနည်းတာနဲ့ စိတ်ဖိစီးမှုများတာကို ခံစားရပါတယ်။ မက်မန်းသီးမှာ antioxidants နဲ့ ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်တာကြောင့် မေမေလောင်းတို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေ တိုးလာစေပါတယ်။ စွမ်းအင်တွေ တိုးလာတာကြောင့် စိတ်ဖိစီးမှုတွေ နည်းသွားပါတယ်။

plum during pregnancy

မက်မန်းသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ် (Photo by stylesatlife)

အရိုးကျန်းမာရေး

မက်မန်းသီးမှာ ကယ်ဆီယမ်ပါဝင်တာကြောင့် သန္ဓေသားရဲ့ အရိုးတည်ဆောက်မှုနဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ မက်မန်းသီးမှာ ကယ်ဆီယမ်အပါအဝင် ဗီတာမင် K နဲ့ ဗီတာမင် D တို့ ပါဝင်ပါတယ်။

ကိုယ်ခံစွမ်းအား

မက်မန်းသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်အောင် အထောက်အကူပြုပါတယ်။ အအေးမိ၊ ဖျားနာနဲ့ တုပ်ကွေးဖြစ်တာတွေ နည်းသွားစေပါတယ်။

သွေးခဲခြင်း

မက်မန်းသီးမှာ ဗီတာမင် K ပါဝင်တာကြောင့် သွေးခဲတာကို ကာကွယ်ပေးပါတယ်။

ဆီးချို

မက်မန်းသီးက ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆီးချိုဖြစ်ပွားတာကို ကာကွယ်ပေးပါတယ်။

သွေးဖိအား

မက်မန်းသီးမှာ ပိုတက်ဆီယမ်နဲ့ အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအားကို ထိန်းပေးပါတယ်။

လတ်လတ်ဆတ်ဆတ်မက်မန်းသီးဟာဆိုရင် ကိုယ်ဝန်ဆောင်မေမေတွေအတွက် အကျိုးကျေးဇူးများတာကြောင့် သရေစာအနေနဲ့ ရွေးချယ်စားပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

From Kalay with

Tag: BenefitsPlumpregnancy

Comments

0 comments
Latest video
Refer to more useful articles
x