ဗိုက်ဗိုက်တို့နဲ့တည့်တဲ့ ကမ္ဗလာသီးဖျော်ရည်

by: Nang Htwe
 0 comments  0 love

အအေးခံနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် သားအိမ်ပတ်ဝန်းကျင်ရဲ့ အပူချိန်ကို ထိန်းပေးပြီး သန္ဓေသားရဲ့ ဦးနှောက်ကို အလျင်အမြန် ကြီးထွားစေပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ အချဉ်ဓါတ်ပါတဲ့ အစားအသောက်တွေကို မေမေလောင်းတို့ စားချင်စိတ် ပိုဖြစ်ပါတယ်။ အထူးသဖြင့် သံပုရာရည် သောက်ချင်တာမျိုးပါ။ နောက်ပြီး လိမ္မော်ရည်၊ ကမ္ဗလာသီးဖျော်ရည်တို့ကလည်း ကိုယ်ဝန်ဆောင်မေမေတို့ သောက်သုံးချင်တဲ့ သဘာဝအသီးဖျော်ရည်တွေထဲမှာ ပါနေပါတယ်။ အခုတစ်ပတ်မှာတော့ Kalay ကနေ ကမ္ဗလာသီးဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးသွားမှာပါ။

ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်တို့ရှိတာကြောင့် သန္ဓေသားကြီးထွားမှုကို အထောက်အကူပြုပါတယ် (Photo by NDTV Food)

ကမ္ဗလာသီးဖျော်ရည်ရဲ့ အကျိုးကျေးဇူးများ

  • ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်တို့ရှိတာကြောင့် သန္ဓေသားကြီးထွားမှုကို အထောက်အကူပြုပါတယ်။
  • အအေးခံနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် သားအိမ်ပတ်ဝန်းကျင်ရဲ့ အပူချိန်ကို ထိန်းပေးပြီး သန္ဓေသားရဲ့ ဦးနှောက်ကို အလျင်အမြန် ကြီးထွားစေပါတယ်။
  • ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်နှုန်းကို ကောင်းမွန်စေပါတယ်။
  • အမျှင်ဓါတ်ပါတာကြောင့် အူသိမ်နဲ့ အူလှုပ်ရှားမှုကို ကောင်းစေပါတယ်။ အစာခြေစနစ်ကို လှုံ့ဆော်ပေးပါတယ်။
  • ကမ္ဗလာသီးဖျော်ရည်မှာ antioxidants နဲ့ antibiotics တွေ ပါဝင်ပါတယ်။
  • ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် C ဓါတ်ကို ဖြည့်ဆည်းပေးပါတယ်။
  • သွေးတွင်း သကြားဓါတ်ကို ထိန်းပေးပါတယ်။
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ သက်သာစေပါတယ်။
  • အသားအရည်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

အသားအရည်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ် (Photo by Fraser & Neave Holdings Bhd)

ကမ္ဗလာသီးဖျော်ရည်နဲ့ ပတ်သက်ပြီး သတိထားရမှာက

(၁) လတ်ဆက်တဲ့ အသီးကိုသာ ဖျော်သောက်ပါ။

(၂) သံဗူးတွေ၊ Ready made တွေကို ရှောင်ပါ။

(၃) ကမ္ဗလာသီးဖျော်ရည်ကို ရေခဲသေတ္တာထဲ အကြာကြီးထည့်ပြီးမှ သောက်တာကို ရှောင်ပါ။ လေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ကြုံရနိုင်လို့ပါ။

(၄) ရေခဲအများကြီးထည့်သောက်တာကို ရှောင်ပါ။

(၅) ဆားနဲ့ သကြား ထပ်မထည့်ပါနဲ့။

ကမ္ဗလာသီးဖျော်ရည်ဟာဆိုရင် ကိုယ်ဝန်ဆောင်မေမေတို့အတွက် အကောင်းဆုံး ဖျော်ရည်တွေထဲက တစ်ခုပါ။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x