ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားရဲ့ လှုပ်ရှာမှုလေးတွေကို မေမေတို့ ရင်ခုန်ကြပါတယ်။ သန္ဓေသားလေးနဲ့ နေ့တိုင်းစကားပြောပေးခြင်းဖြင့် မေတ္တာတွေ အပြန်အလှန်စီးဆင်းစေပါတယ်။

မေမေလောင်းတို့ရဲ့ ဗိုက်ထဲက ကလေးငယ်ကို မကြာခဏ စကားပြောပေးတယ်ဆိုရင် ရလာဒ်အနေနဲ့ အကြားအာရုံတိုးတက်စေပါတယ် (Photo by tipsmom)
ဗိုက်ထဲက ကလေးငယ်နဲ့ နေ့တိုင်း စကားပြောပေးသင့်တဲ့ အကြောင်း
(၁) အကြားအာရုံကို လှုံ့ဆော်ပေးခြင်း
ကိုယ်ဝန်(၁၄)ပတ်မှာ အကြားအာရုံ ဖွံ့ဖြိုးတိုးတက်လာပါပြီ။ ဒီအချိန်ကစပြီး ဗိုက်ထဲက ကလေးငယ်နဲ့ မကြာခဏ စကားပြောပေးသင့်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီအချိန်မှာ မကြာခဏ စကားပြောပေးမယ်ဆိုရင် အကြားအာရုံကို ပိုပြီး ဖွံ့ဖြိုးစေပါတယ်။ စကားပြောတာအပြင် သီချင်းဆိုပြတာနဲ့ သီချင်းနားထောင်တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။
(၂) ဘာသာစကားဖွံ့ဖြိုးလာခြင်း
မေမေလောင်းတို့က ဗိုက်ထဲက ကလေးငယ်ကို မကြာခဏ စကားပြောပေးတယ်ဆိုရင် ရလာဒ်အနေနဲ့ အကြားအာရုံတိုးတက်စေတဲ့အပြင် အရွယ်ရောက်လာတဲ့အခါ ဘာသာစကား ဖွံ့ဖြိုးမှု မြန်ဆန်စေပြီး ကျောင်းနေအရွယ်မှာတော့ သင်ကြားမှုကို အထောက်အကူပြုပါတယ်။
(၃) လုံခြုံမှု
မေမေတို့က ဗိုက်ထဲက ကလေးလေးကို မကြာခဏ စကားပြောပေးတာက သူတို့လေးထဲစိတ်ထဲမှာ လုံခြုံမှုကို ခံစားရပါတယ်။ မိခင်ရဲ့ အသံနဲ့ အကျွမ်းတဝင်ဖြစ်လာပြီး ဗိုက်ထဲ နေစဉ်ချိန်မှာ အထီးကျန်တာကို မခံစားရတော့ပါဘူး။

မေမေတို့က ဗိုက်ထဲက ကလေးလေးကို မကြာခဏ စကားပြောပေးတာက သူတို့လေးထဲစိတ်ထဲမှာ လုံခြုံမှုကို ခံစားရပါတယ် (Photo by The Conversation)
(၄) ဦးနှောက်ဖွံ့ဖြိုးမှု
ဗိုက်ထဲက ကလေးလေးနဲ့ မကြာခဏ စကားပြောပေးမယ်ဆိုရင် ကလေးငယ်က မိခင်အသံနဲ့ ဖခင်အသံကို ခွဲခြားသိနိုင်လာပါတယ်။
(၅) ကျွမ်းကျင်မှုများ
မေမေလောင်းတို့က ဗိုက်ထဲက ကလေးငယ်နဲ့ မကြာခဏ စကားပြောတယ်ဆိုရင် ကလေးမမွေးဖွားခင်အချိန်ကတည်းက မိခင်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို ပိုပြီး နားလည်စေပါတယ်။
(၆) သန္ဓေသားရဲ့ ကျန်းမာရေး
မေမေလောင်းက ဗိုက်ထဲက သန္ဓေသားလေးနဲ့ မကြာခဏ စကားပြောတယ်ဆိုရင် သူတို့လေးတွေရဲ့ ကျန်းမာရေးကို ပိုပြီးသတိထားမိစေပါတယ်။
(၇) ရင်းနှီးကျွမ်းဝင်ခြင်း
ဗိုက်ထဲက ကလေးလေးနဲ့ မကြာခဏ စကားပြောတာက မိသားစုဝင်တွေ ပိုပြီး ရင်းနှီးစေပါတယ်။
ဗိုက်ထဲက ကလေးလေးနဲ့ စကားပြောတာက အကျိုးကျေးဇူးတွေ အများကြီးရှိတာကြောင့် နေ့တိုင်း ပြောပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
Comments