ကိုယ်ဝန်ဆောင်ချိန်မှာ ဘဲဥစားလို့ရလား

by: Nang Htwe
 0 comments  0 love

ဘဲဥက မေမေလောင်းတို့ ချောင်းဆိုးတာ၊ ဝမ်းလျှောတာနဲ့ ဝမ်းချုပ်တာတွေကို နည်းသွားစေပါတယ်

ကြက်ဥ၊ ငုံးဥ၊ ဘဲဥ စတဲ့ ဥအမျိုးမျိုးကို မေမေလောင်းတို့ နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြပါတယ်။ ဘဲဥဟာဆိုရင် ကြက်ဥထက် အာဟာရတွေ ပိုပါဝင်ပါတယ်။ တစ်နည်းအားဖြင့် ကြက်ဥထက် ဘဲဥက ပိုကောင်းပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘဲဥကို စိတ်ချလက်ချ စားလို့ရပါတယ်။ ဆေးဘဲဥ၊ ဆားနဲ့စိမ်ထားတဲ့ ဘဲဥတွေကိုတော့ ရှောင်လိုက်တာ အကောင်းဆုံးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘဲဥကို စိတ်ချလက်ချ စားလို့ရပါတယ် (Photo by bohemianmojo.com)

ဘဲဥမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်များ

ဘဲဥမှာ ဗီတာမင်ဓါတ်တွေ အများကြီးပါဝင်ပါတယ်။ ပရိုတိန်း၊ lecithin၊  ၊ ဗီတာမင် A၊ B2၊ B1၊ D၊ ကယ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ ဖော့စဖောရပ် စတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ပါဝင်ပါတယ်။ ဘဲဥမှာ ကြက်ဥထက် ပရိုတိန်းပါဝင်နှုန်းပိုများပြီး သံဓါတ်နဲ့ ကယ်ဆီယမ်တို့လည်း အလွန်ကြွယ်ဝပါတယ်။

ဘဲဥရဲ့ အကျိုးကျေးဇူးများ

ဘဲဥက မေမေလောင်းတို့ ချောင်းဆိုးတာ၊ ဝမ်းလျှောတာနဲ့ ဝမ်းချုပ်တာတွေကို နည်းသွားစေပါတယ်။ သန္ဓေသားအရိုးကြီးထွားတာကို အထောက်အကူပြုပြီး မေမေတို့ သွေးအားနည်းတာကို ကာကွယ်ပေးပါတယ်။ အစာခြေအင်္ဂါအစိတ်အပိုင်းတွေကို လှုံ့ဆော်ပေးပြီး အစားစားချင်စိတ် တိုးလာစေပါတယ်။ အစာအိမ်အပေါ် သက်ရောက်မှုတွေ အများကြီးရှိပါတယ်။

ဘဲဥက မေမေလောင်းတို့ ချောင်းဆိုးတာ၊ ဝမ်းလျှောတာနဲ့ ဝမ်းချုပ်တာတွေကို နည်းသွားစေပါတယ် (Photo by minimalwellness.com)

တစ်ရက် ဘယ်နှစ်လုံး စားသင့်လဲ

ဘဲဥကို တစ်ရက် တစ်လုံး ဒါမှမဟုတ် နှစ်လုံး စားနိုင်ပါတယ်။ ဘဲဥဟာဆိုရင် သန္ဓေသားအတွက် အရိုးကြီးထွားမှု အထောက်အကူပြုခြင်းနဲ့ သွေးအားနည်းတာကို ကာကွယ်ပေးတဲ့အပြင် အမြင်အာရုံကိုလည်း ကောင်းမွန်လာစေပါတယ်။

ဘဲဥဟာဆိုရင် မေမေလာင်းတွေအတွက်ရော သန္ဓေသားတွေအတွက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနေကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x