ဗိုက်ဗိုက်လေးတွေ သိထားသင့်တဲ့ ဆော်လမွန်ငါး အကြောင်း

by: Nang Htwe
 0 comments  0 love

ဆော်လမွန်ငါးကို တစ်ပတ် (၂)ကြိမ်ကနေ (၃)ကြိမ်အထိ ပုံမှန်စားပေးမယ်ဆိုရင် omega-3 fatty acids EPA နဲ့ DHA တို့ မှန်မှန်ရရှိမှာဖြစ်ပါတယ်

ဆော်လမွန်ငါးအကြောင်းကို မေမေလောင်းတို့ ကြားဖူးကြပါတယ်။ ပင်လယ်ငါးအမျိုးအစားဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ဆော်လမွန်ငါးကို မွေးမြူလာကြတယ်လို့ သိရပါတယ်။ ဈေးထဲမှာတော့ အလွယ်တကူ ဝယ်လို့မရပါဘူး။ စူပါမတ်ကတ်တွေ၊ ကုန်တိုက်တွေမှာပဲ အများဆုံး ဝယ်ယူလို့ရနိုင်တာပါ။ နောက်ထပ်ဝယ်ယူလို့ရတဲ့နေရာကတော့ ပင်လယ်စာ သီးသန့်ရောင်းတဲ့ ဆိုင်တွေပဲဖြစ်ပါတယ်။

ဆော်လမွန်ငါးမှာ အိုမီဂါ(၃)ဖက်တီးအက်ဆစ်ပါလို့ ဗိုက်ဗိုက်လေးတွေ စားသင့်တဲ့ ငါးအမျိုးအစားပါ (Photo by WhiskAffair)

အစားနည်းရတဲ့ အကြောင်းအရင်း

ဆော်လမွန်ငါးကို ဈေးမှာ အလွယ်တကူ ဝယ်ယူလို့မရသည့်အတွက် မေမေလောင်းတို့ အစားနည်းပါတယ်။ အခု Kalay ကနေ ကိုယ်ဝန်ဆောင်ချိန်တွင်း ဆော်လမွန်ငါး စားခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးပါ့မယ်။

ဆော်လမွန်ငါးရဲ့ အကျိုးကျေးဇူး

ဆော်လမွန်ငါးမှာ အိုမီဂါ(၃)ဖက်တီးအက်ဆစ်ပါလို့ ဗိုက်ဗိုက်လေးတွေ စားသင့်တဲ့ ငါးအမျိုးအစားပါ။ သန္ဓေသားရဲ့ အရိုးအဆစ်၊ ကျန်းမာရေး၊ အမြင်အာရုံ၊ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အိုမီဂါ(၃)က အထောက်အကူပြုပါတယ်။ နောက်ပြီး ဆော်လမွန်ငါးမှာ သဘာဝ ဗီတာမင် D လည်းပါပါတယ်။ အရိုးကျန်းမာရေးနဲ့ ကိုယ်ခံစွမ်းအား ခန္ဓာကိုယ်ဖြစ်စဉ်တွေအတွက် အရေးကြီးလိုအပ်ပါတယ်။

ဆော်လမွန်ငါးကို တစ်ပတ် (၂)ကြိမ်ကနေ (၃)ကြိမ်အထိ ပုံမှန်စားပေးမယ်ဆိုရင် omega-3 fatty acids EPA နဲ့ DHA တို့ မှန်မှန်ရရှိမှာဖြစ်ပါတယ် (Photo by Olive Magazine)

ဆော်လမွန်ငါးကို တစ်ပတ် (၂)ကြိမ်ကနေ (၃)ကြိမ်အထိ ပုံမှန်စားပေးမယ်ဆိုရင် omega-3 fatty acids EPA နဲ့ DHA တို့ မှန်မှန်ရရှိမှာဖြစ်ပါတယ်။ မေမေလောင်းတို့ရဲ့ ကိုယ်ခံအားစနစ်ကောင်းလာမယ်။ နောက်ပြီး သန္ဓေသားရဲ့ အရိုးကို ခိုင်မာစေပြီး ဦးနှောက်နဲ့ မျက်လုံးဖွံ့ဖြိုးမှုကို အထောက်အကူပြုတယ်။

သတိပေးချက်

ဆော်လမွန်ငါးစားတာနဲ့ ပတ်သက်ပြီး သတိထားစရာ (၂)ချက်ရှိပါတယ်။ ပထမတစ်ချက်က အစိမ်းမစားဖို့နဲ့ ဒုတိယအချက်ကတော့ မကျက်တကျက်ပြုလုပ်စားတာ(ကင်စားတာ)မျိုး လုံးဝရှောင်ရပါမယ်။ အိမ်မှာမဟုတ်ဘဲ အပြင်မှာစားရင်လည်း ကျက်၊ မကျက်ကို သတိထားပါ။ မကျက်သေးဘူးလို့ သံသယဝင်ရင် မစားတာ အကောင်းဆုံးပါ။

မေမေလောင်းတို့ရေ ဆော်လမွန်ငါးက ကိုယ်ဝန်ဆောင်တွေအတွက် အထောက်အကူအများကြီးရတဲ့ ငါးဖြစ်ပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: fish


Comments

0 comments
Latest video
Refer to more useful articles