ကိုယ်ဝန်ဆောင်မေမေကျန်းမာရေးနဲ့ ငှက်ပျောသီးစားခြင်း

by: Phyo Pyae Thu
 1 comments  80 love

ကိုယ်ဝန်ဆောင်ကာလမှာ ကိုလက်စထရော များတာကလည်း ပြသာနာ တစ်ရပ်မို့ ဒါကို အလွယ်ကူဆုံး ထိန်းထားချင်ရင်တော့ ငှက်ပျောသီး အရင်စားကြည့်ပါနော်။

မနက်ခင်းမှာ နွားနို့ သောက်သလိုမျိုး စွမ်းအင် ရတာချင်း အတူတူပါပဲ (Photo: momjunction.com)

မေမေလောင်းတို့ရေ ကိုယ်ဝန်ဆောင်စဉ်မှာ အစားအသောက်၊ အနေအထိုင်အားလုံး ဆင်ခြင်နေရတာမို့ ဘာလေးပဲ စားစား ကိုယ်ဝန်ဆောင်နဲ့ တည့်ရဲ့လားဆိုတာ သိချင်ကြမှာပါ။ ငှက်ပျောသီးဟာ အားရှိတဲ့ အစားအစာလို့ မေမေတို့သိထားပြီးသား ဖြစ်မှာပါ။ ငှက်ပျောသီးရဲ့ ဘယ်လို အာဟာရဓါတ်တွေဟာ ကိုယ်ဝန်ဆောင်ရဲ့ ခန္ဓာကိုယ်နဲ့ သန္ဓေသားလေးကို ဘယ်လိုအကျိုးပြုလဲဆိုတာ ဖော်ပြလိုက်ပါတယ်နော်။

ငှက်ပျောသီး စားခြင်းဟာ သွေးအားနည်းခြင်း မဖြစ်စေပါဘူး

ငှက်ပျောသီးမှာ သံဓါတ်အပြည့်အဝ ပါဝင်တာကြောင့် သွေးအားနည်းတာ၊ သွေးလည်ပတ်မှု ပုံမှန် မဖြစ်တာတွေကို လျော့ချပေးပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ ဝမ်းချုပ်တတ်တာကလည်း မေမေလောင်းတို့ ကြုံရမှာပါ။ ဒါကို ဖြတ်ကျော်ဖို့ဆိုရင်တော့ ငှက်ပျောသီး စားပေးလို့ ရပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ အမျှင်ဓါတ်က ဝမ်းချုပ်တာကို မဖြစ်စေနိုင်ပါဘူး။ နောက်တစ်ခုက ငှက်ပျောသီးမှာ ကယ်လ်စီယမ်ဓါတ်လည်း ပါတာကြောင့် မေမေတို့ရဲ့ အရိုးအဆစ်တွေကို သန်မာစေတာကြောင့် ခါးနာတာတို့၊ ချော်လဲတာတို့ ဖြစ်နိုင်ချေ နည်းသွားတဲ့အပြင် သန္ဓေသားလေးရဲ့ အရိုးတွေကိုပါ သန်မာစေမှာပါ။ ငှက်ပျောသီး စားတာဟာ ဗီတာမင် ဘီ (၆) ကိုလည်း ပေးစွမ်းနိုင်တာမို့ သွေးအားကောင်းစေပါတယ်။

ငှက်ပျောသီး စားခြင်းဟာ သွေးအားနည်းခြင်း မဖြစ်စေပါဘူး(Photo: momjunction.com)

ငှက်ပျောသီးဟာ ကိုလက်စထရော ပမာဏကို ထိန်းပေးတဲ့အပြင်

သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ကိုလက်စထရော များတာကလည်း ပြသာနာ တစ်ရပ်မို့ ဒါကို အလွယ်ကူဆုံး ထိန်းထားချင်ရင်တော့ ငှက်ပျောသီး အရင်စားကြည့်ပါနော်။ စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေတဲ့ အသီးတွေထဲမှာ ငှက်ပျောသီး အပါအဝင်ပဲမို့ စိတ်ဖိစီးမှု လျော့ကျစေမှာပါ။ ငှက်ပျောသီးဟာလည်း မနက်ခင်းမှာ နွားနို့ သောက်သလိုမျိုး စွမ်းအင် ရတာချင်း အတူတူပါပဲ။ ငှက်ပျောသီးကို အသီးအတိုင်းမစားချင်ဘူးဆိုရင် မစ်ရှိတ်၊ ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။ ငှက်ပျောသီးနဲ့ လုပ်ထားတဲ့ မုန့်တွေလည်း စားသုံးနိုင်ပါတယ်။ မေမေလောင်းတို့ သတိပြုရမှာကတော့ ငှက်ပျောသီးဟာ သန့််ရှင်းလတ်ဆတ်ဖို့ လိုတဲ့အပြင် မှည့်ဖို့လည်း လိုပါတယ်။ အစိမ်းမဖြစ်ရဘူးနော်မေမေတို့ရေ။ ဒါလေးတော့ သတိပြုပေးပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicefoodgood tipshealth


Comments

0 comments
Latest video
Refer to more useful articles