သန္ဓေသားအရိုးကျန်းမာဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ ဗီတာမင်D

by: Phyo Pyae Thu
 0 comments  0 love

ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် D ဓါတ်တွေ ရရှိမယ်ဆိုရင်တော့ သန္ဓေသားလေး အရိုးအဆစ်သန်မာနေမှာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ စားတဲ့ အာဟာရဟာ သန္ဓေသားလေးရဲ့ ကျန်းမာရေးပါ (Photo: klankosova.tv)

မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းရော သန္ဓေသားလေးပါ ကျန်းမာဖို့အတွက် အစားအစာတွေကို သေချာဂရုစိုက်ပြီး စားသုံးပေးရပါမယ်။ မေမေလောင်းတို့ စားတဲ့ အာဟာရဓါတ်ပေါ် မူတည်ပြီး သန္ဓေသားလေး ကျန်းမာဖွံ့ဖြိုးလာမှာပါ။ မေမေလောင်းတို့ သံဓါတ်ပြည့်ဝမှ ကလေးမှာ သွေးအားနည်းတာတွေ ကင်းဝေးမှာ ဖြစ်ပြီး ဗီတာမင် အေဓါတ်တွေ ရရှိကာမှ မျက်စိဖွံ့ဖြိုးမှု တိုးတက်မှာပါ။ ဒါကြောင့် မေမေလောင်းတို့ ကိုယ်ဝန်ဆောင်ချိန်မှာ စားတဲ့ အာဟာရဟာ သန္ဓေသားလေးရဲ့ ကျန်းမာရေးပါ။ ဒီအခါမှာတော့ ကိုယ်ဝန်ဆောင်ချိန်အတွင်း သန္ဓေသားလေး အရိုးအဆစ်တွေ ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင် D အကြောင်းလေး ပြောပြမယ်နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်ဒီက မဖြစ်မနေ လိုအပ်ပါတယ် (Photo: klankosova.tv)

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် အရေးပါတာလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်D က မဖြစ်မနေ လိုအပ်ပါတယ်။ ဗီတာမင်Dဟာ ခန္ဓာကိုယ်ကနေ ကယ်လ်စီယမ် များများစုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ မေမေလောင်းက ကယ်လ်စီယမ်များလေ သန္ဓေသားလေးရဲ့ အရိုး၊ သွား၊ နှလုံးနဲ့ ကြွက်သားတွေ ကြီးထွားဖွံ့ဖြိုးလေပါပဲ။ ကိုယ်ဝန်ဆောင်နေချိန်မှာ ကယ်လ်စီယမ် (၁၀၀၀) မီလီဂရမ် လိုအပ်ပါတယ်။ မေမေလောင်းက ဗီတာမင်D ရလေလေ ဗီတာမင် C ပိုကောင်းကျိုး ဖြစ်လေပါပဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်ချို့တဲ့ခဲ့မယ်ဆိုရင် ကြီးထွားမှုပြဿနာတွေနဲ့ အရိုးဖွဲ့စည်းပုံ မမှန်ခြင်း စတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သန္ဓေသားလေး အလေးချိန်ပေါ် မူတည်ပြီး ကလေးဟာ မွေးဖွားစဉ်ကတည်းက ဗီတာမင် ချို့တဲ့တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ချို့တဲ့မယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ အရိုးကြီးထွားမှုတွေ နဲ့ ကလေးရဲ့ ကြီးထွားမှုတွေ နှောင့်နှေးစေတာမျိုး ဖြစ်စေနိုင်ပါသေးတယ်။

ဗီတာမင်D ရရှိခြင်း

မေမေလောင်းလေးတို့ရေ  တစ်နေ့မှာ ဗီတာမင်D ပမာဏ (၆၀၀) IU ကနေ (၂၀၀၀) IU အထိ ရှိဖို့ လိုပါတယ်။  နို့တိုက်ကျွေးနေစဉ်ကာလအထိ သို့မဟုတ် အဲ့ဒီထက်ပိုတဲ့ကာလတစ်ခုထိ ဒီတိုင်းပဲ ဆက်ရှိနေသင့်ပါတယ်။  အရည်ပြားဟာ နေရောင်ခြည်ကို ဗီတာမင်D ထုတ်လုပ်ဖို့ သုံးစွဲနေတာဖြစ်လို့ ဗီတာမင် D ရရှိစေဖို့ နေရောင်ခြည်နဲ့ ထိတွေ့ရအောင် ဆယ်မိနစ်လောက် အပြင်ထွက်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။ အသားမဲတာတွေ ဖြစ်စေတဲ့အတွက်လည်း ကိုယ်ဝန်ဆောင် မေမေလောင်းလေးတို့အနေနဲ့ အစားအသောက် ဒါမှမဟုတ် အားဆေးတွေကနေ ဗီတာမင် ရယူနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်D ရမယ့် အစားအစာကတော့ အဆီများတဲ့ငါး၊ တို့ဟူး၊ ပဲနို့နဲ့ ဒိန်ချဉ်၊ နို့ထွက်ပစ္စည်းများ၊ ဝက်သားနဲ့ ကြက်ဥတွေ စားပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

From Kalay with


Comments

0 comments
Latest video