ဒူးရင်းသီးဟာ ရာသီစာတစ်မျိုးပါပဲ။ ဒူးရင်းသီးဟာ ပုံမှန်အခြေအနေမှာတောင် သွေးတိုးတာနဲ့ ခေါင်းမူးတာတွေ ဖြစ်တတ်တာကြောင့် တချို့က မစားကြပါဘူး။ ပုံမှန်အခြေအနေမှာတောင် ရှောင်ကြတဲ့ ဒူးရင်းသီးကို ကိုယ်ဝန်ဆောင်အချိန်မှာ စားလို့ ရလား၊ အကျိုး သက်ရောက်မှုက ဘာတွေလဲဆိုတာ မေမေလောင်းတို့ သိချင်ကြမှာပါ။

ဒူးရင်းသီး (၁၀၀) ဂရမ်မှာ ဗီတာမင် စီ(၃၃) ရာခိုင်နှုန်း၊ ဗီတာမင် ဘီ (၂၄) ရာခိုင်နှုန်းတို့ ပါဝင်ပါတယ်(Photo: Steemit)
ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဒူးရင်းသီး စားလို့ရပါတယ်
ဒူးရင်းသီး (၁၀၀) ဂရမ်မှာ ဗီတာမင် စီ(၃၃) ရာခိုင်နှုန်း၊ ဗီတာမင် ဘီ (၂၄) ရာခိုင်နှုန်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင် Folates၊ riboflavin၊ niacin၊ pantothenic acid နဲ့ ဗီတာမင် A များစွာ ပါဝင်ပါတယ်။ ဒီအရာတွေဟာ အသက်ကြီးရင့်မှုကို တားမြစ်ပေးပြီး ကိုယ်ခန္ဓာက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးနဲ့ အရေးကြီးတဲ့ ဓါတ်တိုးပစ္စည်း တွေကို တိုက်ထုတ်ပေးပါတယ်။ ဒူးရင်းသီးမှာ သတ္တုဓါတ်တွေ ဖြစ်တဲ့ ကော့ပါး ၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်စ်၊ ဇင့် ၊manganese နဲ့ သံဓါတ် ကြွယ်ဝစွာ ပါဝင်ပြီး သွေးနီဥ (ဟေမိုဂလိုဘင်) ထုတ်လုပ်မှုကို အားပေးပါကာ အိပ်စက်ခြင်း အရည်အသွေးကို တက်စေပြီး စိတ်ကျခြင်းကို သက်သာစေပါတယ်။
ဒူးရင်းသီးမှာ ပိုတက်စီယမ် မြောက်မြားစွာ ပါဝင်ပြီး
ကယ်လ်စီယမ် အနည်းငယ် ပါဝင်တာမို့ အရိုးကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ပိုတက်စီယမ်ဟာ ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ ဆိုဒီယမ်တွေကို ထိန်းညှိပေးခြင်းအားဖြင့် အရိုးအတွင်းမှ ကယ်လ်စီရမ်တွေ ဆီးအတွင်းပါသွားမှုကို ကာကွယ်ပေးတာကြောင့် အရိုးပွခြင်း၊ အရိုးကျိုးခြင်းတွေကို သက်သာစေပါတယ်။ ပိုတက်စီရမ် များခြင်းဟာ နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေပြီး သွေးပေါင်ကျဆင်းစေကာ ဦးနှောက်ကို အောက်စီဂျင်ပါတဲ့ သွေးစီးဆင်းမှုကို တိုးတက်စေပါတယ်။

ပုံမှန်စားသုံးမယ်ဆိုရင်တော့ စိတ်ချရပါတယ်(Photo: Steemit)
ဒူးရင်းသီးဟာ အူလှုပ်ရှားမှုကို မြင့်တက်စေတဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့်
ဝမ်းလျှောခြင်းနဲ့ ဝမ်းချုပ်ခြင်းတွေကို ကာကွယ်ပေးပြီး အစာခြေလမ်းကြောင်းအတွက် ကောင်းမွန်စေပါတယ်။ ဒူးရင်းသီးမှာ ပါဝင်တဲ့ အဆီဟာ မိုနို မပြည့်ဝဆီ တွေဖြစ်ပြီး ကိုယ်ခန္ဓာက ကိုလက်စထရောဓါတ်တွေကို လျှော့ချပေးတဲ့ ကျန်းမာစေတဲ့ အဆီပဲဖြစ်ပါတယ်။ ဒီလို အဆီမျိုးကို အသား၊ ငါးနဲ့ သံလွင်ဆီတွေမှာလည်း တွေ့ရပါတယ်။ ဒူးရင်းသီးမှာပါတဲ့ arachidonic acid ဟာလည်း ပဲပိစပ်ဆီ၊ ပြောင်းဖူးဆီ နဲ့ အဆီများတဲ့ ငါးတွေဖြစ်တဲ့ ဆယ်လ်မွန် နဲ့ မက်ကရယ် တွေမှာ ပါတဲ့ ကျန်းမာစေတဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။
ဒူးရင်းသီးမှာ သကြားဓါတ်နဲ့ ကာဗိုလ်ဟိုက်ဒရိတ် ပါဝင်မှုများပြားတာမို့ အလွန်အကျွံစားသုံးတဲ့သူတွေမှာတော့ ရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်စားသုံးမယ်ဆိုရင်တော့ စိတ်ချရပါတယ်။ မေမေလောင်းတို့လည်း ဒူးရင်းသီးစားလို့ ရပါတယ်။ အလွန်အကျွံမဖြစ်ဖို့တော့ ဂရုစိုက်ပါနော်။
Comments