ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားရမယ့် အစပ်စားခြင်း

by: Phyo Pyae Thu
 0 comments  64 love

ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလတွေမှာ အပူအစပ်တွေ များများစားမယ်ဆိုရင်တော့ ရင်ပူရင်ဆာဖြစ်တာတွေကို ခံစားရမှာပါ။ ဒါက မသက်မသာဖြစ်စေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုအစားအစာမဆို ချင့်ချိန်စားရမယ်ဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ စားတဲ့ အစားအစာတွေအားလုံးဟာ သန္ဓေသားလေးအတွက်တော့ အာဟာရပါ။ မေမေလောင်းတို့ စားသမျှဟာ သန္ဓေသားလေးဆီ ရောက်မှာပါ။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အတမ်းတဆုံးဖြစ်တဲ့ အချဉ်နဲ့အစပ် စားချင်စိတ်တွေကိုလည်း မေမေလောင်းတို့ ထိန်းချုပ်ရမှာပါ။ အစပ်စားချင်စိတ်ကို ထိန်းချုပ်ပေမယ့်လည်း စားချင်တယ်ဆိုရင်တော့ တည့်မတည့် ချင့်ချိန်ရမှာပါနော်။

ကိုယ်ဝန်ဆောင် ပထမ (၃) လမှာ အစပ်စားချင်စိတ်က ပိုဖြစ်နိုင်ပါတယ် (Photo: ASDA Baby and Toddler Club)

ကိုယ်ဝန်ဆောင် ပထမ (၃) လမှာ အစပ်စားချင်စိတ်က ပိုဖြစ်နိုင်ပါတယ်

မေမေလောင်းလေးတို့ စားသမျှက သန္ဓေသားလေးဆီ ရောက်တာမို့ ကလေးမှာ အပူအစပ် ထိတာတွေ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ မေမေလောင်းတို့ရဲ့ အစာအိမ်ကို ထိခိုက်စေနိုင်တာပါ။ ဒါက အစာကြေအောင် မချေနိုင်ခြင်း၊ ဗိုက်အောင့်ခြင်းတွေ ဖြစ်နိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဘာဆေးပဲ သောက်ချင်သောက်ချင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

မေမေလောင်းတို့ ကိုယ်ဝန်စဆောင်ချိန်မှာ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းတွေက ဖြစ်မှာပါ။ ဒီအချိန်မှာ အစပ်အရမ်းစားရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ဝေဒနာကို ပိုဖြစ်စေနိုင်ပါတယ်။ ရှောင်ရင်တော့ အကောင်းဆုံးပါနော်။

အပူအစပ်တွေက သားအိမ်ကို ထိစေနိုင်ပါတယ်  (Photo: ASDA Baby and Toddler Club)

ကိုယ်ဝန်ဆောင်နေချိန်မှာ အစပ်အရမ်းစားတာ လမစေ့ဘဲ ကလေးမွေးလာတဲ့အထိတောင် ဖြစ်နိုင်ပါတယ်

ကိုယ်ဝန်ပျက်ကျတာနဲ့ မွေးရာပါ ချို့ယွင်းချက် ရှိတာတွေကိုတောင် ဖြစ်နိုင်ပါသေးတယ်။ မေမေလောင်းတို့ ပုံမှန်အရသာရှိအောင် ချက်တဲ့ ဟင်းတွေတော့ စားလို့ ရပါတယ်။ အသုပ်ကို ငရုတ်သီးရဲနေမှစားတာတွေ၊ မစပ် စပ်အောင် ပြင်ဆင်ထားတဲ့ အစားအစာတွေကိုတော့ မစားသင့်ပါဘူးနော်။

ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလတွေမှာ အပူအစပ်တွေ များများစားမယ်ဆိုရင်တော့

ရင်ပူရင်ဆာဖြစ်တာတွေကို ခံစားရမှာပါ။ ဒါက မသက်မသာဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံးလတွေမှာ သားအိမ်ကလည်း ကြီးထွားလာတာမို့ အပူအစပ်တွေက သားအိမ်ကို ထိစေနိုင်ပါတယ်။ လျှော့စားဖို့ လိုပါတယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟင်းလျာတွေထဲ အစပ်ဘယ်လောက် စားမယ်ဆိုတာ သတ်မှတ်လိုက်ပါ။ ဒါဆိုရင် အဆင်ပြေမှာပါ။ မေမေလောင်းတို့ သန္ဓေသားလေးအတွက်တော့ ဆင်ဆင်ခြင်ခြင်လေး စားပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles