ကိုယ်ဝန်ဆောင်မေမေတွေအတွက် နာနတ်သီးကပေးတဲ့ အာဟာရဓာတ်များ

by: Nang Htwe
 0 comments  151 love

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းအများစုဟာ နာနတ်သီးနဲ့ သင်္ဘောသီးစိမ်းတို့ကို ကိုယ်ဝန် ပျက်ကျမှာ စိုးရိမ်တဲ့အတွက် ရှောင်ရှားကြပါတယ်။

တစ်ရက်ကို နာနတ်သီး နှစ်ခွက်လောက်စားပေးရင် လုံလောက်မှုရှိနေပါပြီ

ဒီတခါမှာတော့ ကိုယ်ဝန်ဆောင်မေမေများအတွက် နာနတ်သီး စားသုံးခြင်းရဲ့အကြောင်းတွေကို ပြောပြပေးချင်ပါတယ်။ ဒါပေမယ့် ဒီအယူအဆဟာ သိပ္ပံနည်းကျတဲ့ အယူအဆတော့ မဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီးစားသုံးတာ မှန်ကန်မှုရှိပါရဲ့လား

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတွေ နာနတ်သီးကို စိတ်ချစွာ စားလို့ရပါတယ်။ တန်ဆေးလွန်ဘေး စကားပုံအတိုင်း အလွန်အကြူးမစားဖို့တော့ လိုပါတယ်။ တစ်ရက်ကို နာနတ်သီး နှစ်ခွက်လောက် စားပေးရင် လုံလောက်မှုရှိနေပါပြီ။ နာနတ်သီးကို အလွန်အကျွံစားရင်တော့ ပြဿနာတွေ အများကြီး ဖြစ်လာစေတယ်နော်။ နာနတ်သီးကို တစ်ရက် ခုနစ်ခွက် မှ ဆယ်ခွက်အထိ စားရင်တော့ ပြဿနာတွေ ဖြစ်လာမှာ သေချာနေပါပြီ။ နာနတ်သီး အများအပြားစားတဲ့အခါမှာ ခန္ဓာကိုယ်ထဲ bromelain တွေတိုးလာပြီး ကလေး ပျက်ကျနိုင်ပါတယ်။ နာနတ်သီးကို အန္တရာယ်ကင်းကင်းစားဖို့ အတွက် bromelain ဓာတ်တွေကို အရင်ဖယ်ရှားပြီးမှ စားတာအကောင်းဆုံးပါ။

ကိုယ်ဝန်မေမေတွေ အတွက် နာနတ်သီးရဲ့ အကျိုးသက်ရောက်မှုများ

နာနတ်သီးမှာ ကိုယ်ဝန်ဆောင်မေမေတွေ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္ထုဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်နှုန်းမြင့်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်တဲ့ ဝမ်းချုပ်တာတွေကို ပျောက်ကင်းစေပြီး အဝလွန်တာကိုလည်း ကာကွယ်ပေးပါတယ်။

ဗီတာမင်စီ

နာနတ်သီးမှာ ဗီတာမင်စီ ပါဝင်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပြီး ကျန်းမာရေးကို ကောင်းမွန်အောင် အထောက်အကူပြုပါတယ်။

မဂ္ဂနိစ့်

အရိုးတွေ သန်မာဖို့အတွက် လိုအပ်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးပါတယ်။

ဗီတာမင်B1

ဗီတာမင် B1 က ကြွက်သားလုပ်ဆောင်ချက်များ၊ နှလုံးနဲ့ အာရုံကြောကိုလည်း ကျန်းမာစေပါတယ်။

ဗီတာမင်B6

ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပြီး ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေ ဖြစ်တတ်တဲ့ မနက်ခင်းအချိန် ဖျားတာတွေကိုလည်း ကာကွယ်ပေးပါတယ်။ သွေးအားနည်းရောဂါ ကို ကာကွယ်ပေးပြီး သွေးနီဥတွေဆီကို အာဟာရနဲ့ ဗီတာမင်ဓာတ်တွေ ထောက်ပံ့ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျတာ နဲ့ စိုးရိမ်စိတ်တွေကို လည်း လျော့ချပေးပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles