မွေးခါနီး(၃)လအတွင်းမှာ ဘာတွေကို အဓိကထား စားသင့်လဲ

by: Nang Htwe
 0 comments  4 love

ကိုယ်ဝန်ဆောင်တတိယပိုင်းမှာ ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေကို ဘယ်လို ရွေးချယ်စားသောက်ကြမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ နှစ်ယောက်စာ စားရတယ်လို့ မေမေလောင်းတို့ ပြောကြပါတယ်။ နှစ်ယောက်စာ စားတာထက် ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ပေးတာ ပိုကောင်းပါတယ်။ ကိုယ်ဝန်ဆောင်တတိယပိုင်းမှာ ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေကို ဘယ်လို ရွေးချယ်စားသောက်ကြမလဲ။

နှစ်ယောက်စာ စားတာထက် ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ပေးတာ ပိုကောင်းပါတယ် (Photo by parenting.firstcry)

ကိုယ်ဝန်ဆောင်ချိန် တတိယပိုင်းဆိုတာ ကိုယ်ဝန်အပတ်(၂၈)ပတ်ကနေ မွေးဖွားတဲ့အချိန်ထိပါ။ ဒီလိုအချိန်မှာ ခန္ဓာကိုယ်က စွမ်းအင်ကို ပိုပြီး အသုံးပြုနေရပါတယ်။ မေမေလောင်းတွေအတွက်ကော သန္ဓေသားလေးအတွက်ပါ အာဟာရတွေ ပိုပြီးလိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် တတိယပိုင်းမှာ သန္ဓေသားလေးအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကတော့

(၁) DHA

DHA ဟာဆိုရင် သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

(၂) ကယ်ဆီယမ်

သန္ဓေသားရဲ့ အရိုးနဲ့ သွား ကျန်းမာရေးအတွက် ကယ်ဆီယမ်ဓါတ် မရှိမဖြစ် လိုအပ်ပါတယ်။ လိုအပ်တဲ့ ကယ်ဆီယမ်ဓါတ်ကို နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်။

(၃) ဗီတာမင် D

အရိုးအတွက် ကယ်ဆီယမ် စုပ်ယူဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

(၄) သံဓါတ်

သန္ဓေသားလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် သံဓါတ် မရှိမဖြစ် လိုအပ်ပါတယ်။

(၅) ဖောလစ်အက်ဆစ်

အာရုံကြော ချို့ယွင်းတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၆) ပရိုတိန်း

သန္ဓေသား ကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ကိုယ်ဝန်ဆောင်ချိန်မှာ နေ့စဉ်စားသုံးပေးသင့်ပါတယ် (Photo by momjunction)

မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာများ

အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ထောပတ်သီး၊ အစေ့အဆန်၊ ဆန်လုံးညို၊ ဂျုံ၊ oats၊ ပြောင်းဖူး၊ ဘာလီ စတဲ့ အစားအစာများ။

ပရိုတိန်း ကြွယ်ဝတဲ့ အစားအစာများ

ကြက်ဥ၊ အသား၊ နွားနို့၊ ဒိန်ချဉ်၊ တိုဟူး စတဲ့ အစားအစာများ။

ကယ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာများ

နို့နဲ့ နို့ထွက်ပစ္စည်း၊ ချိစ့်၊ ဘရိုကိုနီ (ပန်းဂေါ်ဖီစိမ်း)၊ ကန်စွန်းရွက် စတဲ့ အစားအစာများ။

ဖောလစ်အက်ဆစ် ကြွယ်ဝတဲ့ အစားအစာများ

ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ် စတဲ့ အစားအစာများ

သံဓါတ်ကြွယ်ဝတဲ့ အစားအစာများ

အနီရောင်အသား၊ ပဲ၊ ပေါင်မုန့်၊ ပါစတာ စတဲ့ အစားအစာများ

အသီးအနှံတွေမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် သန္ဓေသားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ် (Photo by momjunction)

(၁) အသီးအနှံများ

အသီးအနှံတွေမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် သန္ဓေသားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။ ဗီတာမင် ဓါတ်တွေဟာ သံဓါတ်ကို စုပ်ယူပေးတဲ့အပြင် ကိုယ်ခံစွမ်းအား ကောင်းမွန်အောင် အထောက်အကူပြုပါတယ်။ ကီဝီ၊ စတော်ဘယ်ရီ၊ ငှက်ပျော၊ ဖရဲသီး စတဲ့ အသီးအနှံတွေမှာ ကိုယ်ခံစွမ်းအား ကောင်းမွန်အောင် အထောက်အကူပြုပါတယ်။ သရေစာအနေနဲ့ မကြာခဏ စားပေးနိုင်ပါတယ်။

ပဲတွေမှာ ဗီတာမင် B1 နဲ့ အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်ပါတယ် (Photo by momjunction)

(၂) ပဲအမျိုးမျိုး

ပဲတွေမှာ ဗီတာမင် B1 နဲ့ အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ပဲဟင်းချိုအဖြစ် စားနိုင်သလို ပဲပြုတ်အဖြစ်လည်း စားလို့ရပါတယ်။

အရွက်တွေမှာ ဗီတာမင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ် (Photo by momjunction)

(၃) အရွက်သုပ်

အရွက်တွေမှာ ဗီတာမင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အာလူး၊ ဆလတ်ရွက်၊ ပြောင်းဖူး စတဲ့ ဟင်းသီးဟင်းရွက်တွေကို ချက်စားလို့ရနိုင်သလို သုပ်ပေးတာလည်း အကျိုးကျေးဇူးတွေ အများကြီးရှိလာစေပါတယ်။

အစေ့အဆန်တွေမှာ အိုမီဂါ(၃)နဲ့ ဖက်တီးအက်ဆစ်တို့ ကြွယ်ဝစွာပါဝင်ပါတယ် (Photo by momjunction)

(၄) အစေ့အဆန်များ

အစေ့အဆန်တွေမှာ အိုမီဂါ(၃)နဲ့ ဖက်တီးအက်ဆစ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ အသီးခြောက်များ၊ နေကြာစေ့၊ သစ်ကြားသီး၊ သီဟိုစေ့ စတဲ့ အစေ့အဆန်တွေကို ကိုယ်ဝန်ဆောင်ချိန်မှာ သရေစာအနေနဲ့ စားပေးနိုင်သလို ဟင်းလျာတွေထဲမှာလည်း ထည့်သွင်းပေးလို့ရပါတယ်။

ထောပတ်သီးဟာဆိုရင် ဗီတာမင် C၊ ဗီတာမင် E နဲ့ အမျှင်ဓါတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ် (Photo by momjunction)

(၅) ထောပတ်သီး

ထောပတ်သီးဟာဆိုရင် ဗီတာမင် C၊ ဗီတာမင် E နဲ့ အမျှင်ဓါတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ထောပတ်သီးကို ဖျော်ရည်အဖြစ် သောက်နိုင်သလို အသုပ်အနေနဲ့လည်း စားလို့ရပါတယ်။ သရက်သီး၊ လိမ္မော်သီးတို့နဲ့လည်း ရောနှောသုပ်စားလို့ ရပါတယ်။

ဆော်လမွန်ငါးမှာဆိုရင် အိုမီဂါ(၃)နဲ့ DHA ပါဝင်ပါတယ် (Photo by momjunction)

(၆) ဆော်လမွန်ငါး

ဆော်လမွန်ငါးမှာဆိုရင် အိုမီဂါ(၃)နဲ့ DHA ပါဝင်တာကြောင့် သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ အိုမီဂါ(၃)နဲ့ DHA မှာဆိုရင် အာရုံကြောဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

ကြက်ဥပြုတ်ကို မနက်စာအနေနဲ့ နေ့စဉ်စားလို့ရပါတယ် (Photo by momjunction)

(၇) ကြက်ဥ

ကြက်ဥမှာ choline ပါဝင်တာကြောင့် ကလေးငယ်တွေကြီးထွားဖွံ့ဖြိုးဖို့အတွက် ဆဲလ်တွေရဲ့လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုပါတယ်။ ကြက်ဥပြုတ်ကို မနက်စာအနေနဲ့ နေ့စဉ်စားလို့ရပါတယ်။

နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ် (Photo by momjunction)

(၈) နို့နဲ့ နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။

ကိုယ်ဝန်တတိယပိုင်းကို ရောက်လာပြီဆိုရင်တော့ အရင်ပထမပိုင်းနဲ့ ဒုတိယပိုင်းတုန်းကလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို မျှမျှတတ ရွေးချယ်စားသောက်ပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles