ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ ငါးဟင်းစားခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းအဖြေများ

by: Nang Htwe
 0 comments  0 love

ငါးမှမဟုတ်ပါဘူး။ ဘယ်အစားအစာကိုမှ အလွန်အမင်းမစားသင့်ပါဘူး။ အလွန်အမင်းစားခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနေပါတယ်။

ကိုယ်ဝန်ဆောင်မေမေတို့ ကြိုက်တဲ့ ဟင်းတွေထဲမှာ ငါးဟင်းလည်းပါဝင်ပါတယ်။ ငါးကင်၊ ငါးချက်၊ ငါးကြော်၊ ငါးပေါင်း အစရှိသလို ကြိုက်နှစ်သက်ရာစားသုံးနိုင်ပါတယ်။ ရေချိုငါး၊ ရေငံငါး အမျိုးမျိုးရှိသလို တချို့ငါးတွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်တာတွေ ရှိပါတယ်။ ငါးမှာ ပရိုတိန်း၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ပင်လယ်ငါးတွေမှာတော့ အိုမီဂါ(၃) ဖက်တီးအက်ဆစ် ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတို့ ကြိုက်တဲ့ ဟင်းတွေထဲမှာ ငါးဟင်းလည်းပါဝင်ပါတယ် (Photo by touratabex.com)

အမေး : မာကျူရီပါဝင်တဲ့ ငါးတွေ စားမိတယ်ဆိုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ။

အဖြေ : ရံဖန်ရံခါသာ စားမယ်ဆိုရင်တော့ ထိခိုက်မှု နည်းပါတယ်။ ပမာဏ အများကြီးမစားဖို့ သတိထားပါ။

အမေး : ငါးကို ရှောင်လိုက်မယ်ဆိုရင် အိုမီဂါ(၃)ကို ဘယ်လိုနည်းလမ်းနဲ့ ရနိုင်လဲ။

အဖြေ : ငါးမစားဘူးဆိုရင်တော့ အိုမီဂါ(၃)ဖြည့်စွက်ဆေးဝါးတွေ သောက်သုံးရပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားချက်အတိုင်း သောက်သုံးပါ။

အမေး : ကိုယ်ဝန်ပထမ(၃)လမှာ ငါးစားတာ ကောင်းလား။

အဖြေ : ကောင်းပါတယ်။ သန္ဓေသားလေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူရပါတယ်။

ကျက်အောင် ချက်ပြုတ်စားပါ (Photo by One Medical )

အမေး : ငါးကို အလွန်အမင်းစားမယ်ဆိုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ။

အဖြေ : ငါးမှမဟုတ်ပါဘူး။ ဘယ်အစားအစာကိုမှ အလွန်အမင်းမစားသင့်ပါဘူး။ အလွန်အမင်းစားခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနေပါတယ်။

အမေး : ငါးကို စိတ်ချလက်ချ ဘယ်လိုစားမလဲ။

အဖြေ : ကျက်အောင် ချက်ပြုတ်စားပါ။ အစိမ်းစားတာကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ငါးအစိမ်းပါတဲ့ ဆူရှီတွေကို လုံးဝရှောင်ရှားပါ။

ငါးက ဗိုက်ဗိုက်တို့အတွက် အထောက်အကူပြုပေမယ့်လည်း အစိမ်းစားတာနဲ့ မာဂျူလီပါတဲ့ ပင်လယ်ငါးတွေကို ရှောင်ရှားဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Safe Fish

Comments

0 comments
Latest video
Refer to more useful articles
x