ကိုယ်ဝန်ဆောင်မေမေတွေ ချိစ့်ကိတ် စားသင့်လား

by: Nang Htwe
 0 comments  0 love

ချိစ့်ကိတ်မှာ သကြားပါဝင်နှုန်းမြင့်မားတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မကြာခဏ စားနေမယ်ဆိုရင် ကိုယ်အလေးချိန် မြင့်တက်လာနိုင်တာကို သတိထားပါ။

အရသာရှိပြီး နူးညံ့လှတဲ့ ချိစ့်ကိတ်တွေကို မကြိုက်တဲ့သူရှားပါတယ်။  ချိစ့်ကိတ်မှာပါတဲ့ ကြက်ဥအစိမ်း၊ ချိစ့်နဲ့ သကြားတွေက မေမေလောင်းတို့ ရှောင်ကျဉ်ရမယ့် အစားအစာတွေဖြစ်ပါတယ်။ ချိစ့်ကိတ်မှာ ဗိုက်ဗိုက်လေးတို့အတွက် အန္တရာယ်ရှိတဲ့ အစားအစာတွေပါနေတာကြောင့် စားသင့်မစားသင့်ကို သေသေချာချာ စဉ်းစားရပါမယ်။

Cheesecake During Pregnancy

အရသာရှိပြီး နူးညံ့လှတဲ့ ချိစ့်ကိတ်တွေကို မကြိုက်တဲ့သူရှားပါတယ် (Photo by momjunction)

unpasteurized cheeses

unpasteurized cheeses ဆိုတာ နွားနို့အစိမ်းနဲ့ ပြုလုပ်ထားတဲ့ ချိစ့်အမျိုးအစာဖြစ်ပါတယ်။ ဒီ ချိစ့်မှာ E.coli bacteria ပါဝင်နိုင်ခြေရှိတာကြောင့် ဝမ်းလျှောတာကို ကြုံရနိုင်ပါတယ်။ သန္ဓေသားကို သွားအားနည်းသွားနိုင်ပြီး တိုးတက်ဖွံ့ဖြိုးမှု နှောင့်နှေးသွားနိုင်ပါတယ်။

ကြက်ဥအစိမ်း

ကြက်ဥအစိမ်းမှာ လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ salmonella bacteria ပါဝင်တာကြောင့် အဆိပ်သင့်တာကို ကြုံတွေ့ရနိုင်ပါတယ်။ သန္ဓေသားရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဒါဆို ဗိုက်ဗိုက်လေးတွေ အနေနဲ့ ဘယ်လိုချိစ့်ကိတ်တွေကို စားသင့်လဲ

  • မီးဖုတ်(oven)ထားတဲ့ ချိစ့်ကိတ်ကို ရွေးချယ်စားသုံးပါ။ ဖုတ်ထားတဲ့ ချိစ့်ကိတ်တွေမှာ အန္တရာယ်ဖြစ်စေတဲ့ ရောဂါပိုးတွေ မရှိတော့တဲ့အတွက်ကြောင့် စိတ်ချလက်ချ စားလို့ရပါတယ်။ ဖုတ်လိုက်တဲ့ ချိစ့်ကိတ်က အရသာနည်းသွားတာကြောင့် စတော်ဘယ်ရီယို၊ ချောကလက်နဲ့ ဘလူးဘယ်ရီယိုတို့နဲ့ တွဲစားနိုင်ပါတယ်။
  • unpasteurized cheeses နဲ့ ကြက်ဥ အစိမ်းမပါတဲ့ ချိစ့်ကိတ် အမျိုးအစားကို ရွေးချယ်ပါ။
  • pasteurized cheeses အမျိုးအစားအသုံးပြုထားတဲ့ ချိစ့်ကိတ်ကို ရွေးချယ်ပေးပါ။
  • ဆိုင်ကနေ ဝယ်စားမယ်ဆိုရင် ပါဝင်တဲ့အညွန်းကို စစ်ဆေးပါ။ အိမ်မှာ ကိုယ်တိုင်ပြုလုပ်တာက ပိုအဆင်ပြေပါတယ်။ သီးသန့်မှာပြီး ပြုလုပ်ခိုင်းတယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

ချိစ့်ကိတ်နဲ့ ပတ်သက်ပြီး မေမေလောင်းတို့ သတိထားရမှာတစ်ခုက ကယ်လိုရီပါ။ ချိစ့်ကိတ်မှာ သကြားပါဝင်နှုန်းမြင့်မားတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မကြာခဏ စားနေမယ်ဆိုရင် ကိုယ်အလေးချိန် မြင့်တတ်လာနိုင်တာကို သတိထားပါ။

ချိစ့်ကိတ်မှာ ဘာလို အာဟာရတွေ ပါဝင်လဲ

ချိစ့်ကိတ်ရဲ့ အခြေခံပစ္စည်းတွေကတော့  cream cheese၊ ကြက်ဥ၊ သကြား၊ sour cream နဲ့ vanilla extract တို့ပါဝင်ပါတယ်။ ပုံမှန်ချိစ့်ကိတ်တစ်လုံး( ၆စိတ်) မှာ (၂၅၇) ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိုက် (၂၀)ဂရမ်၊ အဆီ (၁၈)ဂရမ်နဲ့ ပရိုတိန်း(၄)ဂရမ်တို့ ပါဝင်ပါတယ်။

ချိစ့်ကိတ်မှာ သကြားပမာဏ များတာကြောင့် ကာဗိုဟိုက်ဒရိုက်ကြွယ်ဝပါတယ်။ နောက်ပြီး အဆီပါဝင်နှုန်းလည်း မြင့်မားပါတယ်။ တခြားပါဝင်တဲ့ အာဟာရတွေကတော့

ဗီတာမင် A

ချိစ့်ကိတ် တစ်စိတ်မှာ ဗီတာမင် A (၉)ရာခိုင်နှုန်းပါဝင်ပါတယ်။ ဒီ ဗီတာမင် A ဟာဆိုရင် Sour cream နဲ့ cream cheese တွေကနေ ရရှိပါတယ်။

How To Prepare Homemade Cheesecake

ချိစ့်ကိတ် တစ်စိတ်မှာ ဗီတာမင် A (၉)ရာခိုင်နှုန်းပါဝင်ပါတယ် (Photo by momjunction)

ပရိုတိန်း

ပရိုတိန်းဟာ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။ သန္ဓေသားရဲ့ ကြွက်သားနဲ့ တစ်သျှူးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။

အဆီ

ချိစ့်ကိတ်တစ်စိတ်မှာ အဆီ(၁၈)ဂရမ်ပါပြီး (၈)ဂရမ်ကတော့ ပြည့်ဝဆီတွေပါ။

ဆိုဒီယမ်

ချိစ့်ကိတ်တစ်စိတ်မှာ ဆိုဒီယမ် (၁၆၆)မီလီဂရမ် ပါဝင်ပါတယ်။

မေမေလောင်းတို့အနေနဲ့ ချိစ့်ကိတ်ကို ဝယ်စားတာထက် အိမ်မှာကိုယ်တိုင်လုပ်စားတာ ဒါမှမဟုတ် အော်ဒါမှာစားတာမျိုး ပြုလုပ်သင့်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

From Kalay with

Tag: Cheesecakeeatpregnancysafe

Comments

0 comments
Latest video
Refer to more useful articles
x