ဗိုက်ဗိုက်တို့ ပြည်ကြီးငါး စားပေးသင့်တဲ့ အကြောင်းပြချက်များ

by: Nang Htwe
 0 comments  0 love

ပင်လယ်စာကြိုက်တဲ့ မေမေလောင်းတွေအတွက် ပြည်ကြီးငါးက အရသာရှိတဲ့ ပင်လယ်စာ ဟင်းတစ်ခွက်ဖြစ်ပါတယ်

ပင်လယ်စာကြိုက်တဲ့ မေမေလောင်းတွေအတွက် ပြည်ကြီးငါးက အရသာရှိတဲ့ ပင်လယ်စာ ဟင်းတစ်ခွက်ဖြစ်ပါတယ်။ ပြည်ကြီးငါးမှာ အာဟာရဓါတ်မြင့်မားစွာပါဝင်ပါတယ်။ အထူးသဖြင့် သန္ဓေသားအတွက် အရေးကြီးတဲ့ အိုမီဂါ(၃) ကြွယ်ဝစွာပါဝင်တာပါ။ ပရိုတိန်းနဲ့ တခြားအာဟာရဓါတ်တွေလည်း ပါဝင်ပါသေးတယ်။ ပင်လယ်စာတွေထဲမှာ ပြည်ကြီးငါးက ဆိုဒီယမ်နဲ့ ပြည့်ဝဆီ ပါဝင်နှုန်းအနည်းဆုံးပါ။

ပင်လယ်စာကြိုက်တဲ့ မေမေလောင်းတွေအတွက် ပြည်ကြီးငါးက အရသာရှိတဲ့ ပင်လယ်စာ ဟင်းတစ်ခွက်ဖြစ်ပါတယ် (Photo by thespruceeats.com )

ပြည်ကြီးငါးရဲ့ အကျိုးကျေးဇူးများ

ပြည်ကြီးငါးမှာပါဝင်တဲ့ အာဟာရဓါတ်တွေကတော့

  • ကော်ပါး
  • ဆယ်လီနီယမ်
  • ပရိုတိန်း
  • ဖော့စဖောရပ်
  • ဗီတာမင် B12, B2, C
  • ဇင့်နဲ့
  • သံဓါတ်တို့ပါဝင်ပါတယ်။

(၁) ဟေမိုဂလိုဘင် ထုတ်လုပ်တာကို အကူအညီပေးပါတယ်။ သွေးကြော၊ အရိုးနဲ့ အာရုံကြော ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

(၂) သိုင်းရွိုက်ဟော်မုန်းကို ထိန်းညှိပေးပါတယ်။

(၃) စိတ်ဖိစီးမှုတွေကို ကာကွယ်ပေးပါတယ်။

(၄) ခန္ဓာကိုယ်က တစ်သျှူးတွေကို ပြုပြင်ပေးတယ်။ တည်ဆောက်ပေးတယ်။

(၅) ကိုယ်ခံစွမ်းအား ဖွံ့ဖြိုးစေတယ်။

(၆) အရိုးနဲ့ သွားတွေကို သန်စွမ်းစေတယ်။

(၇) အင်ဇိုင်းနဲ့ ဆဲလ်တွေကို အကူအညီပေးတယ်။

(၈) ခန္ဓာကိုယ်အတွက် စွမ်းအင်တွေ ရရှိစေတယ်။

(၉) သွေးနီဆဲလ်နဲ့ အာရုံကြောတွေအတွက် အထောက်အကူဖြစ်တယ်။

(၁၀) ကလေးငယ်ခန္ဓာကိုယ်ထဲမှာ အင်ဇိုင်းနဲ့ အင်ဆူလင်တွေ ထုတ်လုပ်ဖို့ အကူအညီပေးတယ်။

(၁၁) ကလေးငယ် ကိုယ်ခံစွမ်းအား တည်ဆောက်ရာမှာ အထောက်အကူပြုတယ်။

(၁၂) ကလေးငယ် ခန္ဓာကိုယ်အတွက် သွေးနီဆဲလ်တွေကို အထောက်အကူပြုပြီး ဗိုက်ဗိုက်တို့အတွက်လည်း ဟေမိုဂလိုဘင် တိုးလာစေတယ်။ သားအိမ်နံရံသွေးစီးဆင်းမှု ကောင်းလာစေတယ်။

ပြည်ကြီးငါးကို ပေါင်းထားပြီး သုတ်စားတာမျိုးလည်း အလွန်ကောင်းပါတယ် (Photo by Macheesmo )

ပြည်ကြီးငါးနဲ့ ပတ်သက်ပြီး သတိထားစရာများ

ပင်လယ်အစားအစာ တော်တော်များများမှာ မာကျူရီပါဝင်တာကို သတိထားရပါမယ်။ မေမေလောင်းတို့ရဲ့ ခန္ဓာကိုယ်ထဲ မာကျူရီဓါတ်တွေ များနေပြီဆိုရင် သန္ဓေသားကို ထိခိုက်စေပါတယ်။ ပြည်ကြီးငါးမှာတော့ တခြားငါးတွေလောက် မာကျူရီမပါပါဘူး။

  • ဆီနဲ့ ကျွတ်ရွနေအောင် လွန်လွန်မင်းမင်းကြော်ထားတဲ့ ပြည်ကြီးငါးတွေမှာ အာဟာရဓါတ်ဆုံးရှုံးထားပါတယ်။ နောက်ပြီး ဆီအများကြီးသုံးရတာကြောင့် ကျန်းမာရေးနဲ့လည်း မသင့်တ်ောပါဘူး။
  • အာဟာရဓါတ်မပျက်စီးစေဖို့ ပြည်ကြည်းငါးကို ပေါင်းစားတာမျိုး၊ ဆီနည်းနည်းလေးနဲ့ ကြော်စားတာမျိုး၊ ချက်စားတာမျိုး ပြုလုပ်နိုင်ပါတယ်။
  •  ပြည်ကြီးငါးကို ဟင်းသီးဟင်းရွက်တွေထည့်ပြီး ရောချက်စားတာ အကောင်းဆုံးပါ။
  •  ပြည်ကြီးငါးကို ပေါင်းထားပြီး သုတ်စားတာမျိုးလည်း အလွန်ကောင်းပါတယ်။ အရွက်တွေ ထည့်သုပ်ပါ။
  •  ပြည်ကြီးငါးဝယ်တဲ့အခါ လတ်ဆက်မှုရှိမရှိ၊ သန့်ရှင်းမှု ရှိမရှိ စစ်ဆေးပြီးမှ ဝယ်ပါ။

ပြည်ကြီးငါးဟာဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ စားသင့်တဲ့ အစားအစာဖြစ်ကြောင်း ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x