ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဟင်းနုနွယ်ရွက်ရဲ့ အကျိုးကျေးဇူးများ

by: Nang Htwe
 0 comments  0 love

ဟင်းနုနွယ်ရွက်မှာ ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်ပါတယ်။ သန္ဓေသားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူတွေ အများကြီးရပါတယ်

ကျန်းမာရေးနဲ့ညီပြီး ဗိုက်ဗိုက်တို့ ရွေးချယ်စားသုံးသင့်တဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ဟင်းနုနွယ်ရွက်လည်း ပါဝင်ပါတယ်။ ကင်ဆာရောဂါကို ကာကွယ်ပေးတဲ့အပြင် သွေးဖိအားကျတာနဲ့ အမြင်အာရုံပြဿနာတွေကို နည်းသွားစေပါတယ်။ ကိုယ်ဝန်ဆောင်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကိုလည်း ကူညီပေးပါတယ်။ ဟင်းနုနွယ်ရွက်မှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကတော့

  • ကယ်လိုရီ
  • ပရိုတိန်း
  • ကာဗိုဟိုက်ဒရိုက်
  • အဆီ
  • သံဓါတ်
  • ဖောလစ်အက်ဆစ်နဲ့
  • ကယ်ဆီယမ်တို့ ဖြစ်ကြပါတယ်။

ဟင်းနုနွယ်ရွက်မှာ မတူညီတဲ့ ဗီတာမင်တွေလည်းပါဝင်နေပါတယ်။ ဗီတာမင် A,B,C ၊ ဖော့စဖောရပ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်ပါတယ်။ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ ဟင်းနုနွယ်ရွက်ရဲ့ အကျိုးကျေးဇူးများ

ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အကူအညီပေးခြင်း

ဟင်းနုနွယ်ရွက်မှာ ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်ပါတယ်။ သန္ဓေသားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူတွေ အများကြီးရပါတယ်။ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးနီဆဲလ်ထုတ်လုပ်တာကို အထောက်အကူပြုတာကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ သွေးအားနည်းတဲ့ပြဿနာကို ကာကွယ်ပေးပါတယ်။

စိတ်ခံစားချက်

ဗီတာမင် B ပါဝင်တာကြောင့် စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေ့တတ်တဲ့ပြဿနာနဲ့ သန္ဓေသားကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ စိတ်ဓါတ်ကျတာတွေ၊ စိုးရိမ်တာတွေနဲ့ စိတ်ဖိစီးမှုတွေကို သက်သာပျောက်ကင်းစေပါတယ်။

အရိုးနဲ့သွား

ကယ်ဆီယမ်ပါဝင်တာကြောင့် သန္ဓေသားရဲ့ အရိုးနဲ့သွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါတယ်။ သွေးလွတ်ကြောတွင်း သွေးခဲတာကို ကာကွယ်ပေးပြီး ကြွက်သားနဲ့ အာရုံကြော လုပ်ဆောင်ချက်တွေအတွက် အထောက်အကူပြုပါတယ်။

ကိုလက်စထရော

ဗီတာမင် E က အန္တရာယ်ဖြစ်စေတဲ့ fight free တွေကို တိုက်ထုတ်ပေးပြီး အမြင်အာရုံကျန်းမာစေကာ ကိုလက်စထရော ကို ထိန်းပေးပါတယ်။

အဆုတ်ဖွံ့ဖြိုးရေး

ဗီတာမင် A ကြွယ်ဝစွာပါဝင်တာကြောင့် အဆုတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။ ဇီဝဖြစ်စဉ်တွေကို အထောက်အကူပြုတာကြောင့် အသက်အရွယ် အိုမင်းရင့်ရော်တာကို တားဆီးပေးတဲ့အပြင် ဆီချိုရောဂါဖြစ်ပွားတာကိုလည်း လျှော့နည်းစေပါတယ်။

နာကျင်ခြင်း

ဟင်းနုနွယ်ရွက်မှာ glycolipid ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင်း နာကျင်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်မှာ နာကျင်တဲ့ဝေဒနာတွေ ခံစားရပါတယ်။

ခန္ဓာကိုယ်တွင်းက သွေးဖိအားတွေကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းပေးပါတယ် (Photo by Aptaclub)

ကိုယ်ခံစွမ်းအား

ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ ကိုယ်ခံစွမ်းအား အားနည်းလာပြီး ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။ ဟင်းနုနွယ်ရွက်က ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ ကိုယ်ခံစွမ်းအားကောင်းအောင် အထောက်အကူပြုတာကြောင့် ရောဂါဖြစ်ပွားတာတွေ နည်းသွားစေပါတယ်။ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

သွေးဖိအား

ခန္ဓာကိုယ်တွင်းက သွေးဖိအားတွေကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းပေးပါတယ်။

အသားအရည်

ပရိုတိန်းကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတိန်းဟာဆိုရင် ဆဲလ်တွေကို ပြုပြင်ပေးပြီး အမိုင်နိုအက်ဆစ်ကို ထုတ်လုပ်ပေးတာကြောင့် အသားအရည်ကောင်းစေပြီး ကြွက်သားနဲ့ အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ဟင်းနုနွယ်ရွက်ဟာဆိုရင် ကိုယ်ဝန်ဆောင်မေမေတို့အတွက် အထောက်အကူပြုတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: pregnancySpinach

Comments

0 comments
Latest video
Refer to more useful articles
x