ကိုယ်ဝန်ဆောင်ချိန်မှာ ဟော့ပေါ့စားလို့ရလား

by: Nang Htwe
 0 comments  0 love

ဟောပေါ့ထဲမှာ ငရုတ်သီး၊ အဆီ၊ သကြားနဲ့ အငံဓါတ် ပါဝင်နှုန်းမြင့်မားပါတယ်။ ပြီးတော့ အသားငါးတွေကို ထည့်ပြုတ်တဲ့အခါ မကျက်တာများပါတယ်။

နာမည်ကျော်လူကြိုက်များတဲ့ အစားအစာတွေထဲမှာ ဟော့ပေါ့လည်းပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော့ပေါ့စားလို့ရလား။ ဟော့ပေါ့အလွန်ကြိုက်တဲ့ မေမေလောင်းတွေအတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးကို အဓိက အလေးထားရတာကြောင့် ကျန်းမာရေးထိခိုက်စေမယ့် အရာတွေကို ရှောင်ရှားရပါတယ်။

Image result for Is it okay to eat hotpot while pregnant?

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော့ပေါ့စားချင်စိတ်ဖြစ်လာတယ်ဆိုရင် သီးသန့်အော်ဒါမှာစားတာ ဒါမှမဟုတ် အိမ်မှာပြုလုပ်စားနိုင်ပါတယ်  (Photo by Toronto Star)

ဟော့ပေါ့မှာ ဘာတွေပါလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ သကြားနဲ့ ဆား ပါဝင်နှုန်းမြင့်သော အစားအစာများ၊ အဆီများလွန်းတဲ့ အစားအစာများ၊ ကဖင်း၊ ဝိုင် စတဲ့ အစားအစာတွေကို ရှောင်ရှားရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဟော့ပေါ့ကို အလွန်အမင်းမစားဖို့ သတိထားပါ။

ဟောပေါ့ထဲမှာ ငရုတ်သီး၊ အဆီ၊ သကြားနဲ့ အငံဓါတ် ပါဝင်နှုန်းမြင့်မားပါတယ်။ ပြီးတော့ အသားငါးတွေကို ထည့်ပြုတ်တဲ့အခါ မကျက်တာများပါတယ်။ နောက်ပြီး ဟော့ပေါ့စားတဲ့အခါ အအေးသောက်ကြပါတယ်။ သကြားပါဝင်နှုန်းများတဲ့ အအေးတွေကို အဓိကထားသောက်ကြပါတယ်။ ဒါကြောင့် ဟော့ပေါ့စားတဲ့အခါ အစပ်၊ အပူ၊ အငံ၊ အအေး စတဲ့ ပြင်းထန်တဲ့ အရသာတွေ ရရှိနေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏ မစားသင့်ပါဘူး။ အရင်တုန်းကလို ဗိုက်အပြည့်စားတာကိုလည်း ရှောင်ရှားရပါမယ်။

ပြည့်ဝဆီ၊ မပြည့်ဝဆီ

ဟော့ပေါ့ထဲမှာပါဝင်တဲ့အဆီက ပြည့်ဝဆီ၊ လတ်ဆက်မှုမရှိတဲ့ ဆီးသီးခြောက်တွေအပြင် ready made အသားလုံးတွေ၊ အသားပြားတွေ၊ တိရစ္ဆာန်ဂျယ်လီတွေ၊ ခေါက်ဆွဲခြောက်တွေ၊ အကင်တွေနဲ့ လတ်ဆက်မှုနည်းပြီး အေးခဲထားတဲ့ သစ်သီးတွေ စတာတွေက ကိုယ်ဝန်ဆောင်မေမေတို့နဲ့ မတည့်တဲ့ အစားအစာတွေပါ။ ဟော့ပေါ့ကို ခဏခဏစားတာ ဒါမှမဟုတ် ပမာဏအမြောက်အများစားမယ်ဆိုရင်

  • ကယ်လိုရီတွေ မြင့်တက်လာမယ်။
  • ဆိုဒီယမ်တွေ မြင့်တက်လာမယ်။
  • အမျှင်ဓါတ်နဲ့ သတ္ထုဓါတ်တွေ နိမ့်သွားမယ်။

ရေရှည်စားနေမယ်ဆိုရင်တော့ ဝမ်းချုပ်တဲ့ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

Image result for Is it okay to eat hotpot while pregnant?

ဟောပေါ့ထဲမှာ ငရုတ်သီး၊ အဆီ၊ သကြားနဲ့ အငံဓါတ် ပါဝင်နှုန်းမြင့်မားပါတယ် (Photo by Time Out Beijing)

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော့ပေါ့စားချင်တယ်ဆိုရင်

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော့ပေါ့စားချင်စိတ်ဖြစ်လာတယ်ဆိုရင် သီးသန့်အော်ဒါမှာစားတာ ဒါမှမဟုတ် အိမ်မှာပြုလုပ်စားနိုင်ပါတယ်။ ငရုတ်သီးအစား ငရုတ်ကောင်းနဲ့ ဂျင်းကို အစားထိုးထည့်နိုင်ပြီး အသားငါးတွေကို ကျက်သည်အထိပြုတ်တာ ဒါမှမဟုတ် အသီးအရွက်တွေ များများစားပေးပါ။ အချိုရည်အစား ရေများများသောက်ပါ။ ဒီလိုအစားထိုးစားပေးမယ်ဆိုရင် ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ အများကြီးရရှိစေပါတယ်။ အရသာလည်းရှိ ကျန်းမာရေးလည်းညီညွှတ်တဲ့ အစားအစာတွေဖြစ်ပါတယ်။

ဟော့ပေါ့ကို ဆိုင်မှာစားတာထက် အိမ်မှာကျန်းမာရေးနဲ့ညီညွတ်တဲ့ ပစ္စည်းတွေ အစားထိုးအသုံးပြုပေးတဲ့ ဟော့ပေါ့က ကျန်းမာရေးနဲ့ ပိုညီညွတ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

From Kalay with

Tag: eathotpotokaypregnant

Comments

0 comments
Latest video
Refer to more useful articles
x