ရေမြွာရည်နည်းသူတို့အတွက် တိုးလာအောင် ဘာတွေစားမလဲ

by: Nang Htwe
 0 comments  0 love

မေမေလောင်းတို့ အိပ်ယာပေါ် အနားယူတဲ့အခါ ဘယ်ဖက်စောင်းပြီး အိပ်ပါ။ သားအိမ်သွေးကြောကနေ သွေးတွေ ချောချောမွေ့မွေ့နဲ့ သန္ဓေသားဆီ ပုံမှန် သွေးစီးဆင်းစေပါတယ်။

ရေမြွာရည်နည်းတဲ့ ဗိုက်ဗိုက်တို့အတွက် ရေမြွာရည် တိုးလာစေမယ့် အစားအသောက်တွေကို Kalay ကနေ ပြောပြပေးမယ်နော်။

တစ်ရက်ကို ရေဖန်ခွက် (၈)ခွက်ကနေ (၁၀)ခွက်အထိ သောက်ပါ (Photo by 风采Feminine)

 

ရေများများသောက်ပါ

တစ်ရက်ကို ရေဖန်ခွက် (၈)ခွက်ကနေ (၁၀)ခွက်အထိ သောက်ပါ။ ဒါက ရေမြွာရည်တိုးလာစေမယ့် ရိုးရှင်းဆုံး နည်းလမ်းပါ။ ခန္ဓာကိုယ်ရေဓါတ်တိုးလာစေပြီး ရေမြွာရည်လည်း များလာမှာပါ။

ရေဓါတ်တိုးမယ့် အစားအစာများ

ရေဓါတ်ပါဝင်နှုန်းများတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပါ။

ရေဓါတ်များတဲ့ အသီးအနှံများ

  • ဖရဲသီးမှာ ရေဓါတ် (၉၁.၅) ရာခိုင်နှုန်းပါဝင်ပါတယ်။
  • စတော်ဘယ်ရီမှာတော့ (၉၁.၀) ရာခိုင်နှုန်းပါဝင်ပါတယ်။
  • သခွားမွှေးသီးမှာတော့ (၉၀.၂) ရာခိုင်နှုန်း ပါဝင်ပါတယ်။
  • ဂရိတ်ဖုသီးမှာတော့ (၉၀.၅) ရာခိုင်နှုန်း ပါဝင်ပါတယ်။
  • စောင်းလျားသီးမှာတော့ (၉၁.၄) ရာခိုင်နှုန်းပါဝင်ပါတယ်။
  • ခရမ်းချဉ်သီးမှာတော့ (၉၄.၅) ရာခိုင်နှုန်း ပါဝင်ပါတယ်။

ဖရဲသီးမှာ ရေဓါတ် (၉၁.၅) ရာခိုင်နှုန်းပါဝင်ပါတယ် (Photo by HuffPost)

ရေဓါတ်များတဲ့ ဟင်းသီးဟင်းရွက်များ

  • သခွားသီးမှာတော့ (၉၆.၇) ရာခိုင်နှုန်း ပါဝင်ပါတယ်။
  • တရုတ်နံနံမှာတော့ (၉၅.၄) ရာခိုင်နှုန်း ပါဝင်ပါတယ်။
  • ငရုတ်သီးစိမ်းပွမှာတော့ (၉၃.၉) ရာခိုင်နှုန်း ပါဝင်ပါတယ်။
  • ဆလတ်ရွက်မှာတော့ (၉၅.၆) ရာခိုင်နှုန်း ပါဝင်ပါတယ်။
  • မုန်လာဥနီမှာတော့ (၉၅.၃) ရာခိုင်နှုန်း ပါဝင်ပါတယ်။
  • မုန်လာပွင့်မှာတော့ (၉၂.၁) ရာခိုင်နှုန်း ပါဝင်ပါတယ်။
  • ဘရိုကိုနီ (ပန်းဂေါ်ဖီစိမ်း)မှာတော့ (၉၀.၇) ရာခိုင်နှုန်း ပါဝင်ပါတယ်။
  • ဟင်းနုနွယ်ရွက်မှာတော့ (၉၁.၄) ရာခိုင်နှုန်း ပါဝင်ပါတယ်။

ဘယ်ဖက်စောင်းပြီး အနားယူပါ

မေမေလောင်းတို့ အိပ်ယာပေါ် အနားယူတဲ့အခါ ဘယ်ဖက်စောင်းပြီး အိပ်ပါ။ သားအိမ်သွေးကြောကနေ သွေးတွေ ချောချောမွေ့မွေ့နဲ့ သန္ဓေသားဆီ ပုံမှန် သွေးစီးဆင်းစေပါတယ်။  ရေမြွာရည်ကို တိုးလာစေပါတယ်။

ပေါ့ပါးတဲ့ လေ့ကျင့်ခန်း

ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို သွေးစီးဆင်းမှု လှုံ့ဆော်ပေးပါတယ်။ နေ့တိုင်း လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးတာက သွေးလည့်ပတ်မှုကောင်းစေပြီး ရေမြွာရည်တိုးလာစေပါတယ်။ လမ်းလျှောက်တာ၊ ရေကူးတာနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ အကောင်းဆုံးပါ။ ဒါပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လေ့ကျင့်ခန်းလုပ်ပါ။

ရေမြွာရည်နည်းတဲ့ ဗိုက်ဗိုက်တို့အတွက် Kalay ကနေ နည်းလမ်းတွေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles