ကိုယ်ဝန်ဆောင်ချိန်အတွင်း မေမေတို့အတွက်အစားအစာလမ်းညွှန်

by: Phyo Pyae Thu
 0 comments  0 love

ကိုယ်ဝန်ဆောင် မေမေလောင်းလေးတို့ရေ သကြားပါဝင်မှုများတဲ့ အစားအစာတွေက သန္ဓေသားလေးကို အာဟာရ မဖြစ်စေတဲ့အပြင် ဆိုးကျိုးပါ ဖြစ်စေနိုင်ပါတယ်။

ဝင်သလောက် စားရပါမယ်  (Photo: denar.mk)

မေမေလောင်းတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ အပြင် သန္ဓေသားလေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ အာဟာရတွေပါ စားပေးရမှာပါ။ ဒါမှ မေမေလောင်းရော သန္ဓေသားလေးပါ ကျန်းမာမှာပါ။ မေမေလောင်းတိုင်း ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို ကိုယ်လက်အင်္ဂါ စုံစုံလင်လင် မွေးဖွားလာတာပဲ မြင်စေချင်ကြမှာပါ။ မေမေလောင်းတို့ ကိုယ်ဝန်ဆောင်နေချိန်မှာ အစားမစားချင်တာတွေ ဖြစ်မှာပါ။ ဒါပေမယ့်လည်း စားကို စားရမှာပဲဆိုတော့ လိုက်နာရမယ့် လမ်းညွှန်ချက်လေးတွေ သိထားသင့်ပါတယ်နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ စားရသမျှ ပြန်အန်နေတာမျိုး ဖြစ်နိုင်ပါတယ်

ဝင်သလောက် စားရပါမယ်။ စားရတဲ့ ပမာဏထက် အစားအစာရဲ့ အရည်အသွေးကိုလည်း ပိုပြီး ဂရုစိုက်ရပါမယ်။ ကယ်လိုရီစားမိတယ်ဆိုရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ဖြစ်တယ်ဆိုရင် စွမ်းအင်ရတာခြင်း ကွာခြားမှာပါ။ အစားအစာရဲ့ အရည်အသွေးပေါ် မူတည်ပြီး သန္ဓေသားလေးအတွက် ကောင်းကျိုးပိုများပါတယ်။

အစားအစာရဲ့ အရည်အသွေးပေါ် မူတည်ပြီး သန္ဓေသားလေးအတွက် ကောင်းကျိုးပိုများပါတယ် (Photo: denar.mk)

စားချင်ချင် မစားချင်ချင် စားဖို့ လိုပါတယ်

မေမေလောင်းတို့ ဟော်မုန်းအပြောင်းအလဲကြောင့် အစားမစားချင်ပေမယ့် စွမ်းအင်နဲ့ အာဟာရကိုတော့ ကလေးက ပုံမှန် လိုအပ်ပါတယ်။ မေမေလောင်းတို့ ခဏခဏ အစားအစာ စားပေးခြင်းက ကလေးအတွက် အာဟာရဖြစ်စေပါတယ်။ အချိုများများ စားခြင်းကိုလည်း ရှောင်ရမှာပါ။ သကြားကနေရတဲ့ ကယ်လိုရီဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေပါတယ်။ သကြားပါဝင်မှုများတဲ့ အစားအစာတွေက သန္ဓေသားလေးကို အာဟာရ မဖြစ်စေတဲ့အပြင် ဆိုးကျိုးပါ ဖြစ်စေနိုင်ပါတယ်။ မေမေလောင်းတို့ အချိုဓါတ်ရရှိချင်တယ်ဆိုရင် လတ်ဆတ်တဲ့ သစ်သီးဝလံတွေ စားပေးပါ။ ဒါဆိုရင် သန္ဓေသားလေး ဗီတာမင် အပြည့်အဝ ရရှိနိုင်ပါတယ်။

ဗီတာမင်ဓါတ်တွေ ရရှိဖို့ဆိုရင် လတ်လတ်ဆတ်ဆတ် အစိမ်းစားတာက ကောင်းပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အစိမ်းစားသုံးတာက အာဟာရ ပြည့်ဝစေပါတယ်။ ချက်ပြုတ်လိုက်တယ်ဆိုရင် အာဟာရဓါတ်တွေ ဆုံးရှုံးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစိမ်းစားတဲ့ အစားအစာဟာ အော်ဂဲနစ်အစားအစာ ဖြစ်ဖို့တော့ လိုပါတယ်။ အသားအစိမ်းများ၊ ပင်လယ်စာအစိမ်းတွေနဲ့ မကျိုချက်ရသေးတဲ့ နွားနို့ သောက်လို့မရပါဘူး။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles